အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 4, 2019
ဈာန်အဘိညာဉ်တန်ခိုး နှင့် ကိလေသာ 🌷🌷🌷🌷🌷🌷🌷🌷🌷 ``ကိလေသာ´´ဆိုတာ စိတ်ကို ••• ပူလောင်ကြောင်း နှိပ်စက်ကြောင်းလို့ အဓိပ္ပာယ်ရတယ်။ အဲဒီကိလေသာက ••• လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပလို့ ဆယ်ပါးရှိတယ်။ ကိုယ်နှုတ်နှင့်လွန်ကျုးခြင်းဆိုတဲ့ ဝီတိက္ကမအဆင့်။ စိတ်ထဲမှာ ထကြွသောင်းကျန်းလာခြင်းဆိုတဲ့ ပရိယုဋ္ဌာနအဆင့်။ အကြောင်းတိုက်ဆိုင်မှ ပေါ်လာပြီး မတိုက်ဆိုင်ရင် ပေါ်မလာဘဲ စိတ်သန္တာန်မှာ အစဉ်ကိန်းနေတဲ့ အနုသယအဆင့်။ ဒီသုံးဆင့်မှာ ••• ဝီတိက္ကမကိလေသာက အကြမ်းစား သူ့ကို သီလနှင့်သတ်လို့ရတယ်။ စိတ်ထဲမှာ ထကြွသောင်းကျန်းလာတဲ့ ပရိယုဋ္ဌာနကိလေသာကတော့ အလတ်စား သူ့ကို သမာဓိလို့ခေါ်တဲ့ သမထနှင့် သတ်လို့ရတယ်။ စိတ်အစဉ်မှာ ကိန်းအောင်းနေတဲ့ အနုသယကိလေသာ အဆင့်ကျတော့ ဝိပဿနာပညာ မဂ်ပညာနှင့်မှ သတ်လို့ရတယ်။ ဘယ်လောက်သီလစောင့်စောင့် ဘယ်လောက်သမထပွားပွား အနုသယကိလေသာက အရေးမစိုက်ဘူး။ ဒါကြောင့် တချို့ တရားအားထုတ်တာ နှစ်ပေါင်းသုံးဆယ် လေးဆယ်ရှိနေပြီ ဘယ်ကိလေသာမှ မကုန်ဘူး။ ဒီလောက်တရားအားထုတ်နေတာ တခြားကိလေသာတွေ မကုန်ရင်နေ။ ငါရှိတယ်ဆိုတဲ့အစွဲ ဒိဋ္ဌိကိလေသာလေးတော့ ကုန်သင့်ပါတယ်။ ဒီလောက်အားထုတ်ပြီး ငါစွဲလေးတောင် မပြုတ်ကြတာဟာ တခြားကြောင့်မဟုတ် သူတို့ အားထုတ်နေတာဟာ ဝိပဿနာမဟုတ်ဘဲ သမထဖြစ်နေလို့။ အနုသယကိလေသာရဲ့သဘောကို ••• ဥပမာအားဖြင့် ••• သစ်သား မီးခြစ်ဗူး ဘေးမှာကပ်ထားတဲ့ ယမ်းမှုန့်ပါတဲ့စက္ကူနှင့် မီးခြစ်ဆံ ။ သူတို့နှစ်ခုမှာ အစကတည်းက မီးတောက်မပါ။ နှစ်ခုပွတ်တိုက်ပါမှ မီးထတောက်သကဲ့သို့ အနုသယကိလေသာလည်း ထိုနည်းအတူပင်။ ➖➖➖ သီဟိုဠ်ကျွန်းမှာ ရဟန္တာလို့ ကျော်ကြားတဲ့ မထေရ်ကြီးတစ်ပါးရှိတယ်။ ပိဋကတ်သုံးပုံလည်းတတ် တရားလည်းကျင့် ဒါပေမယ့် သူကျင့်နေတာက ဝိပဿနာမဟုတ်ဘူး။ သမထဖြစ်နေတယ်။ ဒါကြောင့် စျာန်အဘိညာဉ်ပဲရတယ်။ မြေလျှိုး မိုးပျံ လိုရာဖန်ဆင်း အကုန်ရတယ်။ ဒါပေမယ့် ဘာမဂ်ဖိုလ်မှမရဘူး။ဒါကို သူကိုယ်တိုင်လည်း မသိဘူး။ သူ့ဒကာ ဒကာမတွေလည်း မသိဘူး။ ရဟန္တာကြီးလို့ပဲ ထင်နေကြတယ်။ စျာန်အဘိညာဉ်ဆိုတဲ့ သမာဓိက စိတ်ထဲမှာ ထကြွလာမယ့် ပရိယုဋ္ဌာနကိလေသာကို သတ်ထားတော့ ကိုယ်ရောနှုတ်မှာပါ ကိလေသာတွေက ပေါ်မလာဘူး။ အဲသလို မပေါ်လာတာ နှစ်ပေါင်း ၆၀ လောက်ရှိနေပြီ။ ဒါကြောင့်လည်း သူ့ကိုယ်သူ ရဟန္တာလို့ထင်တာပါ။ ဝါတော် ၆၀ဆိုတော့ သက်တော် ၈၀ ရှိနေပြီ။ ဒီအချိန်မှာ သူ့ဆီက တရားနည်းနာခံဖူးတဲ့ တပည့် တစ်ပါးက ရဟန္တာဖြစ်နေပြီ။ စျာန်အဘိညာဉ်လည်းရတယ်။ ဆရာရဲ့စိတ်ကို သူ့ရဲ့စိတ်နှင့် ပိုင်းခြားကြည့်လိုက်မှ ဆရာဟာ သက်တော် ၈၀ တောင်ရှိနေပြီ အခုအချိန်ထိ ပုထုဇဉ်ဆိုတာ သိသွားတယ်။ ငါသာအသိမပေးရင် ငါ့ဆရာဟာ ပုထုဇဉ်အဖြစ်နှင့် သေရတော့မယ်ဆိုပြီး။ သတိပေးရအောင် ရောက်လာတယ်။ တပည့်က ဆရာကိုပြန်ပြီး တရားပြရမှာဆိုတော့ ခက်သား။ တိုက်ရိုက်မလျှောက်ရဲဘူး။ ပရိယာယ်နှင့်ပဲ လျှောက်ရတယ်။ ဒီတပည့်ရဲ့ဘွဲ့အမည်က ဓမ္မဒိန္နမထေရ်ပါ။ ဆရာအရှင် အဘိညာဉ် အသုံးပြုသေးတယ်ဆိုရင် လန်းဆန်းစွင့်ကားနေတဲ့ ကြာပန်းကြီးတစ်ပွင့်ပေါ်မှာ အင်မတန်ချောမောလှပတဲ့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက် ကပြနေဟန်ကို ဖန်ဆင်းပြီး။ ဆရာကိုယ်တိုင် စိုက်ပြီးကြည့်ပါလို့ လျှောက်ထားတော့။ ပြောတဲ့အတိုင်း လုပ်ကြည့်တော့ အကြောင်းတိုက်ဆိုင်လာပြီ နှစ်ပေါင်း ၆၀ တိုင်တိုင် စျာန်တန်ခိုးနှင့် ငုတ်ကွယ်နေတဲ့ နှစ်သက်စွဲလန်းတဲ့ တဏှာဓာတ်တွေဟာ တဖွားဖွားပေါ်လာတယ်။ ဒီကျမှ သူ့ကိုယ်သူ ပုထုဇဉ်မှန်းသိသွားတယ်။ သိသိခြင်းပဲ တပည့်ဆီမှ ကမ္မဋ္ဌာန်းတောင်းပြီးကျင့်တာ ခဏနှင့် ရဟန္တာ ဖြစ်သွားတယ်။ ➖➖➖ ငါကဆရာပဲ သူကတပည့်ပဲ သူ့အဆုံးအမကို ယူစရာမလိုဘူးဆိုတဲ့ အယူအဆ မရှိပဲ ကိုယ့်အမှားကို ပြင်ပြီး နည်းမှန်လမ်းမှန်ကို ချက်ခြင်း ပြင်ပြီးကျင့်ကြံနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ဗုဒ္ဓက သုဝစ = ဆိုဆုံးမလွယ်သူ။ ဒီလိုလူမျိုးမှ မဂ်ဖိုလ်ရနိုင်တယ်။ ကိုယ့်အမှားကို သဘာဝနှင့် သာဓကနှင့် ဘယ်လိုပင် ထောက်ပြဆုံးမပေမယ့် လက်မခံပဲ ဆရာစွဲ ငါစွဲကြီးသူကို ဒုဗ္ဗစ = အပြောခက်အဆိုခက်ရှိသူ။ ဤသူသည် မဂ်ဖိုလ်ရဖို့မလွယ်ပါ။ ❁ အပ္ပမာဒေန သမ္မာဒေထ ✍ ❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀ T.Z.Win ဈာန္အဘိညာဥ္တန္ခိုး ႏွင့္ ကိေလသာ 🌷🌷🌷🌷🌷🌷🌷🌷🌷 ``ကိေလသာ´´ဆိုတာ စိတ္ကို ••• ပူေလာင္ေၾကာင္း ႏွိပ္စက္ေၾကာင္းလို႔ အဓိပၸာယ္ရတယ္။ အဲဒီကိေလသာက ••• ေလာဘ ေဒါသ ေမာဟ မာန ဒိ႒ိ ဝိစိကိစ္ဆာ ထိန ဥဒၶစၥ အဟိရိက အေနာတၱပၸလို႔ ဆယ္ပါးရွိတယ္။ ကိုယ္ႏႈတ္ႏွင့္လြန္က်ဳးျခင္းဆိုတဲ့ ဝီတိကၠမအဆင့္။ စိတ္ထဲမွာ ထႂကြေသာင္းက်န္းလာျခင္းဆိုတဲ့ ပရိယု႒ာနအဆင့္။ အေၾကာင္းတိုက္ဆိုင္မွ ေပၚလာၿပီး မတိုက္ဆိုင္ရင္ ေပၚမလာဘဲ စိတ္သႏၱာန္မွာ အစဥ္ကိန္းေနတဲ့ အႏုသယအဆင့္။ ဒီသုံးဆင့္မွာ ••• ဝီတိကၠမကိေလသာက အၾကမ္းစား သူ႕ကို သီလႏွင့္သတ္လို႔ရတယ္။ စိတ္ထဲမွာ ထႂကြေသာင္းက်န္းလာတဲ့ ပရိယု႒ာနကိေလသာကေတာ့ အလတ္စား သူ႕ကို သမာဓိလို႔ေခၚတဲ့ သမထႏွင့္ သတ္လို႔ရတယ္။ စိတ္အစဥ္မွာ ကိန္းေအာင္းေနတဲ့ အႏုသယကိေလသာ အဆင့္က်ေတာ့ ဝိပႆနာပညာ မဂ္ပညာႏွင့္မွ သတ္လို႔ရတယ္။ ဘယ္ေလာက္သီလေစာင့္ေစာင့္ ဘယ္ေလာက္သမထပြားပြား အႏုသယကိေလသာက အေရးမစိုက္ဘူး။ ဒါေၾကာင့္ တခ်ိဳ႕ တရားအားထုတ္တာ ႏွစ္ေပါင္းသုံးဆယ္ ေလးဆယ္ရွိေနၿပီ ဘယ္ကိေလသာမွ မကုန္ဘူး။ ဒီေလာက္တရားအားထုတ္ေနတာ တျခားကိေလသာေတြ မကုန္ရင္ေန။ ငါရွိတယ္ဆိုတဲ့အစြဲ ဒိ႒ိကိေလသာေလးေတာ့ ကုန္သင့္ပါတယ္။ ဒီေလာက္အားထုတ္ၿပီး ငါစြဲေလးေတာင္ မျပဳတ္ၾကတာဟာ တျခားေၾကာင့္မဟုတ္ သူတို႔ အားထုတ္ေနတာဟာ ဝိပႆနာမဟုတ္ဘဲ သမထျဖစ္ေနလို႔။ အႏုသယကိေလသာရဲ႕သေဘာကို ••• ဥပမာအားျဖင့္ ••• သစ္သား မီးျခစ္ဗူး ေဘးမွာကပ္ထားတဲ့ ယမ္းမႈန့္ပါတဲ့စကၠဴႏွင့္ မီးျခစ္ဆံ ။ သူတို႔ႏွစ္ခုမွာ အစကတည္းက မီးေတာက္မပါ။ ႏွစ္ခုပြတ္တိုက္ပါမွ မီးထေတာက္သကဲ့သို႔ အႏုသယကိေလသာလည္း ထိုနည္းအတူပင္။ ➖➖➖ သီဟိုဠ္ကြၽန္းမွာ ရဟႏၱာလို႔ ေက်ာ္ၾကားတဲ့ မေထရ္ႀကီးတစ္ပါးရွိတယ္။ ပိဋကတ္သုံးပုံလည္းတတ္ တရားလည္းက်င့္ ဒါေပမယ့္ သူက်င့္ေနတာက ဝိပႆနာမဟုတ္ဘူး။ သမထျဖစ္ေနတယ္။ ဒါေၾကာင့္ စ်ာန္အဘိညာဥ္ပဲရတယ္။ ေျမလွ်ိုး မိုးပ်ံ လိုရာဖန္ဆင္း အကုန္ရတယ္။ ဒါေပမယ့္ ဘာမဂ္ဖိုလ္မွမရဘူး။ဒါကို သူကိုယ္တိုင္လည္း မသိဘူး။ သူ႕ဒကာ ဒကာမေတြလည္း မသိဘူး။ ရဟႏၱာႀကီးလို႔ပဲ ထင္ေနၾကတယ္။ စ်ာန္အဘိညာဥ္ဆိုတဲ့ သမာဓိက စိတ္ထဲမွာ ထႂကြလာမယ့္ ပရိယု႒ာနကိေလသာကို သတ္ထားေတာ့ ကိုယ္ေရာႏႈတ္မွာပါ ကိေလသာေတြက ေပၚမလာဘူး။ အဲသလို မေပၚလာတာ ႏွစ္ေပါင္း ၆၀ ေလာက္ရွိေနၿပီ။ ဒါေၾကာင့္လည္း သူ႕ကိုယ္သူ ရဟႏၱာလို႔ထင္တာပါ။ ဝါေတာ္ ၆၀ဆိုေတာ့ သက္ေတာ္ ၈၀ ရွိေနၿပီ။ ဒီအခ်ိန္မွာ သူ႕ဆီက တရားနည္းနာခံဖူးတဲ့ တပည့္ တစ္ပါးက ရဟႏၱာျဖစ္ေနၿပီ။ စ်ာန္အဘိညာဥ္လည္းရတယ္။ ဆရာရဲ႕စိတ္ကို သူ႕ရဲ႕စိတ္ႏွင့္ ပိုင္းျခားၾကည့္လိုက္မွ ဆရာဟာ သက္ေတာ္ ၈၀ ေတာင္ရွိေနၿပီ အခုအခ်ိန္ထိ ပုထုဇဥ္ဆိုတာ သိသြားတယ္။ ငါသာအသိမေပးရင္ ငါ့ဆရာဟာ ပုထုဇဥ္အျဖစ္ႏွင့္ ေသရေတာ့မယ္ဆိုၿပီး။ သတိေပးရေအာင္ ေရာက္လာတယ္။ တပည့္က ဆရာကိုျပန္ၿပီး တရားျပရမွာဆိုေတာ့ ခက္သား။ တိုက္ရိုက္မေလွ်ာက္ရဲဘူး။ ပရိယာယ္ႏွင့္ပဲ ေလွ်ာက္ရတယ္။ ဒီတပည့္ရဲ႕ဘြဲ႕အမည္က ဓမၼဒိႏၷမေထရ္ပါ။ ဆရာအရွင္ အဘိညာဥ္ အသုံးျပဳေသးတယ္ဆိုရင္ လန္းဆန္းစြင့္ကားေနတဲ့ ၾကာပန္းႀကီးတစ္ပြင့္ေပၚမွာ အင္မတန္ေခ်ာေမာလွပတဲ့ ၁၆ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ ကျပေနဟန္ကို ဖန္ဆင္းၿပီး။ ဆရာကိုယ္တိုင္ စိုက္ၿပီးၾကည့္ပါလို႔ ေလွ်ာက္ထားေတာ့။ ေျပာတဲ့အတိုင္း လုပ္ၾကည့္ေတာ့ အေၾကာင္းတိုက္ဆိုင္လာၿပီ ႏွစ္ေပါင္း ၆၀ တိုင္တိုင္ စ်ာန္တန္ခိုးႏွင့္ ငုတ္ကြယ္ေနတဲ့ ႏွစ္သက္စြဲလန္းတဲ့ တဏွာဓာတ္ေတြဟာ တဖြားဖြားေပၚလာတယ္။ ဒီက်မွ သူ႕ကိုယ္သူ ပုထုဇဥ္မွန္းသိသြားတယ္။ သိသိျခင္းပဲ တပည့္ဆီမွ ကမၼ႒ာန္းေတာင္းၿပီးက်င့္တာ ခဏႏွင့္ ရဟႏၱာ ျဖစ္သြားတယ္။ ➖➖➖ ငါကဆရာပဲ သူကတပည့္ပဲ သူ႕အဆုံးအမကို ယူစရာမလိုဘူးဆိုတဲ့ အယူအဆ မရွိပဲ ကိုယ့္အမွားကို ျပင္ၿပီး နည္းမွန္လမ္းမွန္ကို ခ်က္ျခင္း ျပင္ၿပီးက်င့္ႀကံနိုင္တဲ့ ပုဂၢိုလ္မ်ိဳးကို ဗုဒၶက သုဝစ = ဆိုဆုံးမလြယ္သူ။ ဒီလိုလူမ်ိဳးမွ မဂ္ဖိုလ္ရနိုင္တယ္။ ကိုယ့္အမွားကို သဘာဝႏွင့္ သာဓကႏွင့္ ဘယ္လိုပင္ ေထာက္ျပဆုံးမေပမယ့္ လက္မခံပဲ ဆရာစြဲ ငါစြဲႀကီးသူကို ဒုဗၺစ = အေျပာခက္အဆိုခက္ရွိသူ။ ဤသူသည္ မဂ္ဖိုလ္ရဖို႔မလြယ္ပါ။ ❁ အပၸမာေဒန သမၼာေဒထ ✍ ❀႐ႊင္လန္း❀ခ်မ္းေျမ့❀ပါေစ❀ T.Z.Win
via အလင္းေရာင္ ဓမၼ https://ift.tt/387YHqU
Newer Post
Older Post
Home