Wednesday, December 4, 2019

အလိမ်ခံနေကြရတာပါ ------------------------------ `လောကဓံ´ ဆိုလိုက်တာနဲ့ တွန့်တွန့်လူး `ဒုက္ခ´ ရောက်မှ `လောကဓံ´ လို့ ထင်နေကြတယ်။" `သုခချမ်းသာ´ ဆိုတဲ့`အကောင်း´နဲ့ တွေ့တုန်းကတော့ ငြိမ်ခံနေပြီး `ဒုက္ခ´ နဲ့ တွေ့မှ တုန်လှုပ်နေကြတာ။ တကယ်တော့ `အကောင်းလောကဓံ´ ကို မတုန်လှုပ်ရင် `အဆိုးလောကဓံ´ ကိုလည်း မဖြုံအပ်ပါဘူး။ `အကောင်းလောကဓံ´ က ဒို့ကို ဖြားယောင်းနေတာ။ `သုခ´ ဆိုတာ - ကောင်းကောင်းလေးနဲ့ တူးဖြို နေတာ။ ဆေးရုံမှာ မေ့ဆေးပေးပြီး ခွဲစိတ်သလိုမျိုး `သုခ"´ရော `ဒုက္ခ´ပါ `ဒဏ်ရာ´ ကတော့ ကျန်ခဲ့မှာပဲ။ ဘယ်သူ့ကို `မိတ်ဆွေ´ ထင်သလဲ ? ဘယ်သူ့ကို `ရန်သူ´ ထင်သလဲ ? `ဒုက်ခ´ နဲ့ `သုခ´ ကို အတူတူ ထားနိုင်ပါ့မလား? `ဒုက္ခ´က `ဒုက္ခ´မှန်း သိတော့ တစ်ခါ ကြုံ ဖူးရင် ရှောင်တယ်။ `သုခ´က တစ်ခါနဲ့ မပြီးဘူး။ `သုခ´က ဖျက်တာကို ခံနေရတာ။ `သုခ´က `ရန်သူ´လား , `မိတ်ဆွေ´ လား? ( ရန်သူပါဘုရား ) တို့ ရှေ့မို့ ပြောတာ နေမှာပါဗျာ.... `ဒုက္ခ´ က `မိတ်ဆွေ´ `ဒုက္ခ´ မှန်းသိအောင် ပြနေတာကိုး။ `သုခ´ ကတော့ လိမ်နေတာ။ `ဒုက္ခ´ ကို ဖုံးထားပြီး `အကောင်း´ လို့ ထင်အောင် လိမ်နေတာ။ (မဟာဗောဓိမြိုင် ဆရာတော်ဘုရား) Cr# orignal အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/386mKGG