အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 18, 2019
အခုတေလာ..... facebook မွာ...... ဘာသာမဲ့ ကိုဦးတည်နေစေတဲ့၊ စာလေးတစ်ခုကို တွေ့တွေ့ နေရတာ သိပ်ဘဝင်မကျလို့ . ကျွန်တော်နားလည်သလောက် ခပ်တိုတိုပဲ Comment မှာ အဖြေပြန်ပေးကြည့်မိပါတယ်။...... . ဖတ်ကြသူတွေ လွယ်အောင် အမေးနဲ့ အဖြေကို တွဲထားပေးပြီး post ပြန်တင်လိုက်ရပါတယ်။ ဗုဒ္ဓဘာသာကို သေချာ နားမလည်ပဲ ဘာသာမဲ့ ဆိုတာကို ပေါ်ပင်ဖြစ်လိုပြီး အရမတော်ဖြစ်ကြမှာစိုးလို့ ရေးတင်မိရတာပါ။ စာဖတ်မပျင်းရင် ဖတ်ကြည့်ပေးကြပါဦး ခင်ဗျာ။ 😃😃 ================= ငယ်ငယ်က မေး-၁။ မြင့်မိုရ်တောင် ဘယ်နိုင်ငံမှာရှိတာလဲဟု ဆရာမကို မေးမိရာ ထိပ်ခေါက်ခံရသည်။ အဖြေကားမရ။ . . ဖြေ-၁။ မြင့်မိုရ်တောင်ကို လူအဖြစ်နှင့် မြင်တွေ့လိုလျှင် စတုတ္ထစျာန်ကို ရရှိဝင်စား၍ ကြည့်နိုင်သည်။ မည်သို့လုပ်လျှင် ရသည်ကို ဗုဒ္ဓစာပေတွင် အတိအကျရှိပေသည်။ ကြိုးစားဖို့တော့လိုမည်။ ------- မေး-၂။ သားသားကြီးရင် ဘာလုပ်မလဲဟု အမေက မေးသောအခါ အာကာသယာဉ်မှူးလုပ်မည်ဟု ဖြေဖြစ်သည်။ နတ်ပြည်ကို တက်ကြည့်ချင်သည်ကိုး။ . . ဖြေ-၂။နတ်ပြည်လည်း မြင့်မိုရ်တောင်ကဲ့သို့ပင် သူတို့ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော အက်တမ်များမှာ သေးငယ်လွန်းသဖြင့် လူသာမာန် မျက်စိဖြင့် မမြင်ရ။ -------- မေး-၃။ အိမ်ရှေ့က အဝီစိတွင်းကြောင့် ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ အလျှံအပယ်ရှိလိမ့်မည်ဟု အယူမှားမိပြန်သည်။ . . ဖြေ-၃။အဝီစိ တွင်းဟု အရပ်လို အလွယ်ခေါ်နေကြသော တွင်းသည် အလွန်ဆုံး ပေ ၁၀၀၀ ကျော်သာ ရှိပေသည်။ ကမ္ဘာ့အလယ်ဗဟိုသည် မိုင် ၄၀၀၀ နီးပါးရှိ၍ တစ်မိုင်လျှင် ပေငါးထောင်ကျော် ရှိသည်။ ရောက်စေဦးတော့ အထက်ကကဲ့သို့ သာမန်မျက်စိဖြင့် မတွေ့နိုင်၊ ဒိဗ္ဗစက္ခု ဟူသော အဘိဉာဏ်ကို ရအောင်းကြိုးစားနိုင်လျှင်...... မည်သည့်ဘာသာဝင် မည်သူမဆို အထက်ပါအရာတို့ကို တွေ့နိုင်ပေသည်။ နည်းလမ်းလည်း ဗုဒ္ဓဘာသာတွင် အတိအကျရှိပေသည်။ --------- မေး-၄။ အမေသည် ဘုန်းဘုန်းကြွလာသောအခါ နံနက်စောစောထ၍ ချက်ပြုတ်ထားသော ဆွမ်းကိုကပ်၏။ သီလရှင်များလာသောအခါ ကန်တော့ပါသေးရဲ့ဟု ဆို၏။ gender ခွဲကြောင်း ဝေဖန်မိ၍ အမေက မျက်စောင်းခဲ၏။ . . ဖြေ-၄။Gender မခွဲခြား၊ ကျင့်သုံးသော သီလအရ စောင့်ထိမ်း အပ်သော သိက္ခာပုဒ်၂၂၇ ခုနှင့် ၁၀ ခုကို ခွဲခြားခြင်းဖြစ်သည်။ ဘ္ခိူုနီရှိသေးလျှင် ရဟန်းနှင့်အတူတူပင်၊ လှူသောသူ၏ သဒ္ဒါစိတ်နှင့်လည်း သက်ဆိုင်ပေ၏။ ဗုဒ္ဓဘာသာတွင် ကျား/မ ဆင်းရဲချမ်းသာ ခွဲခြားမှု့မရှိ။ ----------- မေး-၅။ မနက်တိုင်း ကြေးစည်ထု၍ ဘုရားရှိခိုးသောအဘွားထံတွင် ဘုရားရှိခိုး ပါဠိစာသားများ၏ အဓိပ္ပာယ်ကို ကျွန်တော်မေးကြည့်၏။ အဖွားက ကုသိုလ်ရတယ်လူလေးရဲ့ ဟုသာ ပြောတတ်ရှာလေသည်။ . . ဖြေ-၅။ဘုရား၏ဂုဏ်တော်ကိုရည်မှန်း၍ ရွတ်ဖက်ပူဇော်မှု့သည် စိတ်ကိုကြည်လင်စေ၍ ကုသိုလ် တိုးသည်ပင်။ ပါဠိအနက်ကို နားလည်လိုလျှင် ယခုခေတ်တွင်မခက်ပေ။ ---------- မေး-၆။ ဘုရားဆွမ်းတော်ကို အမက သူ စားချင်သောသစ်သီးများ ဝယ်၍ တစ်နေ့တစ်မျိုး မရိုးအောင်ကပ်၏။ ဘုရားကား သူ့အကြိုက်ကို လိုက်နေရ၏။ ဘုရားပန်းများကိုကား ရက်ခြားလွှင့်ပစ်ရသဖြင့် အမရယ် နင်ပန်ဖို့ ဝယ်တာဆိုလည်း တော်သေးတယ်။ အခုဟာက ဘုရားက ပန်လို့လားဟ ဟု မေးခဲ့ရာ နားရွက်လိမ်ဆွဲခံရပြန်သည်။ . . ဖြေ-၆။မြတ်စွာဘုရားကို ရည်မှန်း၍ ဆပ်ကပ်လှူဒါန်းခြင်းသည် အကျိုးရှိသည်ပင်။ စေတနာသုံးတန်တော့ ပါဝင်ရမည်။ -------- မေး-၇။ အဖေသည် တစ်ရက် ထူးထူးဆန်းဆန်းစကားကို ဆို၏။ ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူးသွားမည်တဲ့။ ရှိစုမဲ့စု စုထားသော ငွေကလေးကို ကျွန်တော့်အတွက် စက်ဘီးဝယ်ပေးလိမ့်မည် ဟု ထင်မှတ်မှားနေခဲ့ဖူးသည်။ ယခုမူ ဘုရားဖူးစရိတ်တဲ့။ . . ဖြေ-၇။ဖခင်တစ်ဦးမှ မိသားစုအားလုံး ပါဝင်ပျော်ရွှင်စေရန် vacation တစ်ခုစီစဉ်ရင်း၊ ဒေသဗဟုသုတလည်းရ၊ ကုသိုလ်လည်း ဖြစ်ဖို့ သူစုငွေ စုဆောင်းထာသည်ကို .... မိမိတစ်ဦးတည်း ကောင်းဖို့ မမျှော်လင့်သင့်။ ------- မေး-၈။အဖေ့သူငယ်ချင်းသည် အရက်ဆိုင် ဖွင့်ထားသည်။ ချဲဒိုင်လည်း ကိုင်သည်။ ဘောလုံးဒိုင်လည်းလုပ်သည်။ ဘုရားဖူးလုပ်ငန်းလည်း ကားတွေထောင်ထားပြီး လုပ်သည်။ ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ . . ဖြေ-၈။သူပြုသည့် ကုသိုလ် အကုသိုလ်အတိုင်း ခံစားစံစားရမည်ပင်။ -------- မေး-၉။ ကျွန်တော်အဖေ့ကို မေးမိသည်။ အဖေ အိမ်ကဘုရားက ဖူးရတာ ရိုးသွားလို့လားဟု။ အဖေက အခုသွားဖူးမယ့် ဘုရားတွေက တန်ခိုးကြီး ဘုရားတွေ ဆုတောင်းပြည့်ဘုရားတွေ တဲ့။ . . ဖြေ-၉။ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာတွင် မိမိပြုလုပ်မည့် လမ်းစဉ်ကို အသိပေးကြေငြာခြင်းပင် ဖြစ်သည်။ (အနှစ်မပါ ဗလာတောင်းတော့ အာညောင်းရုံပဲရှိလိမ့်မည်။) ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များ ကိမ်းအောင်းနေသည့် စေတီတို့ကို ကြည်လင်သဒ္ဒါစိတ်ဖြင့် ဖူးမျှော်ခြင်းသည် စိတ်နှလုံးကို ငြိမ်သက်အေးချမ်းစေ၏။ --------- မေး-၁၀။ ဂေါတမမြတ်စွာဘုရား၏ ဆင်းတုတော်တို့သည် အိမ်တွင်ထား၍ ကိုးကွယ်လျှင် တန်ခိုးအာနိသင်လျော့နည်းကြောင်းနှင့် ကြီးကြီးထုဆစ်ထားသော ဆင်းတုတော်တို့သာ တန်ခိုးကြီးကြောင်းကို ထိုစဉ်ကမှ ကျွန်တော်သိလိုက်ရသည်။ . . ဖြေ-၁၀။ပညတ် နှင့် ပရမတ် သဘောတို့ကို သိလျှင် ကြီးသည် သေးသည် မရှိတော့။ ---------- မေး-၁၁။ဟုတ်ပေမည်။ အိမ်က ဆင်းတုတော်လေးသည် ဖုန်တက်သည်ကိုပင် သူ့ဘာသာသူ မသုတ်သင်နိုင်ရှာတော့ပေ။ . . ဖြေ-၁၁။ မည်သည့် ဆင်းတုတော်၊ ရုပ်ထု မှ မိမိကိုယ်ကို ဖုန်မသုတ်နိုင်။ -------- မေး-၁၂။ အဖေ့ညီမ ကျွန်တော့်ဒေါ်လေးသည် အတော်လေး ကျန်းမာရေးဖောက်ပြန်နေရှာ၏။ အဖေ့ထံ ဒေါ်လေးသမီး ကျွန်တော့်အမဝမ်းကွဲက ငိုယို၍ ငွေကြေးအကူအညီ လာတောင်းသည်။ အေဖက ဘုရားဖူးရန်စုထားသောပိုက်ဆံများ ပဲ့မည်ဆို၍ အထိမခံ။ ငါ့မှာ ငွေပိုမရှိတော့ဘူးဟု ပြောလွှတ်သည်။ တန်ခိုးကြီးဘုရားတွေမှာ ဒေါ်လေးအတွက်အလှူပြုကာ ဆုတောင်းပေးမည်ဖြစ်ကြောင်း ဖြောင့်ဖျပြောဆိုသဖြင့် အမဖြစ်သူသည် ငိုမဲ့မဲ့မျက်နှာနှင့် ပြန်သွားရရှာလေ၏။ . . ဖြေ-၁၂။မိမိ၏ တရားသဖြင့် စုဆောင်းထားသော ငွေကြေးကို မိမိကိုယ်တိုင် စီမံခန့်ခွဲခြင်း ဟုသာ မြင်သည်၊ ထိုဒေါ်လေး နှင့် အဖေ့ကြားတွင် အခြားသော အခြေခံအကြောင်းအရင်းများ ရှိနိုင်သေးသည်ကို မမေ့အပ်၊ အမျှဝေပေးခြင်းသည် သူကခွင့်လွှတ်လိုက်ခြင်းကို တစ်ဖက်လှည့်ပြောခြင်း ဖြစ်နိုင်၏။ ---------- မေး-၁၃။ သို့နှင့် ကျွန်တော်လည်း ဘုရားဖူးလိုက်ပါခဲ့ရ၏။ မြန်မာပြည်တွင် တောင်းစားနေသော သူတောင်းစား ပေါများကြောင်းကို ဘုရားစောင်းတန်းအနီးတွင် တွေ့ရမှ ကျွန်တော်သိ၏။ ဘုရားတွင် ကပ်လှူထားသော ရွှေပြားများသည် ထိုသူတောင်းစားလူမွဲ ဖွတ်ဘိုးအေများကို လှောင်ပြနေသကဲ့သို့ ဖြစ်၏။ . . ဖြေ-၁၃။ တောင်းစားသူတိုင်းသည် မရှိ၍မဟုတ် ၊ ... ထို့အတူ မိမိ ကိုယ်တိုင်ရှာဖွေထားသော ငွေကြေးဓနကို သူတောင်းစားပေးလျှင်လည်း မိမိသဘောပင် ဘုရားတွင် ရွေးလှူလျှင်လည်း မိမိသဘောပင်၊ မည်သည့်သဘောပင်ရှိရှိ စေတနာသုံးတန် ဖြင့် လှူထားလျှင် ဝမ်းမြောက်သာဓု ခေါ်အပ်ပေသည်။ ---------- မေး-၁၄။ ဘုရားသည် ၇ရက်သားသမီးများကို တပြိုင်နက် ဆုတောင်းပူဇော်ခြင်းမခံလိုပေ။ ကျွန်တော်၏ ကလေးအတွေးလည်း ဖြစ်ကောင်းဖြစ်မည်။ အဖေက သောကြာထောင့်တွင် သွားရောက် ပူဇော်ဆုတောင်း၏။ အမေက အင်္ဂါထောင့်တွင် သွားရောက် ပူဇော်ဆုတောင်း၏။ ဘုရားသည် အာရုံမများအောင် ကိုယ်ခွဲ၍ တာဝန်ခွဲယူထားပုံရသည်။ . . ဖြေ-၁၄။ ထိုအယူအဆ ဗုဒ္ဓကျမ်းဂမ်တွင် မရှိ နှောင်းလူများမှ ကောင်းမည်ထင်၍ စီမံထားကြခြင်း ဖြစ်ဟန်ရှိသည်။ အဓိကမှာ ဘုရားရှင်၏ ဂုဏ်တော်များကို နားလည်ရည်မှန်း၍ ပူဇော်ဖို့ပင်။ ---------- မေး-၁၅။ လူတချို့သည် မွေးနေ့အထူးအစီအစဉ်အဖြစ် ဘုရားရေသပ္ပာယ်နေကြ၏။ သက်စေ့ပူဇော်၏။ မုနိမြတ်စွာသည် ရေမွန်းလျက်နေရှာ၏။ ချမ်းတုန်နေရော့မလားဟုလည်း ကျွန်တော်တွေးမိ၏။ မေး-၁၆။ဤအဖြစ်ကို ရိပ်စားမိပုံရသော လူတစ်စုသည် ဘုရားအနီးတွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍ အနွေးဓာတ်ပေး၏။ နောက်တော့ သူတို့သည်လည်း စေတနာကြောင့်ဟုတ်ဟန်မတူဟု ကျွန်တော်တွေးမိသည်။ ယတြာအရ လာရောက်ပူဇော်စီရင်နေခြင်းဖြစ်ဟန်တူ၏ အကြောင်းမှာ ဖယောင်းတိုင်ကို အရေအတွက်အတိအကျ ပူဇော်နေသောကြောင့် ဖြစ်သည်။ လောင်ကျွမ်းကုန်ဆုံးစေရုံမျှသာ အာရုံရှိနေ၏။ အမွှေးတိုင်တစ်ထုပ်လည်း ထွန်းသေး၏။ ဘုရားရှင်သည် မီးခိုးမှိုင်းတို့ဖြင့် ကျပ်တိုက်ခြင်းခံနေရရှာ၏။ . . ဖြေ-၁၅။၁၆။ ဘုရားဆင်းတုတော်ကို ရေလောင်းသည်။မီး ပူဇော်သည် ဟူသည့် ပကတိ မျက်စိဖြင့် အမြင်ထက် ပိုကာ မိမိစိတ်နှလုံးတွင် ဖြစ်ပေါ်နေသော စိတ်ကို ဥာဏ်ယှဉ်၍ ကြည့်နိုင်လျှင် ထိုကိစ္စပြီး၏။ ----------- မေး-၁၇။ဘုရားစောင်းတန်းများတွင် ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။ ပန်းပုဆရာသည် သူ၏ပေါင်ကြားတွင် ဆင်းတုတော်ကို ညှပ်၍ထု၏။ ငရဲမကြီးဘူးလားဟု အဖေ့ကို ကျွန်တော်မေးကြည့်မိသောအခါ အေဖက အနေကဇာမတင်ရသေးသဖြင့် ငရဲမကြီးကြောင်းဆိုသည်။ ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။ တန်ခိုးမရှိသောကြောင့် ငရဲမကြီး။ ဤသို့သာ ကလေးအတွေးဖြင့် ကျွန်တော်မှတ်ထားလိုက်သည်။ . . ဖြေ-၁၇။အနေကဇာ တင်သည် ဆိုသည်မှာ သည်ရုပ်ထုကို သက်ရှိထင်ရှား မြတ်စွာဘုရား အမှတ်နှင့် ယခုအချိန်မှ စ၍ ငါတို့သည် ကိုးကွယ်တော့အံ့ဟု ကြေငြာခြင်းပင်၊ ထိုသို့ဆိုရှင်းနိုင်၏။ --------- မေး-၁၈။ ကျွန်တော်ဘဝင်မကျသည့်အချက် တစ်ခုရှိသေး သည်။ ဗုဒ္ဓဘုရားရှင်ခြင်း တူပါလျက် အဘယ်ကြောင့် အိန္ဒိယမှဆင်းတုများသည် နှာခေါင်းချွန်၍ တရုတ်ပြည်မှဆင်းတုများသည် နှာခေါင်းပြားကာ ကျွန်တော်တို့ဆီတွင် ဗမာဆန်နေရတာပါလဲဟု အဖေ့ကို ကျွန်တော်မေးခဲ့သည်။ . . ဖြေ-၁၈။ ဘုရားဆင်းတုတော် သည် ရောက်ရှိရာဒေသ ကာလ အလိုက် ကိုယ်သန်ရာသန်ရာ ကွဲပြားနိုင်ပေ၏။ အဓိကအချက်မှာ ဘုရားရှင်၏ သီလ။ သမာဓိ။ ပညာ စသည့်ဂုဏ်ပုဒ်တို့ကို မိမိစိတ်တွင် သိအောင် လေ့လာကြိုစား၍ ရည်မှန်း ကန်တော့ရန်ပင်။ ------- မေး၁၉။ အဖေသည် ပါရမီရင့်သန်နေပုံရ၏။ ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။ မင်း ဘာသာမဲ့ဖြစ်မယ့် အကောင်တဲ့။ အမေကတော့ တစ်မျိုးပြောသည်။ မိုးကြိုးပစ်မယ် သတိထားနေတဲ့။ . . ဖြေ-၁၉။ ထို အချက် ၁၈ ချက်လောက်မှ မသိရုံဖြင့် ဗုဒ္ဓဘာသာမှ ဘာသာမဲ့ ဖြစ်သွားခြင်းသည် အရလွဲပေစွ၊ မသိလျှင် ကိုယ်တိုင် လေ့လာကြည့်သင့်၏ ၊ ဗုဒ္ဓကျမ်းဂန်များတွင် ထို့ထက်အစပေါင်းများစွာ နက်နဲသော မေးခွန်းနှင့် အဖြေပေါင်း မြောက်များစွာ ရှိပေ၏။ -------- မေး-၂၀။သို့သော် မိုးကြိုးသည် ကျွန်တော့်အားမပစ်။ ရွာတောင်ပိုင်းက မိဘကို လုပ်ကျွေးပြုစုနေရှာသော မောင်ကျော်ဆိုသည့် တရားသမားလေးအား ပစ်သွားသည်။ သိကြားမင်းသည် အိုပြီထင်၏။ လက်မတည့်ရှာတော့ပေ။ . . ဖြေ-၂၀။ ကံ' ကံ၏ အကျိုးကို နားလည်လျှင် မိုးကြိုး မည်သူ့ကိုပစ်ပစ် ကိစ္စမရှိတော့....... . . ကျွန်တော်သိမိသလောက် တိုတိုဖြေရှင်းပြထားရခြင်းပါ။ မေးခွန်းတစ်ခုစီအတွက် ရှည်းလျှားလှသော အဖြေများစွာရှိနိုင်၏။ မိဘများအနေဖြင့် မိမိတို့သားသမီးတွေကို ပေးနိုင်သည့် အမွေတွင် အမွန်မြတ်ဆုံးမှာ တရားအမွေဖြစ်၏။ ထိုတရားအမွေကိုပေးနိုင်ဖို့ မိမိတို့ကိုယ်တိုင်ပင် တရားတော်၏ သဘောသဘာဝကို နားလည်ထားသင့်သလို လက်တွေ့ပြုကျင့်ထားဖို့လည်း လိုအပ်ပေသည်။ အရက်သမားသည် သူ၏သားငယ် အရက်မူးနေသည်ကို ဆူလျှင် မိဘမို့ ပြန်မပြောချင်သာရှိမည်၊ နားထောင်မည်မဟုတ်။ ထို့ကြောင့် နှောင်းခေတ်ကလေးငယ်တွေ အတွက် မှန်ကန်သော စိတ်နေသဘောထား ဥာဏ်ပညာရရှိစေဖို့ ကျွန်တော်တို့သည် ယခုကိုယ်တိုင်ကျင့်သုံးရမည် ဖြစ်သလို မေးခွန်းတိုင်းကို မသိလျှင် တစ်ဖက်ပိတ်၍ မပြောသင့်ကြပေ။ ကိုယ်မသိလျှင် သိသူကို ညွှန်ပြပေးနိုင်ရမည်။ ဆရာဆရာမတို့လည်း သတိထားသင့်လှပေသည်။ ဥာဏ်အင်အား နုနယ်သေးသော ကလေးသူငယ်များကို စိတ်ရှည်သီးခံစွာ မိမိတို့ဘာသာအမွေကို ပေးအပ်သင့်သည်။ သို့သော်..... ကိုးကွယ်မှု့ကိုမူ သူ့ဥာဏ်ဖြင့်သာ ဆုံးဖြတ်စေအံ့ ဤသည်မှ ဗုဒ္ဓအလိုကျဖြစ်မည်ပင်။ ဗုဒ္ဓက လာလှည့် ကျင့်လှည့်ကြ.... နည်းလမ်းမှန်ကန်က.. ဥာဏ်ကောင်းလျှင် (၇) ရက် ဥာဏ်သင့်လျှင် (၇) လ ဥာဏ်ထိုင်းလျှင် (၇) နှစ် သာကြာပေမည်။ ဟု ရဲဝံ့စွာ မိန့်ကြားထားလျက်.... ခုနှစ်ရက် တရားစခန်းကိုမျှ မိမိကိုယ်ကို စိတ်တိုင်းကြအောင် မကျင့်ကြံနိုင်သေးပဲ... ဗုဒ္ဓဝါဒကို သဘောမကျ၍ ဘာသာမဲ့အဖြစ်ခံယူမည် ဘာသာပြောင်းမည်ဟု ဆိုလျှင်....... ဗုဒ္ဓလွန်ပါသလား.......... . .မူရင်းရေသားသူအားCrdပေးပါတယ်
via အလင်းရောင် ဓမ္မ https://ift.tt/34xrfax
Newer Post
Older Post
Home