အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 1, 2019
ဝဋ်ကြွေးကြောင့် #အရှင်လတ်လတ်ပုပ်နေသောမထေရ်# ~•~•~•~•~•~•~•~•~•~~•~•~• သာ၀တ္တိပြည် ဇေတ၀န်ကျောင်း၀င်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်း တော်တစ်ပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ရင်း ဝေဒနာ အပြင်းအထန် ခံစားနေရ၏။ ရ ဟန်း၏ ခန္ဓာကိုယ်တွင် အနာလုံးကြီးများသည် သွေးတစိုစို ပြည်တရွှဲရွှဲဖြင့် တစ်ကိုယ်လုံး အပ်ချစရာ မကျန်အောင် အနှံအပြား ပေါက်လျက်ရှိ၏။ ရဟန်းတော်၏ တစ်ကိုယ်လုံးကား ပုပ်စော်နံနေ၏။ မြတ်စွာဘုရားမှာမူ အနီးရှိ မီးတင်းကုတ် အတွင်း၌ ရေနွေးအိုးကို မီးဖိုပေါ်သို့ တင်ပြီးလျှင် ရေနွေးဆူရန် စောင့်ဆိုင်းလျက် နေတော်မူ၏။ ရေနွေးဆူသောအခါ မြတ်စွာဘုရားသည် ဂိလာနရဟန်းရှိရာသို့ ကြွတော်မူလာ၍ ညောင် စောင်းစွန်းကို ကိုင်တော်မူ၏။ ထိုအခါမှ အခြားရဟန်းများ ဝိုင်းအုံလာကြပြီးလျှင် ဂိလာနရဟန်း၏ ကိုယ်မှ သင်္ကန်းတို့ကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့် ဆေးကြော ပေးခြင်း၊ ဆေးထည့်ပေးခြင်း စသော သူနာပြုလုပ်ငန်းများကို လုပ်ဆောင်ပေးကြတော့သည်။ ထို အခါမှ ဂိလာနရဟန်းသည် သက်သာရာရကာ ငြိမ်သက်သောစိတ်ဖြင့် မှိန်းနေလေ၏။ ရှေးဘ၀က ဤရဟန်းသည် ကဿပဘုရားရှင်လက်ထက်တော် အခါ၌ ငှက်မုဆိုး ဖြစ်ခဲ့ဖူး သည်။ ငှက်မျိုးစုံကိုသတ်၍ ဘုရင်၏စားတော်ပွဲအတွက် ဆက်သရ၏။ ကျန်သောငှက်တို့ကို ရောင်း ၏။ ရောင်း၍မကုန်သော ငှက်တို့ကို မပျံနိုင် မသွားနိုင်အောင် တောင်ပံနှင့်ခြေထောက်တို့ကိုချိုး ထား၏။ တချို့ငှက်တို့ကို နောက်တစ်နေ့တွင် သတ်၍ရောင်း၏။ တချို့ကိုမူ နှစ်ရက်၊ သုံးရက်လွန်မှ သတ်၍ ရောင်းရ၏။ ဤနည်းဖြင့် ငှက်များမှာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာ ခံစားရပြီးမှ အသတ် ခံကြရ၏။ “ထိုမကောင်းမှု အကုသိုလ်ကံ တည်းဟူသော အကြောင်း၏ ဆိုးကျိုးကို ယခုဘ၀၌ ဤ ရဟန်း ခံနေရခြင်းဖြစ်သည်။” သို့သော် တစ်နေ့တွင် ယင်း ငှက်မုဆိုးသည် ထိတ်လန့်သံဝေဂ ဖြစ်ကာ ရဟန္တာမထေရ်တစ် ပါးအား အရသာရှိသော ဆွမ်း၊ ဆွမ်းဟင်းတို့ကို လောင်းလှူပြီးလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆု တောင်း၏။ ယခု ဘ၀၌ အဆိုပါဂိလာနရဟန်း ဝေဒနာမှ သက်သာရာ ရနေစဉ် မြတ်စွာဘုရားက ဘာမျှ အသုံးမကျသော ကိုယ်ကောင်ကြီး၏ အပြစ်တို့ကို ဖော်ပြ၍ သစ္စာလေးပါး အထွက်တပ်လျက် တရား ပြတော်မူသောအခါ ရှေးဘ၀က ရဟန္တာမထေရ်အား ဆွမ်းလောင်းလှူသော ထိုကောင်းမှု၏ အ ကြောင်း အထောက်အပံ့ကြောင့် အရဟတ္တဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ပရိနိဗ္ဗာန်စံလေ၏။ ။ {လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။} ဦးသိန်းဝေ “ဆုတောင်းပတ္တနာ” ဓမ္မဒါန၊ ဤပုညကြောင့်၊ ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊ အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊ လျင်စွာရစေ၊ တောင်းဆုခြွေသည်၊ မသွေပြည့်၀ပါစေသော်။ ။ မေတ္တာဖြင့် ပြန်လည်ကူးယူ မျှဝေ ဓမ္မဒါနပြုပါသည်။ မှားယွင်းမှုများရှိသော် အစဉ်သနားသော အားဖြင့် သည်းခံခွင့်လွှတ်ပေးရန် ဦးခိုက် လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်များ ဘုရား... သုတဘဏ် ဓမ္မစာပေများ တစ်ဆင့်မျှေဝြခင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .... ***#အရွင္လတ္လတ္ပုပ္ေနေသာမေထရ္#**** ~•~•~•~•~•~•~•~•~•~~•~•~•~•~•~~•~•~ သာ၀တၱိျပည္ ေဇတ၀န္ေက်ာင္း၀င္း၏ အစြန္က်ေသာ ေက်ာင္းတစ္ေက်ာင္း၌ ရဟန္း ေတာ္တစ္ပါးသည္ ေညာင္ေစာင္းေပၚတြင္ လူးလွိမ့္ရင္း ေဝဒနာ အျပင္းအထန္ ခံစားေနရ၏။ ရ ဟန္း၏ ခႏၶာကိုယ္တြင္ အနာလုံးႀကီးမ်ားသည္ ေသြးတစိုစို ျပည္တ႐ႊဲ႐ႊဲျဖင့္ တစ္ကိုယ္လုံး အပ္ခ်စရာ မက်န္ေအာင္ အႏွံအျပား ေပါက္လ်က္ရွိ၏။ ရဟန္းေတာ္၏ တစ္ကိုယ္လုံးကား ပုပ္ေစာ္နံေန၏။ ျမတ္စြာဘုရားမွာမူ အနီးရွိ မီးတင္းကုတ္ အတြင္း၌ ေရႏြေးအိုးကို မီးဖိုေပၚသို႔ တင္ၿပီးလွ်င္ ေရႏြေးဆူရန္ ေစာင့္ဆိုင္းလ်က္ ေနေတာ္မူ၏။ ေရႏြေးဆူေသာအခါ ျမတ္စြာဘုရားသည္ ဂိလာနရဟန္းရွိရာသို႔ ႂကြေတာ္မူလာ၍ ေညာင္ ေစာင္းစြန္းကို ကိုင္ေတာ္မူ၏။ ထိုအခါမွ အျခားရဟန္းမ်ား ဝိုင္းအုံလာၾကၿပီးလွ်င္ ဂိလာနရဟန္း၏ ကိုယ္မွ သကၤန္းတို႔ကို ေလွ်ာ္ဖြပ္ လဲလွယ္ေပးျခင္း၊ အနာလုံးႀကီးမ်ားကို ဖန္ရည္ျဖင့္ ေဆးေၾကာ ေပးျခင္း၊ ေဆးထည့္ေပးျခင္း စေသာ သူနာျပဳလုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးၾကေတာ့သည္။ ထို အခါမွ ဂိလာနရဟန္းသည္ သက္သာရာရကာ ၿငိမ္သက္ေသာစိတ္ျဖင့္ မွိန္းေနေလ၏။ ေရွးဘ၀က ဤရဟန္းသည္ ကႆပဘုရားရွင္လက္ထက္ေတာ္ အခါ၌ ငွက္မုဆိုး ျဖစ္ခဲ့ဖူး သည္။ ငွက္မ်ိဳးစုံကိုသတ္၍ ဘုရင္၏စားေတာ္ပြဲအတြက္ ဆက္သရ၏။ က်န္ေသာငွက္တို႔ကို ေရာင္း ၏။ ေရာင္း၍မကုန္ေသာ ငွက္တို႔ကို မပ်ံနိုင္ မသြားနိုင္ေအာင္ ေတာင္ပံႏွင့္ေျခေထာက္တို႔ကိုခ်ိဳး ထား၏။ တခ်ိဳ႕ငွက္တို႔ကို ေနာက္တစ္ေန႕တြင္ သတ္၍ေရာင္း၏။ တခ်ိဳ႕ကိုမူ ႏွစ္ရက္၊ သုံးရက္လြန္မွ သတ္၍ ေရာင္းရ၏။ ဤနည္းျဖင့္ ငွက္မ်ားမွာ ဆင္းရဲဒုကၡကို အခ်ိန္ၾကာၾကာ ခံစားရၿပီးမွ အသတ္ ခံၾကရ၏။ “ထိုမေကာင္းမႈ အကုသိုလ္ကံ တည္းဟူေသာ အေၾကာင္း၏ ဆိုးက်ိဳးကို ယခုဘ၀၌ ဤ ရဟန္း ခံေနရျခင္းျဖစ္သည္။” သို႔ေသာ္ တစ္ေန႕တြင္ ယင္း ငွက္မုဆိုးသည္ ထိတ္လန႔္သံေဝဂ ျဖစ္ကာ ရဟႏၱာမေထရ္တစ္ ပါးအား အရသာရွိေသာ ဆြမ္း၊ ဆြမ္းဟင္းတို႔ကို ေလာင္းလႉၿပီးလွ်င္ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ကို ဆု ေတာင္း၏။ ယခု ဘ၀၌ အဆိုပါဂိလာနရဟန္း ေဝဒနာမွ သက္သာရာ ရေနစဥ္ ျမတ္စြာဘုရားက ဘာမွ် အသုံးမက်ေသာ ကိုယ္ေကာင္ႀကီး၏ အျပစ္တို႔ကို ေဖာ္ျပ၍ သစၥာေလးပါး အထြက္တပ္လ်က္ တရား ျပေတာ္မူေသာအခါ ေရွးဘ၀က ရဟႏၱာမေထရ္အား ဆြမ္းေလာင္းလႉေသာ ထိုေကာင္းမႈ၏ အ ေၾကာင္း အေထာက္အပံ့ေၾကာင့္ အရဟတၱဖိုလ္ဉာဏ္အထိ ရရွိၿပီးလွ်င္ ပရိနိဗၺာန္စံေလ၏။ ။ {လူငယ္သင္ ခ်မ္းေျမ့ အေျခပ်ိဳး ဗုဒၶဘာသာမွ ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။} ဦးသိန္းေဝ “ဆုေတာင္းပတၱနာ” ဓမၼဒါန၊ ဤပုညေၾကာင့္၊ ဘ၀သံသရာ၊ ေနာင္ျဖစ္ရာ၌၊ ပညာထူးခြၽန္၊ ျမင့္ကဲလြန္လ်က္၊ အမြန္ခ်မ္းသာ၊ နိဗၺဴတာကို၊ လ်င္စြာရေစ၊ ေတာင္းဆုေႁခြသည္၊ မေသြျပည့္၀ပါေစေသာ္။ ။ ေမတၱာျဖင့္ ျပန္လည္ကူးယူ မွ်ေဝ ဓမၼဒါနျပဳပါသည္။ မွားယြင္းမႈမ်ားရွိေသာ္ အစဥ္သနားေသာ အားျဖင့္ သည္းခံခြင့္လႊတ္ေပးရန္ ဦးခိုက္ ေလွ်ာက္ထားပါသည္ ဆရာေတာ္အရွင္သူျမတ္မ်ား ဘုရား... သုတဘဏ္ ဓမၼစာေပမ်ား တစ္ဆင့္ေမွ်ျဝခင္းျဖင့္ ကုသိုလ္ပြားမ်ားနိုင္ ၾကပါေစ ....
via အလင္းေရာင္ ဓမၼ https://ift.tt/34B0ym0
Newer Post
Older Post
Home