Wednesday, December 18, 2019

" #မျက်လုံးနှစ်လုံး_အမြင်နှစ်မျိုး " ➖➖➖➖➖➖➖➖➖➖ #ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရား ။ ➖➖➖➖➖➖➖➖➖➖➖➖➖➖ 🌕 #ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ••• အိပ်ယာထဲ မလဲသေးရင် ကျန်းမာတယ် ပြောနေကြတာပဲ ။ ခင်ဗျားတို့ဟာ အိပ်ယ ာထဲလဲမှ ••• မကျန်းမာတယ်လို့သိတယ် ။ ဒီအတိုင်း ပကတိ မမာနေတာကျတော့ •••• { မသိပါဘူး } ။ 🌕 #ဝိပဿနာမျက်လုံးကလေးတပ်ကြည့်စမ်းပါ ••• ဒီအတိုင်းမမာတာကိုတွေ့ရလိမ့်မယ် ••• { မှန်ပါ } ၊ ဒကာ ဒကာမတို့ ရုပ်ကလေးမမာတာလဲ ခဏခဏဖျားပြီး ခဏခဏသေတာတွေ့ပါလိမ့်မယ် { မှန်ပါ } ၊ နာမ်ကလေးတွေ မမာတာကော ••• { ခဏခဏဖျားပြီး ခဏခဏသေပါတယ်ဘုရား } ၊ သဘောကျပလား ••• { ကျပါပြီ } ။ 🌕 #ဝိပဿနာမျက်လုံးတပ်ကြည့်လိုက်ပါတဲ့ ••• တပ်ကြည့်လိုက်ပြီ ဆိုမှဖြင့် ••• ခဏခဏဖျား , ခဏခဏအို , ခဏခဏသေတာကလေးတွေဟာ တွေ့ပါလိမ့်မယ် ••• မတွေ့ပေဘူးလား ••• { တွေ့ပါတယ် } ။ 🌕 #အဲဒီတော့_ခန္ဓာကြီးဟာဘယ်အခါမှ_အနာမကင်းဘူးလို့ မသိဘူးလား ••• { သိပါတယ် } ၊ ဒါဟာ ••• #မဂ္ဂင်ငါးပါးနဲ့မြင်တာ ••• { မှန်ပါ } ။ 🌕 #နောက်ကျတော့_ဒကာဒကာမတွေက ••• #နိဗ္ဗိန္ဒတွေတက်ပြီး ဆုံးသွားတဲ့အခါကျတော့ ••• #မဂ္ဂင်ရှစ်ပါးလဲစုံပါရော ••• ခန္ဓာမပျောက်ဘူးလား ••• { ပျောက်ပါတယ် } ၊ ခန္ဓာပျောက်သွားတော့ ••• အနာမရှိတာကော မမြင်ဘူးလား ••• { မြင်ပါတယ် } ။ 🌕 #အနာရှိတာသိအောင်ကြည့်ရမယ်••• { မှန်ပါ } ၊ အနာရှိနေလို့ အနာရှိတာအကြည့်ခိုင်းတာ ၊ ဖြစ်ပျက်နေတယ်ဆိုတာ ••• ခဏခဏမွေး , ခဏခဏနာ , ခဏခဏသေနေတာ မဟုတ်လား ••• { မှန်ပါ } ၊ ဒါ အနာကင်းတယ်လို့ ဆိုနိုင်ပါ့မလား ••• { မဆိုနိုင်ပါဘူး } ။ 🌕 #အဲဒီလို_ဖြစ်ပျက်မြင်ရင်ပဲ ••• ဒကာ ဒကာမတို့ မဂ်မျက်လုံးတစ်ခုရပြီ { မှန်ပါ } ၊ ဖြစ်ပျက်ဆုံးသွားလို့ရှိရင် ••• ခန္ဓာငါးပါး မမြင်တော့ပါဘူးဘုရား , သူ့ကိုမလိုချင်တာနဲ့ ဆုံးသွားတယ်ဘုရာ့ဆိုရင် ••• အနာကိုကင်းတာ { မှန်ပါ } ။ သဘောကျပလား ••• { ကျပါပြီ } ၊ ဒါဖြင့် အနာရှိတာသိမှု #ဝိပဿနာမဂ် { မှန်ပါ } ၊ အနာပျောက်တာသိမှု #လောကုတ္တရာမဂ်ပါ ၊ ရှင်းပလား ••• { မှန်ပါ } ။ 🌕 #အဲဒါ_ရွာထဲ_ရပ်ထဲ ဝိပဿနာ ဘာမှ ဝါသနာမပါတဲ့ပုဂ္ဂိုလ် သွားမေးလို့ရှိရင် ••• ကျန်းမာရဲ့လားမေးရင် ••• သွားလာနေတာပဲ ၊ အိပ်ယာထဲ လဲမနေပဲနဲ့ ၊ ကျန်းမာရဲ့လားမေးရင် ••• ခင်ဗျားရူးနေသလားတောင် ဆိုချင်ဆိုဦးမှာ••• သူက ••• { မှန်ပါ } ၊ မဆိုပေဘူးလား ••• { ဆိုနိုင်ပါတယ်ဘုရား } ။ အဲဒီတော့ " အာရောဂျ ပရမာ လာဘံ " ဆိုတာ ••• ဒီခန္ဓာကြီးကို မရှိမှ ••• #အာရောဂျ_ပရမာ_လာဘံ { မှန်ပါ } ၊ အဲဒါမှ " နိဗ္ဗာနံ ပရမံ သုခံ "လဲဖြစ်ပါတယ် ••• { မှန်ပါ } ။ 🌕 #ခန္ဓာရှိလို့_ရှိရင်တော့ ••• ဘယ်တော့မှ အနာမကင်းဘူး ၊ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ဖောက်ပြန်နေတာပဲ ••• { မှန်ပါ } ၊ သဘောပါပလား ••• { ပါ , ပါပြီ } ။ 🌕 #ဒါဖြင့်_မဂ္ဂင်ငါးပါးနဲ့မြင်တဲ့ပုဂ္ဂိုလ်ဟာ ••• ဖြစ်ပျက်မြင်ပါလိမ့်မယ် ••• { မှန်ပါ } ၊ မဂ္ဂင်ရှစ်ပါးနဲ့ မြင်တဲ့ပုဂ္ဂိုလ်ဟာ ••• ဖြစ်ပျက်ဆုံးတာ မြင်ပါလိမ့်မယ် ••• { မှန်ပါ } ။ ခန္ဓာငါးပါးကို စောင့်ရှုရလိမ့်မယ်ဆိုတာ သဘောကျပလား ••• { ကျပါပြီဘုရား } ။ 🌕 #ဝိပဿနာမျက်လုံးကဘာမြင်သတုံး ••• ခန္ဓာငါးပါး ဖြစ်ပျက်အနာတွေကိုမြင်တယ် { မှန်ပါ } ၊ လောကုတ္တရာမဂ်မျက်လုံးက ••• { အနာမရှိတာမြင်တယ် } ၊ အနာမရှိတာက နိဗ္ဗာန်ပဲ ••• { မှန်ပါ } ၊ အနာရှိတာက ••• ခန္ဓာပါ ••• { မှန်ပါ } ။ 🌕 #ဒကာဒကာမတွေ_အားထုတ်ကြည့် ••• အနာရှိတာ မြင်တဲ့မျက်လုံးအရင်ရလိမ့်မယ် ••• { မှန်ပါ } ၊ နောက်မှ အနာပျောက်တာ မြင်တဲ့မျက်လုံး ဒုတိယအဆင့်ရမယ် ••• { မှန်ပါ } သဘောကျပလား •••• { ကျပါပြီဘုရား } ။ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


via အလင်းရောင် ဓမ္မ https://ift.tt/2YZRzsx