အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 20, 2019
ရွှေကိုးပိဿာချမ်းသာသောဘုန်းကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏 သူငယ်ချင်း မင်းရဲ့ကျောင်းမှာ ကိုရင်ဘယ်နှစ်ပါးရှိလဲ.? သူငယ်ချင်း ဒေါက်တာကုမာရ သီတင်းသုံးတဲ့ နွယ်ခွေကျောင်းကို ရောက်တော့ မေးမိပါတယ် ကိုရင်ကိုးပါးရှိတယ် ဟာ မိုက်သကွာ ဒီခေတ်မှာ ကိုရင်ဆိုတာ ရွှေထက် ရှားတယ်ကွ ရွှေက ဝယ်လို့ရတယ် တကျပ်သား ကိုးသိန်းကျပ် တပိဿာ သိန်းကိုးရာ အေး ကိုရင်က ဝယ်လို့မရဘူးဟေ့ အားက်သကြာလို့ ပြောမိပါတယ် ... သီရိလင်္ကာကို စာသင်သွားတုန်းက ဌာနေ သီရိလင်္ကာဘုန်းကြီးကျောင်းတွေမှာ နေခွင့်ပေးပါဘုရားလို့ သွားရောက် လျှောက်ထားတဲ့အခါ ငါ့ရှင်တို့ရေ ငါကတော့ ကိစ္စမရှိဘူး ဒီမှာ ငါ့ရှင်တို့စိတ်ကြိုက် နေလို့ရပါတယ် ဒါပေမဲ့ ပေါတိ ကိုတော့ စ်ိတ်ချမ်းသာအောင် ထားရမယ်ကွဲ့လို့ သီရိလင်္ကာဘုန်းတော်ကြီးက မိန့်ပါတယ် ပေါတိ ဆိုတာ ညီငယ်လေး လို့ အဓိပ္ပါယ်ရပါတယ် ကိုရင်ကို ပြောတာပါ အဲဒီ အချိန်တုန်းက ကိုရင်တပါးရဲ့တန်ဘိုးကို သတိမထားမိခဲ့ပါ ခုတော့ မြန်မာသံဃာတွေ အထူးသဖြင့် ကျောင်းထိုင် ကိုယ်တော်တွေ ကိုရင်တပါးရဲ့ တန်ဖိုးကို သတိရလောက်ပြီ ထင်မိတယ် ကိုရင်ဆိုတာ ရွှေထက် ရှားပြီလေ ... ကိုရင်မရှိရင် ရဟန်းမရှိ ရဟန်းမရှိရင် သာသနာ အဆက် ပြတ်တော့မယ် ... သြော် ရတနာပုံခေတ်က ကျောင်း မီးလောင်တော့ တန်ဖိုးရှိတဲ့ ပေစာတွေ ပရပိုဒ်တွေ တန်ဖိုးကြီး ပစ္စည်းတွေ ဘာတခုမှ မယူပဲ ကျောင်းထိုင်ဘုန်းကြီးက ကိုရင်လေးကို ထမ်းပြေးတာ ဒါကြောင့်ကိုး ... ကိုရင်လေးသာ စာတတ်ပေတတ် ဆရာတော်ကြီးတပါး ဖြစ်လာခဲ့ရင် မီးလောင်သွားတဲ့ ပေစာ ပရပိုဒ်တွေထက် အဆတစ်ရာ သာအောင် ရေးစွမ်းနိုင်မယ် ကိုရင် မီးလောင်ခံရလို့ ပျံတော်မူခဲ့ရင် သာသနာအဆကျက ပြတ်မှာမို့လား ... သူငယ်ချင်းရေ မင်းရဲ့ကျောင်းက ရွှေအစစ်တွေကို တန်ဖိုးထားပါကြာတဲ့..။ Credit from.. Ashin Tikkhanyanalinkara #Asoeson လေးမြတ်စွာမျှဝေပါသည်ဘုရား %%%% crd အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/36OGRru
Newer Post
Older Post
Home