Saturday, December 7, 2019

➡ သီလဝီမံသဇာတ် ⭐⭐⭐⭐⭐ သီလကို စုံစမ်းလို၍ ရွှေပန်းထိပ်သည်အိမ်မှ ဆက်ကာ ဆက်ကာ အသပြာ ခိုးယူသော ပုရောဟိတ် ပုဏ္ဏားအကြောင်း။ ပစ္စုပ္ပန်၀တ္ထု သီလကြောင်းပြု စုံစမ်းမှု နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းသော ပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်၊ အတိတ်၀တ္ထုတို့သည် အောက်၌ဆိုအပ်ပြီးသော ဇာတ်တို့နှင့် တူကုန်ပြီ။] အတိတ်၀တ္ထု ပုဏ္ဏားစုံစမ်း သီလစွမ်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၀ယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည် တစ်နေ့သ၌ သီလကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရက်၊ သုံးရက်တို့ပတ်လုံး ရွှေပန်းထိမ်သည်၏ ပျဉ်ပြားမှ အသပြာတို့ကို ယူလေ၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကို သူခိုးဟု ဖမ်း၍ မင်းကြီးအား ပြကြကုန်၏။ မင်းကြီးထံသို့ရောက်လျှင် ပုရောဟိတ်ပုဏ္ဏားသည် - “အချင်းတို့ … လောက၌ သီလသည်သာ ကောင်းသတတ်၊ သီလသည်သည် မွန်မြတ်သတတ်၊ ကြည့်ရှုကြကုန်၊ အဆိပ်ပြင်းသော မြွေကိုပင် သီလရှိသော မြွေဟူ၍ မညှဉ်းဆဲအပ်” –ဟု သီလ၏ ဂုဏ်ကကျေးဇူးကို ချီးမွမ်းပြီးလျှင် မင်းကြီးကို ရဟန်းပြုရန် ခွင့်ပန်ကာ သွားလေ၏။ သားတစ်ပမာ ယင်းတဏှာ ထိုအခါ တစ်နေ့သ၌ စွန်တစ်ကောင်သည် အမဲစျေးမှ သားတစ်ကိုချီ၍ ကောင်းကင်၌ ပျံလေ၏။ အခြား စွန့်တို့သည် ၀န်းရံကာ ထိုးဆိတ်ကြကုန်၏။ ထိုသားတစ်ချီ၍ ပျံသော စွန်သည် သည်းမခံနိုင်သဖြင့် သားတစ်ကို စွန့်ချလေ၏။ စွန်တစ်ကောင်သည် ထိုသားတစ်ကိုချီ၍ ပျံပြန်၏။ အခြားစွန်တို့ ထိုးဆိတ်ကြပြန်လျှင် သည်းမခံနိုင်သဖြင့် စွန့်ချပြန်၏။ အခြားစွန်သည် ချီ၍ပျံပြန်၏။ ထိုးဆ်ိတ်ကြပြန်သဖြင့် စွန့်ချရပြန်၏။ ဤသို့လျှင် သားတစ်ရှိသော ငှက်သည် ဆင်းရဲ၏။ သားတစ် မရှိသော ငှက်သည် ချမ်းသာ၏။ ဤကာမသည်ကား သားတစ်နှင့်တူ၏။ ထိုကာမကို ယူဆောင်သူတို့သည် ဆင်းရဲကုန်၏။ စွန့်ပစ်သူတို့သည် ချမ်းသာကုန်၏။ “အချင်းတို့ … လောက၌ စွန်အား နှုတ်သီးဖြင့် ချီ၍ထားသော သားတစ်ရှိသမျှ ကာလပတ်လုံး ထိုစွန်ကို အခြား စွန်အပေါင်းတို့သည် ချဉ်းကပ်ကာ ထိုးဆိတ်ကုန်၏။ သားတစ်မရှိသော စွန်ကို အခြားစွန်အပေါင်းတို့သည် မထိုးဆိတ်ကြကုန်” –ဟု ကြံစည်တွေးတောလျက် သွားရာခရီးအကြား၀ယ် ရွယ်ငယ်သို့ ညချမ်းသာအခါရောက်၍ အိမ်တစ်အိမ်တွင် အိပ်လေ၏။ ထိုအိမ်၌လည်း ပိင်္ဂလာမည်သော ကျွန်မသည် ညဉ့်အခါလာရန် ယောက်ျားတစ်ယောက်နှင့် အချိန်းအချက်ပြုပြီးလျှင် အရှင်တို့ကို ၀တ်ကြီး၀တ်ငယ်ကိုပြု၍ အရှင်တို့ အိပ်လတ်သော် ထိုချိန်းချက်သော ယောက်ျား လာလိမ့်မည်ဟု မျှော်မှန်းကာ တံခါးခုံ၌ မအိပ်ဘဲ ထိုင်လျက် စောင့်နေခဲ့ရာ မိုးလင်းသောအခါရောက်မှ မလာမှန်းသိ၍ လျောင်းကာ အိပ်ပျော်လေ၏။ အာသာစွန့်မှ ချမ်းသာရ ထိုအခါ ပုရောဟိတ်သည် ထိုအကြောင်းကိုမြင်၍ ဤကျွန်မသည် ချိန်းချက်ထားသောယောက်ျား လာလိမ့်မည်ဟူသော အမှတ်ဖြင့် ဤမျှလောက် ကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ ထိုယောက်ျား မလာမှန်းသိ၍ အာသာပြတ်ရကား ချမ်းသာစွာ အိပ်ရလေ၏။ ထိုကြောင့် ကိလေသာတို့၌ တောင့်တခြင်း အာသာရှိသောသူသည် ဆင်းရဲ၏၊ အာသာမရှိသောသူသည် ချမ်းသာ၏။ “အချင်တို့ … အာသာပြတ်ခြင်းကြောင့် ချမ်းသာသွာ အိပ်ရ၏၊ အာသာအကျိုးကို ရခြင်းသည် ချမ်းသာ၏၊ ပိင်္ဂလာ မည်သော ကျွန်မသည် အာသာပြတ်ချင်းကိုပြု၍ ချမ်းသာသွာ အိပ်ရ၏” –ဟု ကြံစည်ပြန်၏။ ပုဏ္ဏားသည် နက်ဖြန် ထိုရွာမှထွက်၍ တောသို့၀င်လတ်သော် စျာန်၀င်စားနေသော ရသေ့တစ်ပါးကို မြင်ပြန်လျှင် - “အချင်တို့ … ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော လောက၌ သမာဓိထက် လွန်မြတ်သော သုခတရား မရှိ၊ တည်ကြည်သူကား သူတစ်ပါးကို လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း မညှဉ်းဆဲပေ” –ဟု ကြံစည်ပြန်၏။ ဤသို့ ကြံစည်ပြီးလျှင် ပုရောဟိတ်သည် တော်သို့၀င်၍ ရသေ့ရဟန်း ပြုပြီးလျှင် စျာန်အဘိညာဉ်ကို ဖြစ်စေလျက် မယုတ်သောစျာန် ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားလေ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - · ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ကာမယူသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။ (၂) အာသာရှိသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။ (၃) သမာဓိသာ၊ မွန်မြတ်စွာ၊ ချမ်းသာယုခမည်။ (၄) ကိုယ်, သူတစ်ပါး၊ မညှဉ်းငြား၊ မှတ်သားတည်သူမည်။ သီလဝီမံသဇာတ် ပြီး၏။ အားလုံးပဲ့ မင်္ဂလာပါ 🙏🙏🙏 ကောက်နုတ်ချက် မဟာပညာဗလပဌမကျော်ဦးကြီးဖေ ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ (နှာ ၅၈၃ - ၅၈၄) ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ page မှ ကူးယူဖော်ပြပါသည်။ အရှင်ဣန္ဒောဘာသ (ဓမ္မသုတ)🙏🙏🙏 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏 ➡ သီလဝီမံသဇာတျ ⭐⭐⭐⭐⭐ သီလကို စုံစမျးလို၍ ရှှပေနျးထိပျသညျအိမျမှ ဆကျကာ ဆကျကာ အသပွာ ခိုးယူသော ပုရောဟိတျ ပုဏ်ဏားအကွောငျး။ ပစ်စုပ်ပနျ၀တ်ထု သီလကွောငျးပွု စုံစမျးမှု နတျလူတို့ဆရာဖွဈတောျမူသော မွတျစှာဘုရားသညျ ဇတေ၀နျကြောငျး၌ သီတငျးသုံးတောျမူစဉျ သီလကို စုံစမျးသော ပုဏ်ဏားကို အကွောငျးပွု၍ အောကျပါအတိတျဇာတျကို ဆောငျတောျမူသတညျး။ ။ [ပစ်စုပ်ပနျ၊ အတိတျ၀တ်ထုတို့သညျ အောကျ၌ဆိုအပျပွီးသော ဇာတျတို့နှင့ျ တူကုနျပွီ။] အတိတျ၀တ်ထု ပုဏ်ဏားစုံစမျး သီလစှမျး လှနျလပွေီးသောအခါ ဗာရာဏသီပွညျ၀ယျ ဗွဟ်မဒတျမငျး မငျးပွုသညျရှိသောျ ဘုရားအလောငျးသညျ ထိုဗွဟ်မဒတျမငျး၏ ပုရောဟိတျပုဏ်ဏား ဖွဈလေ၏။ ထိုပုရောဟိတျပုဏ်ဏားသညျ တဈနေ့သ၌ သီလကို စုံစမျးလိုသညျဖွဈ၍ နှဈရကျ၊ သုံးရကျတို့ပတျလုံး ရှှပေနျးထိမျသညျ၏ ပဉြျပွားမှ အသပွာတို့ကို ယူလေ၏။ ထိုအခါ ပုရောဟိတျပုဏ်ဏားကို သူခိုးဟု ဖမျး၍ မငျးကွီးအား ပွကွကုနျ၏။ မငျးကွီးထံသို့ရောကျလြှငျ ပုရောဟိတျပုဏ်ဏားသညျ - “အခငြျးတို့ … လောက၌ သီလသညျသာ ကောငျးသတတျ၊ သီလသညျသညျ မှနျမွတျသတတျ၊ ကွည့ျရှုကွကုနျ၊ အဆိပျပွငျးသော မွှကေိုပငျ သီလရှိသော မွှဟေူ၍ မညှဉျးဆဲအပျ” –ဟု သီလ၏ ဂုဏျကကြေးဇူးကို ခြီးမှမျးပွီးလြှငျ မငျးကွီးကို ရဟနျးပွုရနျ ခှငျ့ပနျကာ သှားလေ၏။ သားတဈပမာ ယငျးတဏှာ ထိုအခါ တဈနေ့သ၌ စှနျတဈကောငျသညျ အမဲစြေးမှ သားတဈကိုခြီ၍ ကောငျးကငျ၌ ပြံလေ၏။ အခွား စှနျ့တို့သညျ ၀နျးရံကာ ထိုးဆိတျကွကုနျ၏။ ထိုသားတဈခြီ၍ ပြံသော စှနျသညျ သညျးမခံနိုငျသဖွငျ့ သားတဈကို စှနျ့ခလြေ၏။ စှနျတဈကောငျသညျ ထိုသားတဈကိုခြီ၍ ပြံပွနျ၏။ အခွားစှနျတို့ ထိုးဆိတျကွပွနျလြှငျ သညျးမခံနိုငျသဖွငျ့ စှနျ့ခပြွနျ၏။ အခွားစှနျသညျ ခြီ၍ပြံပွနျ၏။ ထိုးဆျိတျကွပွနျသဖွင့ျ စှနျ့ခရြပွနျ၏။ ဤသို့လြှငျ သားတဈရှိသော ငှကျသညျ ဆငျးရဲ၏။ သားတဈ မရှိသော ငှကျသညျ ခမြျးသာ၏။ ဤကာမသညျကား သားတဈနှင့ျတူ၏။ ထိုကာမကို ယူဆောငျသူတို့သညျ ဆငျးရဲကုနျ၏။ စှနျ့ပဈသူတို့သညျ ခမြျးသာကုနျ၏။ “အခငြျးတို့ … လောက၌ စှနျအား နှုတျသီးဖွင့ျ ခြီ၍ထားသော သားတဈရှိသမြှ ကာလပတျလုံး ထိုစှနျကို အခွား စှနျအပေါငျးတို့သညျ ခဉြျးကပျကာ ထိုးဆိတျကုနျ၏။ သားတဈမရှိသော စှနျကို အခွားစှနျအပေါငျးတို့သညျ မထိုးဆိတျကွကုနျ” –ဟု ကွံစညျတှေးတောလကြျ သှားရာခရီးအကွား၀ယျ ရှယျငယျသို့ ညခမြျးသာအခါရောကျ၍ အိမျတဈအိမျတှငျ အိပျလေ၏။ ထိုအိမျ၌လညျး ပိငျ်ဂလာမညျသော ကြှနျမသညျ ညဉျ့အခါလာရနျ ယောကျြားတဈယောကျနှင့ျ အခြိနျးအခကြျပွုပွီးလြှငျ အရှငျတို့ကို ၀တျကွီး၀တျငယျကိုပွု၍ အရှငျတို့ အိပျလတျသောျ ထိုခြိနျးခကြျသော ယောကျြား လာလိမျ့မညျဟု မြှောျမှနျးကာ တံခါးခုံ၌ မအိပျဘဲ ထိုငျလကြျ စောငျ့နခေဲ့ရာ မိုးလငျးသောအခါရောကျမှ မလာမှနျးသိ၍ လြောငျးကာ အိပျပြောျလေ၏။ အာသာစှနျ့မှ ခမြျးသာရ ထိုအခါ ပုရောဟိတျသညျ ထိုအကွောငျးကိုမွငျ၍ ဤကြှနျမသညျ ခြိနျးခကြျထားသောယောကျြား လာလိမျ့မညျဟူသော အမှတျဖွငျ့ ဤမြှလောကျ ကာလပတျလုံး ထိုငျလကြျနေ၏။ ယခုအခါ ထိုယောကျြား မလာမှနျးသိ၍ အာသာပွတျရကား ခမြျးသာစှာ အိပျရလေ၏။ ထိုကွောငျ့ ကိလသောတို့၌ တောငျ့တခွငျး အာသာရှိသောသူသညျ ဆငျးရဲ၏၊ အာသာမရှိသောသူသညျ ခမြျးသာ၏။ “အခငြျတို့ … အာသာပွတျခွငျးကွောင့ျ ခမြျးသာသှာ အိပျရ၏၊ အာသာအကြိုးကို ရခွငျးသညျ ခမြျးသာ၏၊ ပိငျ်ဂလာ မညျသော ကြှနျမသညျ အာသာပွတျခငြျးကိုပွု၍ ခမြျးသာသှာ အိပျရ၏” –ဟု ကွံစညျပွနျ၏။ ပုဏ်ဏားသညျ နကျဖွနျ ထိုရှာမှထှကျ၍ တောသို့၀ငျလတျသောျ စြာနျ၀ငျစားနသေော ရသေ့တဈပါးကို မွငျပွနျလြှငျ - “အခငြျတို့ … ပစ်စုပ်ပနျ၊ တမလှနျ နှဈတနျသော လောက၌ သမာဓိထကျ လှနျမွတျသော သုခတရား မရှိ၊ တညျကွညျသူကား သူတဈပါးကို လညျးကောငျး၊ မိမိကိုယျကို လညျးကောငျး မညှဉျးဆဲပေ” –ဟု ကွံစညျပွနျ၏။ ဤသို့ ကွံစညျပွီးလြှငျ ပုရောဟိတျသညျ တောျသို့၀ငျ၍ ရသေ့ရဟနျး ပွုပွီးလြှငျ စြာနျအဘိညာဉျကို ဖွဈစလေကြျ မယုတျသောစြာနျ ရှိသညျဖွဈ၍ သလှေနျသောအခါ ဗွဟ်မာပွညျသို့ လားလေ၏။ ဇာတျပေါငျး ဤသို့လြှငျ မွတျစှာဘုရားသညျ အတိတျ၊ ပစ်စုပ်ပနျ နှဈတနျသော ဝတ်ထုတို့ကို အနုသန်ဓေ ဆကျစပျတောျမူလကြျ - ရဟနျးတို့ - · ထိုအခါ ပုရောဟိတျပုဏ်ဏားသညျ - ယခုအခါ ငါဘုရားဖွဈလာပွီ - ဟု ဇာတျကို ပေါငျးတောျမူသတညျး။ ဆောငျပုဒျ (၁) ကာမယူသူ၊ ဆငျးရဲပူ၊ စှနျ့သူ ခမြျးသာသညျ။ (၂) အာသာရှိသူ၊ ဆငျးရဲပူ၊ စှန့ျသူ ခမြျးသာသညျ။ (၃) သမာဓိသာ၊ မှနျမွတျစှာ၊ ခမြျးသာယုခမညျ။ (၄) ကိုယျ, သူတဈပါး၊ မညှဉျးငွား၊ မှတျသားတညျသူမညျ။ သီလဝီမံသဇာတျ ပွီး၏။ အားလုံးပဲ့ မငျ်ဂလာပါ 🙏🙏🙏 ကောကျနုတျခကြျ မဟာပညာဗလပဌမကြောျဦးကွီးဖေ ငါးရာ့ငါးဆယျနိပါတျတောျစကားပွေ (နှာ ၅၈၃ - ၅၈၄) ငါးရာ့ငါးဆယျနိပါတျတောျစကားပွေ page မှ ကူးယူဖောျပွပါသညျ။ အရှငျဣန်ဒောဘာသ (ဓမ်မသုတ)🙏🙏🙏 🙏ခရီး သညျ မြားအားလုံးပဲ့ မငျ်ဂလာပါ ခငျဗြာ 🙏 🙏ပွနျလညျမြှဝသေူ ခရီး သညျ 🙏


via အလင်းရောင် ဓမ္မ https://ift.tt/2Lvo4cu