အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 6, 2019
🌳🌳ဘယ်သူ့အတွက်အသက်ရှင်မလဲ🌳🌳 🌳လူရယ်လို့ ဖြစ်လာရင်….. သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။ သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။ ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။ သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား.. လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊ ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့… သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။ သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။ 🌳သိထားဖို့ က သူများပါးစပါဖျားပေါ်က ”သင်” ဟာ… ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင်အစစ်အမှန် မဟုတ်ပါဘူး။☂☂☂ 🌳လူဆိုတာ မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊ နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊ ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊ ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊ လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊☂☂☂ 🌳ဒီအတွက်ကြောင့် သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ… သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ.. သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ.. သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…☂☂☂ 🌳နောက်ဆုံးတော့ သိတာလည်း အားလုံးမပြောနဲ့… မြင်တာလည်း အားလုံးမယုံနဲ့…. သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ☂☂ Credit Mts
via အလင်းရောင် ဓမ္မ https://ift.tt/2DSmDAV
Newer Post
Older Post
Home