အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 19, 2019
🌻 ကုသိုလ်နဲ့ နိုးထဖို့ အကျင့်လုပ်ပေးပါ 🌻 လောကကြီးမှာ ဘုရားပွင့်ဖို့ရယ် ကိုယ့်စိတ်မှာ ဘုရားပွင့်ဖို့ရယ် ဘယ်ဟာလွယ်သလဲ ? မနက်မိုးလင်းတာနဲ့ လူက အိပ်နေရာက မလှုပ်နဲ့ဦး။ စိတ်ကလေး နိုးလိုက်တာနဲ့… “န မောတဿ ဘဂဝေတာ အရဟတော သမ္မာသဗ္ဗုဒ္ဓဿ”လို့ ဘုန်းဘုန်းက အမြဲရွတ်လေ့ရှိသလို မိုးလင်းတာနဲ့ ရွတ်တယ်။ ရှည်လို့ ၃- ခေါက် မရွတ်ဖြစ်ဘူးဆိုရင် ၁- ခေါက်တော့ ရွတ်ပါ။ ၁- ခေါက်ရွတ်ဖို့တောင် ရှည်နေသေးတယ်ဆိုရင် “သောဘဂဝါ ဣတိပိ အရဟံ”လို့ ရွတ်ပါ။ အဲဒါတောင် ရှည်နေသေးတယ်ဆိုရင် “ဗုဒ္ဓေါ”လို့ ရွတ်ပါ။ ကိုယ့်စိတ်ထဲမှာ ဘုရားပွင့်ဖို့ အရေးကြီးပါတယ်။ ကြိုးစားပါ၊ အကျင့်လုပ်ပေးပါ။ ဓမ္မဒူတ အရှင်ဆေကိန္ဒ (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2EzlSgh
Newer Post
Older Post
Home