အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, December 2, 2019
သူဌေးဖြစ်ဖို့ကံပါလာတဲ့သူက မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်လာတယ် ။ အခြားသောသူတွေကတော့ လက်တွေဘဝမှာချမ်းသာဖို့ဆိုရင် ကံကိုချည်း အားကိုးနေလို့မရပါဘူး ။ လုံးလဝီရီယနှင့်ဉာဏ်ကိုလည်း အားကိုးကြရမယ် ။ လူတော်တော်များဟာ ကံရှိစားရမယ်ပေါ့ ကံရှိရင်ရမယ်ပေါ့ဆိုပြီး ကံကိုပဲ ပုံချနေကြတယ် ။ ဒါဟာ လူပျင်းတွေရဲ့ဆင်ခြေတွေပဲလို့ ဆိုရမယ် မြန်မာစကားပုံမှာ ကျားရဲလာ ကြမ္မာမရိုးသာဆိုပြီးရှိတယ် ။ ဒါဟာဘာပြောတာလဲဆိုရင် တောထဲထင်းခုတ်သွားတဲ့ လူတစ်ယောက်ဟာကျားရဲနဲ့တွေတဲ့အခါ ကံကိုယုံပြီး ကံကိုရိုးမယ်ဖွဲ့ပြီးတော့ မပြေးပဲနေလိုက်တာ ကျားစားခံလိုက်ရတဲ့အဖြစ်ကို ရောက်သွားတယ် ။ ဒါကြောင့်အရာရာကံကိုချည်း အစွန်းရောက်အောင် အားကိုးနေလို့ မရဘူးဆိုတာကို နားလည်ထားရမယ် ။ ဘာဖြစ်ဖြစ်အတိတ်ကံကြောင့်ပဲလို့ ယူထားမယ်ဆိုရင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားမယ်...။ ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်ရင် ကံကိုချည်း အကြွင်းမဲ့ ပုံယုံထားလို့ မရပါဘူး....။ ကြိုးစားအားထုတ်မှုဝီရိယနှင့် အသိဉာဏ်ကိုလည်း ကောင်းစွာ အသုံးချတတ်ဖို့လည်း လိုတယ်လို့ နားလည်ထားရမယ် ။ ဒေါက်တာနန္ဒမာလာဘိဝံသ (ပါချုပ်ဆရာတော်)၏ မြတ်ဗုဒ္ဓ၏အဆုံးအမနှစ်ဘဝစာချမ်းသာရေး တရားတော်မှ ရေးသားပူဇော်ပါသည် ။ (သာရ ဂေဝသီ)
via အလင်းရောင် ဓမ္မ https://ift.tt/35Y1L7p
Newer Post
Older Post
Home