Wednesday, December 18, 2019

❄ပုထုဇဉ်တို့အား အပါယ်ချမည့်❄ အကုသိုလ်ကံကြီး ၃ မျိုး 💫💫💫💫💫💫💫💫 🔸ပုထုဇဉ်ဟူသည် . 〰〰〰〰 🔸လွဲမှားသော အသိအမြင်သာများပြီး ၊ ဆိုးယုတ်သော ပါပဒုစရိုက်မှု(မကောင်းမှု)တို့ကိုသာ စက္ကန့် ၊မိနစ် ၊ နာရီတိုင်း၌ လွန်ကျူးနေတတ်ကြ၏။ 🔸ယင်းသို့ ကျူးလွန်မိသော အပြစ်တို့က အကုသိုလ်ကံ ၃ မျိုးအဖြစ်သို့ ပြောင်းလည်းသွားကြပြီး ကျူးလွန်သူအား ၊ အပါယ်လေးပါးသို့ပို့ရမည့် တရားခံအဖြစ် သတ်မှတ်ကာ ၊ အစဉ်တစ်စိုက် ဝန်းရံစောင့်ကြပ်လျှက် ရှိကြလေကုန်သည်။ 🔹ကာယကံရှင် ပြုလုပ်မိသမျှသော ကောင်းမှုနှင့် မကောင်းမှုတို့သည် ကံ ၃မျိုးအဖြစ်သို့ တခဏခြင်း၌ ပြောင်းလည်းသွားကြလေ၏။ ယင်းတို့ကား... 🔜၁။ဒိဋ္ဌဓမ္မဝေဒနီယကံ 🔜၂။ဥပပဇ္ဇ ဝေဒနီယကံ 🔜၃။အပရာအပရိယ ဝေဒနီယကံ။ ၁။ဒိဋ္ဌဓမ္မဝေဒနီယကံ 〰〰〰〰〰 ဤဘဝမသေမှီအတွင်း အခွင့်သင့်လျှင် တိုးဝင်လာသော အကောင်းနှင့်ဘအဆိုး ပေါ်လာတတ်သောကံဖြစ်၏။ ၂။ဥပပဇ္ဇဝေဒနီယကံ 〰〰〰〰〰 ပြုလုပ် ကျူးလွန်သူ အမှုသည်အား လာမည့် ဒုတိယဘဝ၌ ငြင်းမရ ၊ ရှောင်မရအောင် ခံရ ၊စံရအောင်အကျိုးပေးမည့် ကံဖြစ်၏။ ၃။အပရာအပရိယ ဝေဒနီယကံ။ 〰〰〰〰〰〰〰〰 ဤဘဝနှင့် နောက်ဒုတိယဘဝ၌ အကျိုးမပေးသေးပဲ ၃ခုမြောက်(တတိယမြောက်)ဘဝကစပြီး ၊ သံသရာတစ်လျှောက်လုံး ၊ ပြေး၍မလွတ်နိုင်ပဲ မိမိသွားရာ အရိပ်လိုပါနေပြီး၊အခါအခွင့်သင့်ပါက ၊နေ့ညမရွေး ၊ဂုဏ်ကြီး ဂုဏ်ငယ် မရွေးပုဂ္ဂိုလ် သတ္တဝါမရွေးပဲ အကျိုးပေးတတ်သောကံများပင်ဖြစ်၏။ ♠သတ္တဝါတိုင်း၌ ကမ္ဘာနှင့်ချီ နှစ် ၊ လ ၊ရက် ၊ပေါင်းများစွာချီ၍ . ကျူးလွန်ထားကြသော အထက်ပါကံ ၃ မျိုးတို့က ၊ ပြစ်မှုပေါင်း အနန္တ အသင်္ချေ ရှိတတ်ကြလေ၏။ ▶ဒါနမှု ၊သီလမှုဟူသော ကောင်းမှုကံဖက်ကလည်း ရှိသေးသည်ဟု ဆိုငြားသော်လည်း ၊ ယင်းဒါန သီလမှုတို့ကို နာရီတိုင်း ၊ရက်တိုင်းတွင် လုပ်မိကြဖို့မလွယ်။ မလုပ်နိုင်ကြချေ။ ▶သီလစောင့်ဖို့ရာအတွက်လည်း တစ်ချို့ တစ်လ တစ်ကြိမ်တောင်မစောင့်နိုင် ၊ အချို့မှာ ၃လတစ်ခါ ၊ ၄လတစ်ခါ၊ ၅လတစ်ခါမျှပင် မစောင့်ထိမ်းနိုင်ရာ ၊ ယင်းသီလကုသိုလ် အားကိုးနှင့် ၊ အပါယ်လေးပါးကို ကျော်လွှားဖို့ရာ ခက်လှစွာ၏။ ထို့ကြောင့် အရိယာမဖြစ်သေးသမျှ ကာလပါတ်လုံး ပုထုဇဉ်ဘဝ၌သာရှိနေသေးသဖြင့် ၊ အပါယ်လေးပါးသို့ မကျအောင် ၊ အပါယ်လေးပါးမှ ရုန်းထွက်နိုင်ဖို့အရေးမှာ လွန်စွာမှပင် ခဲယဉ်းလှပါပေ၏။ ⭐အရိယာဖြစ်ပြီးမှသာ လွန်ကျူးခဲ့သမျှသော အကုသိုလ်ကံအပေါင်းကျေပျက်ကာ အပါယ်လေးပါး လက်မှလွတ်နိုင်ပါလေတော့သည်။ ♥သို့ဖြစ်ပါ၍ ခဲယဉ်းစွာလူဖြစ်ရသောဘဝ ကြုံကြိုက်ခဲလှသောသာသနာ ၊ နှစ်ဖြာဒုလ္လဘ ရဆဲခဏ၌ ဝိပဿနာအလုပ်ကို အားကုန်ကြိုးကုတ်၍ အပါယ်လွတ်ရာကို တိမ်းရှောင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ . . ⏪သာယာချမ်းမြေ့ကြပါစေ⏩ 🌟သစ္စာနီ🌟 . 🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚 . ⏩မှီငြမ်း ⭐ကျေးဇူးတော်ရှင် သံလျင်တောရ ဓမ္မဝါဒီဆရာတော်ကြီး ရေးသားစီရင်အပ်သော အရိယာဘုံသွားညာဏ်လှေခါး စာ - ၂၆ -၂၈


via အလင်းရောင် ဓမ္မ https://ift.tt/2r87XuM