Tuesday, December 3, 2019

. *** တရား ဆောင် သေတောင် မဆင်းရဲ *** * တခါတရံ ဘဝဆိုတာ အင်မတန်မှ ကြောက်စရာ ကောင်းတယ် ။ သတိ ကောင်းကောင်း နဲ့ အေးအေးချမ်းချမ်း နဲ့ သေသွားတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား ဆိုတော့ ရှိတယ် နော် ။ တရား လေး နှလုံးသွင်း ပြီးတော့ အေးအေးချမ်းချမ်း သေသွားတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် ။ သို့သော် တစ်ရံတစ်ခါ ကျလို့ရှိရင် သတိ လက်လွတ် ဖြစ်ပြီး သေသွားတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် ။ * စစ်ကိုင်တောင်ရိုးမှာ ဆိုလို့ရှိရင် ဆရာတော် တစ်ပါးဟာ (၂)နှစ် နီးပါး အယ်ဇိုင်းမား ဖြစ်ပြီးတော့ ဘာမှကို မသိတဲ့ အနေအထားမျိူ း - ဒီလို ဖြစ်ပြီးတော့ မှ နောက်ဆုံး ဘဝတစ်ခုကို အဆုံးသတ်သွားတယ် ။ ဘဝ ဆိုတာ ဘယ်လိုမှ ပြောလို့မရဘူး ။ ကြောက်စရာ အင်မတန် ကောင်းတယ် ။ အဲဒီ ဆရာတော်ဆိုတာ နိုင်ငံကျော် ဓမ္မကထိက ဘဲ နော် ။ မြန်မာနိုင်ငံ အနှံ့ လှည့်ပြီးတော့ တရားဓမ္မတွေ ဟောပြောခဲ့တယ် ။ * နောက်တခါ တစ်ဦး ထပ်တွေ့သေးတယ် ။ စစ်ကိုင်းမြို့က ဒကာကြီး တစ်ယောက် - လူ ကြည့်တော့ ကျန်းကျန်းမာမာ ။ ဘာ ဖြစ်လည်း ဆိုရင် လျှာကို လေဖြတ်ထားတာ ၊ စကား မပြောနိုင်ဘူး ။ အဲဒါမျိူ းက လည်းဘဲ ဘာကိုဖြစ်စေတုန်း ဆိုရင် ဒေါသ ကို ဖြစ်စေတယ် ။ သူက ပြောချင်တယ် - ပြောလို့ မရဘူး ။ ဘေးကလူတွေကို အားမလို အားမရ ဖြစ်တယ် ။ ဒုက္ခတွေ ရောက်တယ် ။ အဲဒီ လေဖြတ်တာဟာ ကိုယ် ပြောချင်လျက်သားနဲ့ ပြောလို့ မရဘူး - လှုပ်ချင်လျက်သားနဲ့ လှုပ်လို့ မရဘူး - ဆိုတဲ့ အချိန်မှာ ဓမ္မ ကို အဖော် မပြုနိုင်ဘူး ဆိုရင် တော်တော့် ကို စိတ်သောက ရောက်မယ့် အဖြစ်မျိူ းတွေဘဲ ။ ဘာဖြစ်လို့တုန်း ဆိုရင် - ကိုယ်က လုပ်ချင်တာက တခြား နော် ။ - ဘေးက လူတွေက နားမလည်တော့ လုပ်ပေးတာက တခြား ဆိုတော့ ဟာ - - - ဒုက္ခတွေ ဘယ်လောက် ရောက်မလဲ ဆိုတာ နော် ။ အဲဒီ အချိန်မှာ ကိုယ့် ဆန္ဒတွေ ဦးစား မပေးနဲ့တော့ နော် ။ ဘာကြီးဘဲ ဖြစ်ဖြစ် ဓမ္မ နဲ့ဘဲ နေမယ် ။ အချိန်မရွေး သေချင်တဲ့ အချိန် သေပါစေ - တရား ကိုဘဲ နှလုံးသွင်းနေမယ် ဆိုတဲ့ အနေအထားမျိူ း ။ ကိုယ့် ကိုယ် ကို စိတ် ဒုံးဒုံး ချနိုင်မှ - မချ နိုင်ဘူး ဆိုရင် ဒေါသတွေ ဖြစ်မယ် ။ တချိူ့ ဆို ဒေါသတွေ ဖြစ်ပြီး အဲဒီလို နေတယ် ။ * ဟိုး အမေရိကမှာ နေတဲ့ ဒကာကြီး တစ်ယောက် ဆိုရင် ဘယ်လောက် ဝမ်းနည်းစရာကောင်းလည်း ဆိုတော့ လေဖြတ်သွားတယ် ။ ပထမ ခြေထောက်တွေ လက်တွေ လေဖြတ်သွားတယ် ။ နောက်ဆုံး လေဖြတ်တာ ဘယ်အထိ ရောက်သွားလဲ ဆိုတော့ ပုတ်ခတ် ပုတ်ခတ် နဲ့ မျက်တောင်လေးဘဲ ခတ်နေတယ် ။ ဘာမှ မပြောနိုင်တော့ဘူး ။ မိတ်ဆွေ သင်္ဂဟတွေက သွားပြီးတော့ လူမမာ မေးတဲ့ အခါကျတော့ မျက်တောင်လေး ခတ်ပြီး ကြည့်ရင်းက အဲဒီ မျက်တောင်လေး ကြားထဲက မျက်ရည်လေးတွေက ပေါက်ကနဲ ပေါက်ကနဲ ထွက်ကျလာတယ် ။ ကဲ သူ ဘယ်လို ခံစားနေရမလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ နော် ။ ကဲ ဘုန်းကြီးတို့ တတွေ အဲဒီလို မပြောနိုင် မဆိုနိုင်တော့တဲ့ ဘဝ - - အသိ လည်း ရှိနေသေးတယ် - ခံစား နေရတယ် ဆိုရင် ဘာနဲ့ နေကြမလည်း ။ * ဘာကြောင့် အဲဒီလို မျက်ရည် ကျ နေရတာလည်း ။ စဉ်းစား ကြည့်ရအောင်နော် ။ အဲဒီလို မဖြစ်ဖို့ရာ ကတော့ အရေးအကြီးဆုံး က ဘာလည်း ဆိုရင် တရားနဲ့ ဘဲ နှလုံးသွင်းပြီးတော့ နေမယ် ။ အကယ်၍များ မသေခင်က ဘဲ တရား ကို နှလုံးသွင်းပြီးတော့ နေနိုင်မယ် ။ ကိုယ့် ဆန္ဒတွေကို ရှေ့တန်း မတင်ဘဲနဲ့ ကိုယ့်ကို ပြုစုတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာ ဘာမှ ဒေါသတွေ မကျေနပ်တာတွေ မဖြစ်စေဘဲနဲ့ နော် ။ အဲဒီ အချိန်မှာ ဘာဆန္ဒမှ မထားတော့ဘဲနဲ့ တရား ကိုဘဲ နှလုံးသွင်းမယ် ဆိုတဲ့ အနေအထား မျိူ းနဲ့ နေနိုင်မှ ဘုန်းကြီးတို့ တတွေဟာ " ထာဝရ ချမ်းသာမှု " ဆိုတာ ရနိုင်မှာ ဖြစ်တယ်ပေါ့ နော် ။ ။ ။ ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး ပူဇော်သူ ; U Aung Naing Oo (ANO) တတိယအကြိမ် ပြန်လည်မျှဝေအပ်ပါသည် ။ အလင်းရောင်ဓမ္မ . *** တရား ေဆာင္ ေသေတာင္ မဆင္းရဲ *** * တခါတရံ ဘဝဆိုတာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတယ္ ။ သတိ ေကာင္းေကာင္း နဲ႕ ေအးေအးခ်မ္းခ်မ္း နဲ႕ ေသသြားတဲ့ ပုဂၢိုလ္ေတြ မရွိဘူးလား ဆိုေတာ့ ရွိတယ္ ေနာ္ ။ တရား ေလး ႏွလုံးသြင္း ၿပီးေတာ့ ေအးေအးခ်မ္းခ်မ္း ေသသြားတဲ့ ပုဂၢိုလ္ေတြ ရွိတယ္ ။ သို႔ေသာ္ တစ္ရံတစ္ခါ က်လိဳ႕ရွိရင္ သတိ လက္လြတ္ ျဖစ္ၿပီး ေသသြားတဲ့ ပုဂၢိုလ္လည္း ရွိတယ္ ။ * စစ္ကိုင္ေတာင္ရိုးမွာ ဆိုလို႔ရွိရင္ ဆရာေတာ္ တစ္ပါးဟာ (၂)ႏွစ္ နီးပါး အယ္ဇိုင္းမား ျဖစ္ၿပီးေတာ့ ဘာမွကို မသိတဲ့ အေနအထားမ်ိဴ း - ဒီလို ျဖစ္ၿပီးေတာ့ မွ ေနာက္ဆုံး ဘဝတစ္ခုကို အဆုံးသတ္သြားတယ္ ။ ဘဝ ဆိုတာ ဘယ္လိုမွ ေျပာလို႔မရဘူး ။ ေၾကာက္စရာ အင္မတန္ ေကာင္းတယ္ ။ အဲဒီ ဆရာေတာ္ဆိုတာ နိုင္ငံေက်ာ္ ဓမၼကထိက ဘဲ ေနာ္ ။ ျမန္မာနိုင္ငံ အႏွံ႕ လွည့္ၿပီးေတာ့ တရားဓမၼေတြ ေဟာေျပာခဲ့တယ္ ။ * ေနာက္တခါ တစ္ဦး ထပ္ေတြ႕ေသးတယ္ ။ စစ္ကိုင္းၿမိဳ႕က ဒကာႀကီး တစ္ေယာက္ - လူ ၾကည့္ေတာ့ က်န္းက်န္းမာမာ ။ ဘာ ျဖစ္လည္း ဆိုရင္ လွ်ာကို ေလျဖတ္ထားတာ ၊ စကား မေျပာနိုင္ဘူး ။ အဲဒါမ်ိဴ းက လည္းဘဲ ဘာကိုျဖစ္ေစတုန္း ဆိုရင္ ေဒါသ ကို ျဖစ္ေစတယ္ ။ သူက ေျပာခ်င္တယ္ - ေျပာလို႔ မရဘူး ။ ေဘးကလူေတြကို အားမလို အားမရ ျဖစ္တယ္ ။ ဒုကၡေတြ ေရာက္တယ္ ။ အဲဒီ ေလျဖတ္တာဟာ ကိုယ္ ေျပာခ်င္လ်က္သားနဲ႕ ေျပာလို႔ မရဘူး - လႈပ္ခ်င္လ်က္သားနဲ႕ လႈပ္လို႔ မရဘူး - ဆိုတဲ့ အခ်ိန္မွာ ဓမၼ ကို အေဖာ္ မျပဳနိုင္ဘူး ဆိုရင္ ေတာ္ေတာ့္ ကို စိတ္ေသာက ေရာက္မယ့္ အျဖစ္မ်ိဴ းေတြဘဲ ။ ဘာျဖစ္လို႔တုန္း ဆိုရင္ - ကိုယ္က လုပ္ခ်င္တာက တျခား ေနာ္ ။ - ေဘးက လူေတြက နားမလည္ေတာ့ လုပ္ေပးတာက တျခား ဆိုေတာ့ ဟာ - - - ဒုကၡေတြ ဘယ္ေလာက္ ေရာက္မလဲ ဆိုတာ ေနာ္ ။ အဲဒီ အခ်ိန္မွာ ကိုယ့္ ဆႏၵေတြ ဦးစား မေပးနဲ႕ေတာ့ ေနာ္ ။ ဘာႀကီးဘဲ ျဖစ္ျဖစ္ ဓမၼ နဲ႕ဘဲ ေနမယ္ ။ အခ်ိန္မေ႐ြး ေသခ်င္တဲ့ အခ်ိန္ ေသပါေစ - တရား ကိုဘဲ ႏွလုံးသြင္းေနမယ္ ဆိုတဲ့ အေနအထားမ်ိဴ း ။ ကိုယ့္ ကိုယ္ ကို စိတ္ ဒုံးဒုံး ခ်နိဳင္မွ - မခ် နိုင္ဘူး ဆိုရင္ ေဒါသေတြ ျဖစ္မယ္ ။ တခ်ိဴ႕ ဆို ေဒါသေတြ ျဖစ္ၿပီး အဲဒီလို ေနတယ္ ။ * ဟိုး အေမရိကမွာ ေနတဲ့ ဒကာႀကီး တစ္ေယာက္ ဆိုရင္ ဘယ္ေလာက္ ဝမ္းနည္းစရာေကာင္းလည္း ဆိုေတာ့ ေလျဖတ္သြားတယ္ ။ ပထမ ေျခေထာက္ေတြ လက္ေတြ ေလျဖတ္သြားတယ္ ။ ေနာက္ဆုံး ေလျဖတ္တာ ဘယ္အထိ ေရာက္သြားလဲ ဆိုေတာ့ ပုတ္ခတ္ ပုတ္ခတ္ နဲ႕ မ်က္ေတာင္ေလးဘဲ ခတ္ေနတယ္ ။ ဘာမွ မေျပာနိုင္ေတာ့ဘူး ။ မိတ္ေဆြ သဂၤဟေတြက သြားၿပီးေတာ့ လူမမာ ေမးတဲ့ အခါက်ေတာ့ မ်က္ေတာင္ေလး ခတ္ၿပီး ၾကည့္ရင္းက အဲဒီ မ်က္ေတာင္ေလး ၾကားထဲက မ်က္ရည္ေလးေတြက ေပါက္ကနဲ ေပါက္ကနဲ ထြက္က်လာတယ္ ။ ကဲ သူ ဘယ္လို ခံစားေနရမလဲ ဆိုတာ စဥ္းစားၾကည့္ေပါ့ ေနာ္ ။ ကဲ ဘုန္းႀကီးတို႔ တေတြ အဲဒီလို မေျပာနိုင္ မဆိုနိုင္ေတာ့တဲ့ ဘဝ - - အသိ လည္း ရွိေနေသးတယ္ - ခံစား ေနရတယ္ ဆိုရင္ ဘာနဲ႕ ေနၾကမလည္း ။ * ဘာေၾကာင့္ အဲဒီလို မ်က္ရည္ က် ေနရတာလည္း ။ စဥ္းစား ၾကည့္ရေအာင္ေနာ္ ။ အဲဒီလို မျဖစ္ဖို႔ရာ ကေတာ့ အေရးအႀကီးဆုံး က ဘာလည္း ဆိုရင္ တရားနဲ႕ ဘဲ ႏွလုံးသြင္းၿပီးေတာ့ ေနမယ္ ။ အကယ္၍မ်ား မေသခင္က ဘဲ တရား ကို ႏွလုံးသြင္းၿပီးေတာ့ ေနနိုင္မယ္ ။ ကိုယ့္ ဆႏၵေတြကို ေရွ႕တန္း မတင္ဘဲနဲ႕ ကိုယ့္ကို ျပဳစုတဲ့ ပုဂၢိုလ္ေတြ အေပၚမွာ ဘာမွ ေဒါသေတြ မေက်နပ္တာေတြ မျဖစ္ေစဘဲနဲ႕ ေနာ္ ။ အဲဒီ အခ်ိန္မွာ ဘာဆႏၵမွ မထားေတာ့ဘဲနဲ႕ တရား ကိုဘဲ ႏွလုံးသြင္းမယ္ ဆိုတဲ့ အေနအထား မ်ိဴ းနဲ႕ ေနနိုင္မွ ဘုန္းႀကီးတို႔ တေတြဟာ " ထာဝရ ခ်မ္းသာမႈ " ဆိုတာ ရနိုင္မွာ ျဖစ္တယ္ေပါ့ ေနာ္ ။ ။ ။ ေဒါက္တာ နႏၵမာလာဘိဝံသ ဆရာေတာ္ႀကီး ပူေဇာ္သူ ; U Aung Naing Oo (ANO) တတိယအႀကိမ္ ျပန္လည္မွ်ေဝအပ္ပါသည္ ။ အလင်းရောင်ဓမ္မ


via အလင္းေရာင္ ဓမၼ https://ift.tt/2Pa880q