Sunday, November 10, 2019

ဝေဒနာ နုပဿနာ ရှုပွားနည်း ▬▬▬▬▬▬▬▬▬▬▬▬ ၁။ ဝေဒနာဆိုတာ ကုန်အောင်လုပ်လို့ မရဘူး။ ကုန်တဲ့အရာမျိုး မဟုတ်ဘူး။ ၂။ ဖြစ်တူ၊ ချုပ်တူ၊ အာရုံတူ၊ ၀တ္ထုတူဖြစ်လို့ စိတ် မဖြစ် မကုန်သမျှ ဘယ်လိုမှ မကုန်နိုင်ဘူး။ ၃။ ဝေဒနာကို ကုန်အောင်လုပ်တယ်ဆိုတာ လမ်းမမှန်ဘူး။ မိစ္ဆာအယူဖြစ်တယ်။ ၄။ နာကျင်ကိုက်ခဲမှုဟာ ပရမတ်ရုပ်ရဲ့ ဖေါက်ပြန်မှု သဘောသာဖြစ်တယ်။ ၅။ ခံစားမှုသဘောအစုဟာ နာမ်ဖြစ်တယ်။ ပါဠိတော်အရ ဝေဒနာလို့ ခေါ်တယ်။ ၆။ ရုပ်နာမ်များဟာ ဒုက္ခသစ္စာများဖြစ်သဖြင့် ပိုင်းခြားသိရမည့် တရားအစုဖြစ်သည်။ ပယ်ပျောက်အောင် လုပ်ရမည့်တရား မဟုတ်ပါ။ ၇။ ခံစားမှု (ဝေဒနာ) ကိုမှီ၍ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ စသော ကိလေသာများကိုသာ ပယ်ရပါမည်။ ဝေဒနာဘာကြောင့်ဖြစ်သလဲ။ ဘယ်ထဲမှာရှိသလဲ (ကိမတ္ထိယဗြဟ္မာစရိယသုတ္တန်) စက္ခု၀တ္ထု၊ သောတ၀တ္ထု၊ ဃာန၀တ္ထု၊ ဇိဝှာ၀တ္ထု၊ ကာယ၀တ္ထု၊ ဟဒယ၀တ္ထု၊ ခေါ်သော အာရုံကိုဖမ်းယူနိုင်သော ပသာဒရုပ် ၆ ပါးနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ ဆိုသောအာရုံ ၆ ပါးတို့ တိုက်ခိုက်မှုကြောင့် ဝေဒနာ အပါအ၀င် ခန္ဓာ ၅ပါး ပေါ်လာသည်။ ဥပမာ အားဖြင့် ဖောဋ္ဌဗ္ဗာရုံနှင့် ကာယ၀တ္ထုတိုက်လျှင် သိစိတ်ဆိုတာဖြစ်တယ်။ အဲဒီ သိစိတ်နဲ့ ဝေဒနာဆိုသော စေတသိတ်ဟာ ဖြစ်တူပျက်တူမို့ သိစိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ခံစားမှု ဝေဒနာဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာဟာ ၀တ္ထုရုပ်ထဲမှာ လည်းမရှ်ိ၊ အာရုံရုပ်ထဲမှာလည်း မရှိလို့ ဘယ်အထဲမှာမှ မရှိဘူး။ ရုပ်နှစ်ခု တိုက်မှဖြစ်လာတဲ့ နာမ်တရားလေးပဲ။ ရုပ်နှစ်ခု ဆက်တိုက်နေရင် ဆက်ဖြစ်နေမယ်။ အာရုံရဲ့သဘာဝ စိတ်ရဲ့သဘာဝကိုက စဉ်ဆက် မပြတ် တခုပြီးတခု တိုက်နေလျက်ပါ။ ဒါ့ကြောင့်ဝေဒနာဟာလည်း စဉ်ဆက်မပြတ် တခုပြီးတခု ဖြစ်ပေါ်နေလျက်ပါပဲ။ ဝေဒနာက ဘာကိုခံစားတာလဲ။ အာရုံရဲ့ အရသာကို ခံစားတာ။ အာရုံတိုင်းမှာ အရသာဆိုတာရှိတယ်။ အာရုံရဲ့အရသာကို ခံစားတတ်လို့ ဝေဒနာလို့ခေါ်တာ။ နာလို့ ကျင်လို့ ဝေဒနာလို့ ခေါ်တာ မဟုတ်ဘူး။ မြန်မာစကားမှာ နာတာ၊ ကျင်တာ စတာတွေနဲ့ ဝေဒနာဆိုတာနဲ့ ရောနေကြတယ်။ အာရုံရဲ့အရသာ ၃ မျိုးရှိတယ်။ ၁။ ကောင်းတဲ့အာရုံ။ ၂။ မကောင်းတဲ့အာရုံ။ ၃။ ကောင်းဆိုးနှစ်ခုတို့ရဲ့ အလယ်အလတ်အာရုံ။ ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ နာကျင်၊ ကိုက်ခဲ၊ မူးဝေ၊ အော်ဂလီဆန်၊ နှလုံးတုန်၊ ရင်ခုန်၊ ယားယံ စသည်တို့ဟာ ရုပ်ဖေါက်ပြန်နေတာ။ တစ်နည်းအားဖြင့် သူတို့ဟာ ရုပ်အာရုံတွေပါ။ အဲ့ဒီဖေါက်ပြန်နေတဲ့ ရုပ်အာရုံတိုင်းရဲ့ အရသာကို ဝေဒနာစေတသိတ်က လိုက်ခံစားနေတာ။ ဒါကြောင့် ရုပ်အာရုံက သတ်သတ်၊ ခံစားတတ်တဲ့ ဝေဒနာက နာမ်လို့ ကွဲအောင်ရှုရမယ်။ ဖေါက်ပြန်မှု ရုပ်အာရုံက ထင်ရှားပါတယ်။ ခံစားမှု ဝေဒနာက မထင်ရှားဘူး။ သိမ်မွေ့တယ်။ ဝေဒနာနူပဿနာ ရှုပွါးသူ ယောဂီဟာ အဲ့ဒီခံစားတဲ့ သဘောတရားကို ရှုရမှာ။ ရှုပွါးနည်း တရားထိုင်ရာမှာ နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကို အရှုများကြတယ်။ ဒါပေမဲ့ သူ့သဘော၊ ဘယ်လိုဖြစ်၊ ဘယ်လိုပျက်တယ်လို့ သိအောင်၊ မြင်အောင်၊ ထင်အောင် ရှုပွါး အားထုတ်မှု မပြုဘဲ၊ နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကြီးကုန်အောင်၊ ပျောက်အောင် ရှုကြတယ်။ ကုန်အောင် ရှုရမှာမဟုတ်ဘူး။ သူ့သဘော သဘာ၀ကို သိအောင် မြင်အောင် ရှုရမှာ။ ရှုပွါးတဲ့အခါ ကိုယ်နဲ့အမျိုးမတော်စပ်တဲ့ သူစိမ်းလူမမာ တစ်ယောက်ကို ကြည့်ရှု သလို ရှုပွါးများရမယ်။ ဆွေမျိုးလူမမာ ဆိုရင် ငါ့ဆွေမျိုးဆိုတဲ့ အစွဲအလန်းပါနေတော့ စိတ်နေစိတ်ထား မမှန်ကန်ပဲ ရှုပွါးပုံမှားနိုင်တယ်။ သူစိမ်းလူမမာကို အေးအေးဆေးဆေး လူမမာမေးသလို ဝေဒနာကိုလည်း ငါနှင့်မဆိုင်၊ ငါ မပိုင်တဲ့ သူစိမ်းပြင်ပလို သဘောထားရမယ်။ အနာဆုံးနေရာ၊ အကျင်ဆုံးနေရာကို တစ်နာပြီးတစ်နာ၊ တစ်ကျင်ပြီးတစ်ကျင် ပြောင်းလဲနေတာ ဖြစ်ပျက် နေတာတွေကို မြင်အောင်၊သိအောင် ဉာဏ်နဲ့ ရှုကြည့်နေရမှာ။ နာကျင် ကိုက်ခဲမှု ဒုက္ခဝေဒနာတွေ ကုန်သွားအောင် ပျောက်သွားအောင် မရှုရဘူး။ ကိုယ်ကိုလည်း ချုပ်မထားရ။ တောင့်တင်း မထားရဘူး။ အလိုက်သင့် မျှမျှတတလေး နေပါ။ ဝေဒနာနုပဿနာ ရှုသူတွင် ရှိရမည့်တရား ၃ ပါး။ ၁။ ဝီရိယ။ ၂။ သတိ၊ ၃။ ပညာ။ ၁။ ဝီရိယ ဆိုတာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်ဆိုတဲ့ တစ်ဇွတ်ထိုး ဝီရိယမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို လွန်စွာ ပူပန်စေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လမျိုးကိုဆိုတယ်။ သမ္မပ္ပဓာန်လုံ့လ ဆိုတာ ထိုင်ရာမထ ဝီရိယမျိုးလဲ မဟုတ်ဘူး။ သမ္မပ္ပဓာန် လုံ့လဆိုတာ - ၁။ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင် လုံ့လပြုခြင်း။ ၂။ ဖြစ်ပြီးသား အကုသိုလ်တရားတွေကို ပယ်နိုင်အောင်၊ နောက်ထပ်မဖြစ်အောင် လုံ့လပြုခြင်း။ ၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်လာအောင် လုံ့လပြုခြင်း။ ၄။ ဖြစ်ပြီးသား ကုသိုလ်တရားတွေကို တိုးပွါးအောင်၊ နောက်ထပ်ဖြစ်လာအောင် လုံ့လပြုခြင်း။ တရားအားထုတ်နေစဉ်မှာ ဖြစ်ပေါ်လာမဲ့ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယကို ဆိုလိုပါတယ်။ ဝေဒနာကိုပယ်တဲ့ ဝီရိယ မဟုတ်ဘူး။ ကိုယ်မှာ အထိုင်ကြာရင် နာတာ၊ ကျင်တာဖြစ်လာပါတယ်။ အဲဒါတွေက ရုပ်ဒုက္ခတွေပါ။ နာကျင်တာကို ဝေဒနာ လုပ်ပြီး၊ နာကျင်တာတွေ မပျောက်၊ မချုပ်သေးရင် မထရဘူး ဆိုတာ ဘုရားရှင်ဆိုလိုတဲ့ ဝီရိယ မဟုတ်ပါဘူး။ ဝေဒနာက ပိုင်းခြားသိရမဲ့ ဒုက္ခသစ္စာပါ။ ပယ်ရမဲ့ တရား မဟုတ်ပါဘူး။ ဝေဒနာကို အာရုံပြုပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေကိုသာ ပယ်ရမှာပါ။ တနည်း သမုဒယသစ္စာပါ။ သစ္စာတရားတွေကို မှားသိနေရင် မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။ ဝေဒနာကုန်အောင်၊ ဝေဒနာချုပ်အောင်၊ ကျင့်နည်းဆောင်၊ အလွဲမြင့်မိုရ်တောင်။ သတိ။ ဝေဒနာကို အောက်မေ့အမှတ်ရတဲ့ သတိနှင့် ပြည့်စုံရမယ်။ သတိကို ဝေဒနာပေါ် တင်ထားရမယ်။ ဝေဒနာဟာ သတိရဲ့တည်ရာအဖြစ် ထားပြီး ရှုပွါးမှ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်ဖြစ်ပါတယ်။ ဝေဒနာပေါ်မှာ သတိကို မတင်မထားပဲ ဝေဒနာကိုပျောက်အောင် ဝီရိယစိုက်လိုက်ရင် သတိမှာ တည်ရာမရှိတော့ပါ။ သတိဟာ ဝေဒနာပေါ်မှာ မတည်ရင် ဝေဒနာရဲ့ သဘော သဘာ၀၊ အဖြစ်အပျက်၊ အကြောင်းအကျိုးတွေကို မသိနိုင်တော့ပါ။ ၎င်းအပြင် နာကျင်ကိုက်ခဲမှုတွေက အကြောင်းချုပ်လို့ အကျိုးချုပ်တဲ့ သဘောနဲ့ ခဏချုပ် ချုပ်သွားတာကို ငါမှတ်လိုက်လို့ ဝေဒနာကုန်သွားပြီလို့ ယူဆ လိုက်တတ်ပါတယ်။ အဲ့ဒါဆိုရင် အကြီးအကျယ် မှားသွားပါပြီ။ အဲ့ဒါဆို ဝေဒနာဟာ အနတ္တ မဟုတ်တော့ဘဲ အတ္တဖြစ်သွားပါပြီ။ ဝိပဿနာ ရှုတယ်ဆိုတာ အနတ္တမြင်အောင် ရှုရတာပါ။ ပညာ။ ဝေဒနာကို ကောင်းစွာ သိတတ်သော ပညာ အဆင်အခြင်နှင့် ပြည့်စုံသော အသိပညာ ရှိရပါမယ်။ ဆိုလိုတာက ဝေဒနာရဲ့ သဘော သဘာ၀ အကြောင်း အကျိုး၊ အဖြစ်အပျက်ကို သိတဲ့ပညာကို ခေါ်ပါတယ်။ ဒုက်ခဝဒေနာ။ ဒုက္ခဝေဒနာဟာ တည်နေစဉ် ဆင်းရဲတယ်။ ပျက်စီးသွားရင် ချမ်းသာတယ်။ ဒီတော့ ဒုက္ခဝေဒနာ မဖြစ်စေချင်တဲ့၊ ပျက်စေချင်တဲ့ ဒေါသ ကိလေသာဖြစ်တယ်။ ဒုက္ခဝေဒနာရဲ့ အဖြစ်အပျက် မြင်မှ ဒုက္ခဝေဒနာပေါ်မှာ ကိန်းတဲ့ ပဋိဃနုသယ ဆိုတဲ့ ဒေါသ ချုပ်သွားတယ်။ ဒုက္ခအစဉ်၊ ပျက်ပြယ်ထင်၊ အမြင်မှန်တော့တာ။ ဒုက္ခရှုစဉ်၊ ဒုက္ခထင်လျက်၊ စည်ပင်တိုးပွါး၊ ဒုက္ခများမှာ၊ ပျက်သွားမရှိ၊ တိုးလာဘိ၊ မှားသည့်အမြင်သာ။ ဒုက္ခဝေဒနာရှုတဲ့အခါ ဒုက္ခဝေဒနာရဲ့ အဖြစ်အပျက်ကို မြင်အောင်ရှုရပါမယ်။ ရုပ်ဒုက္ခဟာ တစ်ဖြစ်တည်း ဆက်ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ဖြစ်ဖြစ်၊ တစ်ဖြစ်ပျက်ပြီးမှ တစ်ဖြစ်ထပ်ဖြစ် တစ်ဖြစ်ထပ်ချုပ်တာပါ။ ဒါပေမဲ့ အလွန် လျှင်မြန်တာကြောင့် တစ်ဆက်တည်းလို့ ထင်တာပါ။ စာစကားအနေနဲ့ သန္တတိပညတ်လို့ ခေါ်ပါတယ်။ ဒုက္ခဝေဒနာကို ရှုပွါးနည်း ၂ မျိုး ရှိပါတယ်။ တိုက်ရိုက်ရှုခြင်းနဲ့ ခွါရှုခြင်းလို့ ခေါ်ပါတယ်။ တိုက်ရိုက်ရှုခြင်းဆိုတာ ဒုက္ခဝေဒနာကို သည်းခံပြီး အဆင်းရဲဆုံးနေရာမှာ သတိကပ် ပြီး အထပ်ထပ် ဒုက္ခဝေဒနာ ပျက်ပြယ်တာ မြင်သည်အထိ ရှုကြည့်ရပါမယ်။ နာကျင်တဲ့ ဒုက္ခကို သည်းမခံနိုင်တော့ဘူးဆိုရင် မူလကမ္မဋ္ဌာန်းဖြစ်တဲ့ နှာခေါင်းမှာ လေ၀င်တိုင်း ထွက်တိုင်း တိုးတဲ့ ထိတဲ့ သဘောကို ပြောင်းရှုပါ။ ဒါပေမဲ့ ဒုက္ခဝေဒနာက ပိုပြင်း လာတယ်ဆိုရင် ဣရိယာပုထ်ကို ပြောင်းပေး ပြင်ပေးပါ။ ပြောင်းဆဲပြင်ဆဲမှာ အနာဆုံး နေရာကို သတိကပ်ပြီး ဒုက္ခဝေဒနာ ဘယ်လိုပြောင်းလဲနေတာ သိအောင်လုပ်ပါ။ ဒုက္ခဝေဒနာကို ခွါရှုခြင်း ဆိုတာကတော့ ဒုက္ခဝေဒနာကို မရှုပွါးပဲ အခြားသော အာရုံတို့ကို ရှုပွါးခြင်းပါ။ ဥပမာ ခိုးသားတွေ အဖမ်းခံရတဲ့ ရှင်တိဿဟာ မိမိခြေနှစ်ချောင်းကို ချိုးပြီးနောက် မိမိရဲ့ သီလစင်ကြယ်ပုံကို အာရုံပြုပါတယ်။ ခြေကျိုးလို့နာတဲ့ ဒုက္ခ ဝေဒနာကို မရှုပွါးပါဘူး။ သုခေ၀ဒနာ။ ဒုက္ခဝေဒနာထက် သုခဝေဒနာက ပိုပြီး နူးည့ံ့သိမ်မွေ့တယ်။ ဒါကြောင့် သုခဝေဒနာကို တိုက်ရိုက်ရှုဖို့ မလွယ်ဘူး။ ဝေဒနာဟာ ရုပ်လိုမထင်ရှားဘူး။ အများအားဖြင့် ရုပ်သုခ၊ ရုပ်ဒုက္ခကို နာမ်ဝေဒနာလုပ်ပြီး ရှုနေကြတယ်။ နာမ်ဝေဒနာဟာ တစ်ဆင့်ခံ ဖြစ်နေတော့ အရှုရခက်တယ်။ ဥပမာ။ ပူနေတဲ့ အချိန် လေအေးလေး တိုက်တယ် ဆိုပါစို့။ လေအေးကြောင့် ချမ်းသာတာက ရုပ်။ ချမ်းသာတယ်လို့ သိတာက ဝိညာဏ် (သိစိတ်)၊ ချမ်းသာတာကို ခံစားတာက ဝေဒနာ။ အဲ့ဒီလို ကွဲပြားအောင် ရှုကြည့် ရမှာ။ သုခဝေဒနာ အာရုံကို သတိမလစ်ပဲ ရှုပွါးရင် သုခခံစားမှု ကွယ်ပျောက်ပြီး၊ ဆင်းရဲတဲ့ ခံစားမှု (ဒုက္ခဝေဒနာ) ပေါ်လာပါမယ်။ ပရမတ်တရားတွေရဲ့ မမြဲတတ်တဲ့ သဘော အတိုင်း သုခဝေဒနာ ချုပ်သွား ပျက်သွားလို့ပါ။ `သုခဝေဒနာသည် တည်သဖြင့် ချမ်းသာ၏။ ဖေါက်ပြန် ပျက်စီးသဖြင့် ဆင်းရဲ၏။ ဆိုတဲ့ ပါဠိတော်အတိုင်း ပါပဲ။ သုခဝေဒနာ ပြန်ဖြစ်စေချင်တဲ့ သဘောနဲ့မျှော်ရတာ ဆင်းရဲပါတယ်။ ဒါကြောင့် သုခဝေဒနာကိုရှုလို့ ဒုက္ခမြင်မှ အမြင်မှန်ပါတယ်။ သုခဝေဒနာကို သုခပဲမြင်နေ သေးရင် တရားမတက်သေးပါဘူး။ သုခဝေဒနာရဲ့ အပျက်မြင်ပြီး သုခကိုဒုက္ခထင်ပြီ ဆိုတော့မှ သုခဝေဒနာပေါ်မှာဖြစ်တဲ့ ရာဂနုသယဆိုတဲ့ လောဘ မရှိတော့ပါဘူး။ ဒီနေရာမှာ သိထားရမှာက သုခဝေဒနာ ကုန်သွားတာ မဟုတ်ပါဘူး။ သုခဝေဒနာကို အာရုံပြုပြီး ဖြစ်တဲ့ လောဘကိလေသာ ကုန်သွားတာပါ။ ဒါကြောင့် သုခဝေဒနာကိုတွယ်ပြီး မပျက် မပျောက်စေချင်တဲ့ သဘောနဲ့ မရှုရပါဘူး။ ဒုက္ခထင်အောင် ရှုရပါမယ်။ ဥပက်ေခာဝဒေနာ။ ဥပေက္ခာဝေဒနာဟာ အဖြစ်အများဆုံး ဝေဒနာဖြစ်ပေမဲ့ အသိခက်တဲ့ဝေဒနာ ဖြစ်ပါ တယ်။ ဘာလို့အသိခက်သလဲဆိုတော့ မောဟကိန်းနေလို့ပါ။ ဥပေက္ခာဝေဒနာသည် သိမြင်သဖြင့် ချမ်းသာ၏။ မသိမမြင်သဖြင့် ဆင်းရဲ၏လို့ အနိစ္စ မြင်အောင် အဖန်ဖန်ရှုရပါမယ်။ ကောင်း မကောင်းနှစ်ခုတို့၏ အလယ်အလတ် အာရုံကြောင့် ဥပေက္ခာ ဝေဒနာဖြစ်တယ်လို့ ဖြစ်ကြောင်းနှင့်တကွ မြင်အောင်ရှုရပါမယ်။ ဝေဒနာသုံးမျိုးလုံး ရှုရာမှာ ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စမြင်မှ မှန်ပါတယ်။ ဝေဒနာ သုံးအင် အနိစ္စထင် ၊အမြင်မှန်တော့တာ။ ဓမ္မဒူတ ဆရာတော် အရှင်ပညာဇောတ၊ အရှင်ကုမာရ (ညောင်လွန့် ဝိပဿနာ နည်းပြဆရာတော်) တို့ရဲ့ ရေးသားချက်ကို စုပေါင်း ဖော်ပြပါမယ်။ ဖော်ပြသူ အရှင်ဥဇ္ဇယ xxxxxxxxxxxxxxxxxxxxxxxxxxxx ပြန်လည်မျှဝေပါသည်။ဇာဏီ(ကံမ)။ အမှောင်ပျောက်၍ အလင်းရောက်ပါစေ။ ဝဒေနာ နုပူနာ ရှုပှားနညျး ▬▬▬▬▬▬▬▬▬▬▬▬ ၁။ ဝဒေနာဆိုတာ ကုနျအောငျလုပျလို့ မရဘူး။ ကုနျတဲ့အရာမြိုး မဟုတျဘူး။ ၂။ ဖွဈတူ၊ ခြုပျတူ၊ အာရုံတူ၊ ၀တ်ထုတူဖွဈလို့ စိတျ မဖွဈ မကုနျသမြှ ဘယျလိုမှ မကုနျနိုငျဘူး။ ၃။ ဝဒေနာကို ကုနျအောငျလုပျတယျဆိုတာ လမျးမမှနျဘူး။ မိစ်ဆာအယူဖွဈတယျ။ ၄။ နာကငြျကိုကျခဲမှုဟာ ပရမတျရုပျရဲ့ ဖေါကျပွနျမှု သဘောသာဖွဈတယျ။ ၅။ ခံစားမှုသဘောအစုဟာ နာမျဖွဈတယျ။ ပါဠိတောျအရ ဝဒေနာလို့ ခေါျတယျ။ ၆။ ရုပျနာမျမြားဟာ ဒုက်ခသစ်စာမြားဖွဈသဖွငျ့ ပိုငျးခွားသိရမညျ့ တရားအစုဖွဈသညျ။ ပယျပြောကျအောငျ လုပျရမညျ့တရား မဟုတျပါ။ ၇။ ခံစားမှု (ဝဒေနာ) ကိုမှီ၍ဖွဈသော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ စသော ကိလသောမြားကိုသာ ပယျရပါမညျ။ ဝဒေနာဘာကွောငျ့ဖွဈသလဲ။ ဘယျထဲမှာရှိသလဲ (ကိမတ်ထိယဗွဟ်မာစရိယသုတ်တနျ) စက်ခု၀တ်ထု၊ သောတ၀တ်ထု၊ ဃာန၀တ်ထု၊ ဇိဝှာ၀တ်ထု၊ ကာယ၀တ်ထု၊ ဟဒယ၀တ်ထု၊ ခေါျသော အာရုံကိုဖမျးယူနိုငျသော ပသာဒရုပျ ၆ ပါးနှငျ့ ၎င်းငျးတို့နှငျ့ သကျဆိုငျသညျ့ ရူပါရုံ၊ သဒ်ဒါရုံ၊ ဂန်ဓာရုံ၊ ရသာရုံ၊ ဖောဋ်ဌဗ်ဗာရုံ၊ ဓမ်မာရုံ ဆိုသောအာရုံ ၆ ပါးတို့ တိုကျခိုကျမှုကွောငျ့ ဝဒေနာ အပါအ၀ငျ ခန်ဓာ ၅ပါး ပေါျလာသညျ။ ဥပမာ အားဖွငျ့ ဖောဋ်ဌဗ်ဗာရုံနှငျ့ ကာယ၀တ်ထုတိုကျလြှငျ သိစိတျဆိုတာဖွဈတယျ။ အဲဒီ သိစိတျနဲ့ ဝဒေနာဆိုသော စတေသိတျဟာ ဖွဈတူပကြျတူမို့ သိစိတျဖွဈသညျနှငျ့ တဈပွိုငျနကျ ခံစားမှု ဝဒေနာဖွဈပါတယျ။ ဒါကွောငျ့ ဝဒေနာဟာ ၀တ်ထုရုပျထဲမှာ လညျးမရျှိ၊ အာရုံရုပျထဲမှာလညျး မရှိလို့ ဘယျအထဲမှာမှ မရှိဘူး။ ရုပျနှဈခု တိုကျမှဖွဈလာတဲ့ နာမျတရားလေးပဲ။ ရုပျနှဈခု ဆကျတိုကျနရေငျ ဆကျဖွဈနမေယျ။ အာရုံရဲ့သဘာဝ စိတျရဲ့သဘာဝကိုက စဉျဆကျ မပွတျ တခုပွီးတခု တိုကျနလေကြျပါ။ ဒါ့ကွောငျ့ဝဒေနာဟာလညျး စဉျဆကျမပွတျ တခုပွီးတခု ဖွဈပေါျနလေကြျပါပဲ။ ဝဒေနာက ဘာကိုခံစားတာလဲ။ အာရုံရဲ့ အရသာကို ခံစားတာ။ အာရုံတိုငျးမှာ အရသာဆိုတာရှိတယျ။ အာရုံရဲ့အရသာကို ခံစားတတျလို့ ဝဒေနာလို့ခေါျတာ။ နာလို့ ကငြျလို့ ဝဒေနာလို့ ခေါျတာ မဟုတျဘူး။ မွနျမာစကားမှာ နာတာ၊ ကငြျတာ စတာတှနေဲ့ ဝဒေနာဆိုတာနဲ့ ရောနကွေတယျ။ အာရုံရဲ့အရသာ ၃ မြိုးရှိတယျ။ ၁။ ကောငျးတဲ့အာရုံ။ ၂။ မကောငျးတဲ့အာရုံ။ ၃။ ကောငျးဆိုးနှဈခုတို့ရဲ့ အလယျအလတျအာရုံ။ ခန်ဓာကိုယျထဲမှာဖွဈနတေဲ့ နာကငြျ၊ ကိုကျခဲ၊ မူးဝေ၊ အောျဂလီဆနျ၊ နှလုံးတုနျ၊ ရငျခုနျ၊ ယားယံ စသညျတို့ဟာ ရုပျဖေါကျပွနျနတော။ တဈနညျးအားဖွငျ့ သူတို့ဟာ ရုပျအာရုံတှပေါ။ အဲ့ဒီဖေါကျပွနျနတေဲ့ ရုပျအာရုံတိုငျးရဲ့ အရသာကို ဝဒေနာစတေသိတျက လိုကျခံစားနတော။ ဒါကွောငျ့ ရုပျအာရုံက သတျသတျ၊ ခံစားတတျတဲ့ ဝဒေနာက နာမျလို့ ကှဲအောငျရှုရမယျ။ ဖေါကျပွနျမှု ရုပျအာရုံက ထငျရှားပါတယျ။ ခံစားမှု ဝဒေနာက မထငျရှားဘူး။ သိမျမှေ့တယျ။ ဝဒေနာနူပူနာ ရှုပှါးသူ ယောဂီဟာ အဲ့ဒီခံစားတဲ့ သဘောတရားကို ရှုရမှာ။ ရှုပှါးနညျး တရားထိုငျရာမှာ နာကငြျကိုကျခဲတဲ့ ရုပျဒုက်ခကို အရှုမြားကွတယျ။ ဒါပမေဲ့ သူ့သဘော၊ ဘယျလိုဖွဈ၊ ဘယျလိုပကြျတယျလို့ သိအောငျ၊ မွငျအောငျ၊ ထငျအောငျ ရှုပှါး အားထုတျမှု မပွုဘဲ၊ နာကငြျကိုကျခဲတဲ့ ရုပျဒုက်ခကွီးကုနျအောငျ၊ ပြောကျအောငျ ရှုကွတယျ။ ကုနျအောငျ ရှုရမှာမဟုတျဘူး။ သူ့သဘော သဘာ၀ကို သိအောငျ မွငျအောငျ ရှုရမှာ။ ရှုပှါးတဲ့အခါ ကိုယျနဲ့အမြိုးမတောျစပျတဲ့ သူစိမျးလူမမာ တဈယောကျကို ကွညျ့ရှု သလို ရှုပှါးမြားရမယျ။ ဆှမြေိုးလူမမာ ဆိုရငျ ငါ့ဆှမြေိုးဆိုတဲ့ အစှဲအလနျးပါနတေော့ စိတျနစေိတျထား မမှနျကနျပဲ ရှုပှါးပုံမှားနိုငျတယျ။ သူစိမျးလူမမာကို အေးအေးဆေးဆေး လူမမာမေးသလို ဝဒေနာကိုလညျး ငါနှငျ့မဆိုငျ၊ ငါ မပိုငျတဲ့ သူစိမျးပွငျပလို သဘောထားရမယျ။ အနာဆုံးနရော၊ အကငြျဆုံးနရောကို တဈနာပွီးတဈနာ၊ တဈကငြျပွီးတဈကငြျ ပွောငျးလဲနတော ဖွဈပကြျ နတောတှကေို မွငျအောငျ၊သိအောငျ ဉာဏျနဲ့ ရှုကွညျ့နရေမှာ။ နာကငြျ ကိုကျခဲမှု ဒုက်ခဝဒေနာတှေ ကုနျသှားအောငျ ပြောကျသှားအောငျ မရှုရဘူး။ ကိုယျကိုလညျး ခြုပျမထားရ။ တောငျ့တငျး မထားရဘူး။ အလိုကျသငျ့ မြှမြှတတလေး နပေါ။ ဝဒေနာနုပူနာ ရှုသူတှငျ ရှိရမညျ့တရား ၃ ပါး။ ၁။ ဝီရိယ။ ၂။ သတိ၊ ၃။ ပညာ။ ၁။ ဝီရိယ ဆိုတာ တုံးတိုကျတိုကျ၊ ကြားကိုကျကိုကျဆိုတဲ့ တဈဇှတျထိုး ဝီရိယမြိုးကို ဆိုလိုတာ မဟုတျပါဘူး။ ဝဒေနာကို အာရုံပွု၍ဖွဈတဲ့ ကိလသောကို လှနျစှာ ပူပနျစတေတျတဲ့ သမ်မပ်ပဓာနျ လုံ့လမြိုးကိုဆိုတယျ။ သမ်မပ်ပဓာနျလုံ့လ ဆိုတာ ထိုငျရာမထ ဝီရိယမြိုးလဲ မဟုတျဘူး။ သမ်မပ်ပဓာနျ လုံ့လဆိုတာ - ၁။ မဖွဈသေးတဲ့ အကုသိုလျတရားတှေ မဖွဈအောငျ လုံ့လပွုခွငျး။ ၂။ ဖွဈပွီးသား အကုသိုလျတရားတှကေို ပယျနိုငျအောငျ၊ နောကျထပျမဖွဈအောငျ လုံ့လပွုခွငျး။ ၃။ မဖွဈသေးတဲ့ ကုသိုလျတရားတှေ ဖွဈလာအောငျ လုံ့လပွုခွငျး။ ၄။ ဖွဈပွီးသား ကုသိုလျတရားတှကေို တိုးပှါးအောငျ၊ နောကျထပျဖွဈလာအောငျ လုံ့လပွုခွငျး။ တရားအားထုတျနစေဉျမှာ ဖွဈပေါျလာမဲ့ ကိလသောကို ပယျနိုငျတဲ့ ဝီရိယကို ဆိုလိုပါတယျ။ ဝဒေနာကိုပယျတဲ့ ဝီရိယ မဟုတျဘူး။ ကိုယျမှာ အထိုငျကွာရငျ နာတာ၊ ကငြျတာဖွဈလာပါတယျ။ အဲဒါတှကေ ရုပျဒုက်ခတှပေါ။ နာကငြျတာကို ဝဒေနာ လုပျပွီး၊ နာကငြျတာတှေ မပြောကျ၊ မခြုပျသေးရငျ မထရဘူး ဆိုတာ ဘုရားရှငျဆိုလိုတဲ့ ဝီရိယ မဟုတျပါဘူး။ ဝဒေနာက ပိုငျးခွားသိရမဲ့ ဒုက်ခသစ်စာပါ။ ပယျရမဲ့ တရား မဟုတျပါဘူး။ ဝဒေနာကို အာရုံပွုပွီး နောကျဆကျတှဲ ဖွဈပေါျလာတဲ့ ကိလသောတှကေိုသာ ပယျရမှာပါ။ တနညျး သမုဒယသစ်စာပါ။ သစ်စာတရားတှကေို မှားသိနရေငျ မိစ်ဆာဒိဋ်ဌိဖွဈသှားတယျ။ ဝဒေနာကုနျအောငျ၊ ဝဒေနာခြုပျအောငျ၊ ကငြျ့နညျးဆောငျ၊ အလှဲမွငျ့မိုရျတောငျ။ သတိ။ ဝဒေနာကို အောကျမေ့အမှတျရတဲ့ သတိနှငျ့ ပွညျ့စုံရမယျ။ သတိကို ဝဒေနာပေါျ တငျထားရမယျ။ ဝဒေနာဟာ သတိရဲ့တညျရာအဖွဈ ထားပွီး ရှုပှါးမှ ဝဒေနာ နုပူနာ သတိပဋ်ဌာနျဖွဈပါတယျ။ ဝဒေနာပေါျမှာ သတိကို မတငျမထားပဲ ဝဒေနာကိုပြောကျအောငျ ဝီရိယစိုကျလိုကျရငျ သတိမှာ တညျရာမရှိတော့ပါ။ သတိဟာ ဝဒေနာပေါျမှာ မတညျရငျ ဝဒေနာရဲ့ သဘော သဘာ၀၊ အဖွဈအပကြျ၊ အကွောငျးအကြိုးတှကေို မသိနိုငျတော့ပါ။ ၎င်းငျးအပွငျ နာကငြျကိုကျခဲမှုတှကေ အကွောငျးခြုပျလို့ အကြိုးခြုပျတဲ့ သဘောနဲ့ ခဏခြုပျ ခြုပျသှားတာကို ငါမှတျလိုကျလို့ ဝဒေနာကုနျသှားပွီလို့ ယူဆ လိုကျတတျပါတယျ။ အဲ့ဒါဆိုရငျ အကွီးအကယြျ မှားသှားပါပွီ။ အဲ့ဒါဆို ဝဒေနာဟာ အနတ်တ မဟုတျတော့ဘဲ အတ်တဖွဈသှားပါပွီ။ ဝိပူနာ ရှုတယျဆိုတာ အနတ်တမွငျအောငျ ရှုရတာပါ။ ပညာ။ ဝဒေနာကို ကောငျးစှာ သိတတျသော ပညာ အဆငျအခွငျနှငျ့ ပွညျ့စုံသော အသိပညာ ရှိရပါမယျ။ ဆိုလိုတာက ဝဒေနာရဲ့ သဘော သဘာ၀ အကွောငျး အကြိုး၊ အဖွဈအပကြျကို သိတဲ့ပညာကို ခေါျပါတယျ။ ဒုကျခဝဒနော။ ဒုက်ခဝဒေနာဟာ တညျနစေဉျ ဆငျးရဲတယျ။ ပကြျစီးသှားရငျ ခမြျးသာတယျ။ ဒီတော့ ဒုက်ခဝဒေနာ မဖွဈစခေငြျတဲ့၊ ပကြျစခေငြျတဲ့ ဒေါသ ကိလသောဖွဈတယျ။ ဒုက်ခဝဒေနာရဲ့ အဖွဈအပကြျ မွငျမှ ဒုက်ခဝဒေနာပေါျမှာ ကိနျးတဲ့ ပဋိဃနုသယ ဆိုတဲ့ ဒေါသ ခြုပျသှားတယျ။ ဒုက်ခအစဉျ၊ ပကြျပွယျထငျ၊ အမွငျမှနျတော့တာ။ ဒုက်ခရှုစဉျ၊ ဒုက်ခထငျလကြျ၊ စညျပငျတိုးပှါး၊ ဒုက်ခမြားမှာ၊ ပကြျသှားမရှိ၊ တိုးလာဘိ၊ မှားသညျ့အမွငျသာ။ ဒုက်ခဝဒေနာရှုတဲ့အခါ ဒုက်ခဝဒေနာရဲ့ အဖွဈအပကြျကို မွငျအောငျရှုရပါမယျ။ ရုပျဒုက်ခဟာ တဈဖွဈတညျး ဆကျဖွဈနတော မဟုတျပါဘူး။ တဈဖွဈဖွဈ၊ တဈဖွဈပကြျပွီးမှ တဈဖွဈထပျဖွဈ တဈဖွဈထပျခြုပျတာပါ။ ဒါပမေဲ့ အလှနျ လြှငျမွနျတာကွောငျ့ တဈဆကျတညျးလို့ ထငျတာပါ။ စာစကားအနနေဲ့ သန်တတိပညတျလို့ ခေါျပါတယျ။ ဒုက်ခဝဒေနာကို ရှုပှါးနညျး ၂ မြိုး ရှိပါတယျ။ တိုကျရိုကျရှုခွငျးနဲ့ ခှါရှုခွငျးလို့ ခေါျပါတယျ။ တိုကျရိုကျရှုခွငျးဆိုတာ ဒုက်ခဝဒေနာကို သညျးခံပွီး အဆငျးရဲဆုံးနရောမှာ သတိကပျ ပွီး အထပျထပျ ဒုက်ခဝဒေနာ ပကြျပွယျတာ မွငျသညျအထိ ရှုကွညျ့ရပါမယျ။ နာကငြျတဲ့ ဒုက်ခကို သညျးမခံနိုငျတော့ဘူးဆိုရငျ မူလကမ်မဋ်ဌာနျးဖွဈတဲ့ နှာခေါငျးမှာ လေ၀ငျတိုငျး ထှကျတိုငျး တိုးတဲ့ ထိတဲ့ သဘောကို ပွောငျးရှုပါ။ ဒါပမေဲ့ ဒုက်ခဝဒေနာက ပိုပွငျး လာတယျဆိုရငျ ဣရိယာပုထျကို ပွောငျးပေး ပွငျပေးပါ။ ပွောငျးဆဲပွငျဆဲမှာ အနာဆုံး နရောကို သတိကပျပွီး ဒုက်ခဝဒေနာ ဘယျလိုပွောငျးလဲနတော သိအောငျလုပျပါ။ ဒုက်ခဝဒေနာကို ခှါရှုခွငျး ဆိုတာကတော့ ဒုက်ခဝဒေနာကို မရှုပှါးပဲ အခွားသော အာရုံတို့ကို ရှုပှါးခွငျးပါ။ ဥပမာ ခိုးသားတှေ အဖမျးခံရတဲ့ ရှငျတိူဟာ မိမိခွနှေဈခြောငျးကို ခြိုးပွီးနောကျ မိမိရဲ့ သီလစငျကွယျပုံကို အာရုံပွုပါတယျ။ ခွကြေိုးလို့နာတဲ့ ဒုက်ခ ဝဒေနာကို မရှုပှါးပါဘူး။ သုခေ၀ဒနာ။ ဒုက်ခဝဒေနာထကျ သုခဝဒေနာက ပိုပွီး နူးည့ံ့သိမျမှေ့တယျ။ ဒါကွောငျ့ သုခဝဒေနာကို တိုကျရိုကျရှုဖို့ မလှယျဘူး။ ဝဒေနာဟာ ရုပျလိုမထငျရှားဘူး။ အမြားအားဖွငျ့ ရုပျသုခ၊ ရုပျဒုက်ခကို နာမျဝဒေနာလုပျပွီး ရှုနကွေတယျ။ နာမျဝဒေနာဟာ တဈဆငျ့ခံ ဖွဈနတေော့ အရှုရခကျတယျ။ ဥပမာ။ ပူနတေဲ့ အခြိနျ လအေေးလေး တိုကျတယျ ဆိုပါစို့။ လအေေးကွောငျ့ ခမြျးသာတာက ရုပျ။ ခမြျးသာတယျလို့ သိတာက ဝိညာဏျ (သိစိတျ)၊ ခမြျးသာတာကို ခံစားတာက ဝဒေနာ။ အဲ့ဒီလို ကှဲပွားအောငျ ရှုကွညျ့ ရမှာ။ သုခဝဒေနာ အာရုံကို သတိမလဈပဲ ရှုပှါးရငျ သုခခံစားမှု ကှယျပြောကျပွီး၊ ဆငျးရဲတဲ့ ခံစားမှု (ဒုက်ခဝဒေနာ) ပေါျလာပါမယျ။ ပရမတျတရားတှရေဲ့ မမွဲတတျတဲ့ သဘော အတိုငျး သုခဝဒေနာ ခြုပျသှား ပကြျသှားလို့ပါ။ `သုခဝဒေနာသညျ တညျသဖွငျ့ ခမြျးသာ၏။ ဖေါကျပွနျ ပကြျစီးသဖွငျ့ ဆငျးရဲ၏။ ဆိုတဲ့ ပါဠိတောျအတိုငျး ပါပဲ။ သုခဝဒေနာ ပွနျဖွဈစခေငြျတဲ့ သဘောနဲ့မြှောျရတာ ဆငျးရဲပါတယျ။ ဒါကွောငျ့ သုခဝဒေနာကိုရှုလို့ ဒုက်ခမွငျမှ အမွငျမှနျပါတယျ။ သုခဝဒေနာကို သုခပဲမွငျနေ သေးရငျ တရားမတကျသေးပါဘူး။ သုခဝဒေနာရဲ့ အပကြျမွငျပွီး သုခကိုဒုက်ခထငျပွီ ဆိုတော့မှ သုခဝဒေနာပေါျမှာဖွဈတဲ့ ရာဂနုသယဆိုတဲ့ လောဘ မရှိတော့ပါဘူး။ ဒီနရောမှာ သိထားရမှာက သုခဝဒေနာ ကုနျသှားတာ မဟုတျပါဘူး။ သုခဝဒေနာကို အာရုံပွုပွီး ဖွဈတဲ့ လောဘကိလသော ကုနျသှားတာပါ။ ဒါကွောငျ့ သုခဝဒေနာကိုတှယျပွီး မပကြျ မပြောကျစခေငြျတဲ့ သဘောနဲ့ မရှုရပါဘူး။ ဒုက်ခထငျအောငျ ရှုရပါမယျ။ ဥပကျခောဝဒနော။ ဥပကေ်ခာဝဒေနာဟာ အဖွဈအမြားဆုံး ဝဒေနာဖွဈပမေဲ့ အသိခကျတဲ့ဝဒေနာ ဖွဈပါ တယျ။ ဘာလို့အသိခကျသလဲဆိုတော့ မောဟကိနျးနလေို့ပါ။ ဥပကေ်ခာဝဒေနာသညျ သိမွငျသဖွငျ့ ခမြျးသာ၏။ မသိမမွငျသဖွငျ့ ဆငျးရဲ၏လို့ အနိစ်စ မွငျအောငျ အဖနျဖနျရှုရပါမယျ။ ကောငျး မကောငျးနှဈခုတို့၏ အလယျအလတျ အာရုံကွောငျ့ ဥပကေ်ခာ ဝဒေနာဖွဈတယျလို့ ဖွဈကွောငျးနှငျ့တကှ မွငျအောငျရှုရပါမယျ။ ဝဒေနာသုံးမြိုးလုံး ရှုရာမှာ ဖွဈပွီးပကြျသှားတဲ့ အနိစ်စမွငျမှ မှနျပါတယျ။ ဝဒေနာ သုံးအငျ အနိစ်စထငျ ၊အမွငျမှနျတော့တာ။ ဓမ်မဒူတ ဆရာတောျ အရှငျပညာဇောတ၊ အရှငျကုမာရ (ညောငျလှနျ့ ဝိပူနာ နညျးပွဆရာတောျ) တို့ရဲ့ ရေးသားခကြျကို စုပေါငျး ဖောျပွပါမယျ။ ဖောျပွသူ အရှငျဥဇ်ဇယ xxxxxxxxxxxxxxxxxxxxxxxxxxxx ပွနျလညျမြှဝပေါသညျ။ဇာဏီ(ကံမ)။ အမှောငျပြောကျ၍ အလငျးရောကျပါစေ။


via အလင်းရောင် ဓမ္မ https://ift.tt/2CAnzJj