အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, November 12, 2019
#လောသကတိဿ မထေရ်၏ဝဋ်ကြွေး 🌻🌹🌹🌹🌹🌹🌹🌹🌹🌻 သာဝတ္ထိမြို့အနီးရှိ အိမ်ခြေ(၁၀၀၀)ရှိသော တံငါရွာ တစ်ရွာရှိ တံငါသည်မတစ်ဦး၌ ကိုယ်ဝန်ရှိလာသည်။ ထိုတံငါသည်မ ကိုယ်ဝန်တည်သောအချိန်မှစ၍ တံငါရွာကြီးတစ်ရွာလုံး ငါးရှာမရရုံသာမက မီး(၇)ကြိမ်လောင်သည်။ မင်းဘေးဒဏ်(၇)ကြိမ်သင့်ခံရသည်။ တစ်ရွာလုံး တစ်ခဏချင်းပင် ဆင်းရဲသွား လေသည်။ ထိုအခါ စဉ်းစားဉာဏ်ရှိသော လူကြီးတို့က- “ငါတို့ရွာမှာ ကံဆိုးသူရှိလိမ့်မည်။ ရွာရှိလူကို တစ်ဝက်စီခွဲကြစို့” ဟု တိုင်ပင်ပြီး တစ်ဝက်စီ ခွဲကြသည်။ ထို ကိုယ်ဝန်သည်အမျိုးသမီး ပါသောဘက်က ရှေးနည်းအတူ ငါးရှာမရ ဆင်းရဲသည်။ သို့အတွက် ထပ်၍ခွဲကြရာ နောက်ဆုံး၌ ကိုယ်ဝန်ရှိသော မိန်းမတစ်ယောက်သာ ကျန်ရှိခဲ့လေသည်။ ထိုကိုယ်ဝန်သည်မသည် ကလေးကို ဆင်းရဲပင်ပန်းစွာ မွေးပြီး ကလေးကိုပြုစုသည်။ ကလေးနှင့်အတူ ငါးရှာကငါးမရ၊ လှည့်လည်တောင်းခံစားလည်း မရပေ။ သို့အတွက် ကလေးကို တစ်နေရာသွားထားပြီး တောင်းရမ်းစားသောက်ရသည်။ မိခင်သည် သူငယ်ကလေး သွားလာနိုင်သည့်အခါ ခွက်ကိုအပ်ကာ တောင်းရမ်းစားသောက် စေသည်။ မိမိကမူ ထိုကလေးကို စွန့်ခွာကာ လွတ်ရာသို့ ထွက်ပြေးသွားရလေသည်။ ကလေးငယ်သည် ထိုခွက်ကလေးဖြင့် တောင်းရမ်း စားသောက်၍ ဆင်းရဲစွာ အသက်မွေးရလေသည်။ ဤသို့ဖြင့် (၇)နှစ်သားအရွယ်ရောက်လာသည်။ တစ်နေ့တွင် အိမ်တစ်အိမ်၏ တံခါးဝ ထမင်းအိုး ဆေးရည် စွန့်ရာဌာန၌ ကျီးငှက်ပမာ ထမင်းလုံး တစ်လုံးစီ ရှာဖွေကောက်ယူစားသောက်နေသော ထိုကလေးကို သာဝတ္ထိမြို့ထဲသို့ ဆွမ်းခံ ဝင်လာသော အရှင်သာရိပုတ္တရာက မြင်တော်မူပြီး ကလေးကို အလွန်သနားလှသောကြောင့် ကျောင်းသို့ ခေါ်သွားသည်။ ကိုယ်တိုင်ရေမိုးချိုး ကျွေးမွေးပြီး ရှင်ပြု ပေးထားလိုက်သည်။ အသက်(၂၀)ပြည့် သောအခါ ရဟန်းခံပေးထားသည်။ လူဘဝ၊ သာမဏေဘဝ အစားဝအောင် မစားရ၊ ရှာဖွေမရသော ပုဂ္ဂိုလ်ဖြစ်၍ လောသကတိဿ ဟု အမည်တွင်ခဲ့သည်။ ရဟန်းဘဝတွင် ဝိပဿနာတရားကို ကြိုးစားအားထုတ်ရာ ရှေးရဟန်းဘဝတုန်းက သီလရှိခဲ့သော ပုဂ္ဂိုလ်ဖြစ်ခဲ့၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့လေသည်။ ရဟန္တာဖြစ်သွားသော်လည်း ဘုန်းကံနည်းပါး၊ လာဘ်လာဘ အလွန် ရှားပါးသောသူ ဖြစ်သည်။ အသဒိသအလှူကြီးပေးလှူသော်လည်း လောသကတိဿမထေရ်မှာ ဆွမ်းဝအောင် မဘုဉ်းပေးရချေ၊ အသက်ရှင်ရုံမျှသာ စားသောက်ရသည်။ ထိုရဟန်းသပိတ်ထဲသို့ ယာဂုတစ်ဇွန်း ထည့်လိုက်ရုံမျှဖြင့် ပြည့်သွားပြီဟု အလှူရှင်တို့၏ စိတ်ထဲတွင် ထင်မှတ်သွားပြီး နောက်တစ်ဇွန်း ထပ်မလောင်းလှူတော့ပေ။ တစ်ခါတစ်ရံ သပိတ်ထဲသို့ ယာဂုဆွမ်း စသည်တို့ကို လှူဒါန်းမည်ပြုသည့်အခါ အလှူရှင်တို့၏ ခွက်ထဲ၌ ယာဂုစသည်တို့ ပျောက်နေတတ်သည်။ လောသကတိဿမထေရ် ပရိနိဗ္ဗာန် စံတော်မူသည့်နေ့တွင် ဆရာရင်းဖြစ်သူ အရှင်သာရိပုတ္တရာက- “ငါ့တပည့်...ဒီနေ့ ပရိနိဗ္ဗာန်စံတော့မည်၊ ငါ့တပည့်အား အစာဝအောင်လှူဒါန်း ကျွေးမွေးသင့်သည်” ဟု ကြံစည်ပြီး လောသကတိဿမထေရ်ကို ခေါ်ယူကာ မိမိနှင့်အတူ ဆွမ်းခံဝင်ခဲ့သည်။ လောသကတိဿမထေရ်ကြောင့် အရှင်သာရိပုတ္တရာကြီးပင် ကန်တော့ဆွမ်း မျှကိုပင် မရတော့ချေ။ ထို့ကြောင့် လောသကတိဿမထေရ်ကို ပြန်လွှတ်ပြီး မိမိတစ်ပါးတည်း ဆွမ်းဆက်ခံသည်။ ထိုအခါကျမှ ဆွမ်းဒါယကာရပြီး ဆွမ်းစားရသည်။ အရှင်သာရိပုတ္တရာက အိမ်ကလူများကို လောသကတိဿမထေရ်အတွက် ဆွမ်းပို့ခိုင်းလိုက်သည်။ ဆွမ်းပို့သူက သတိမေ့ပြီး ထိုဆွမ်းကို လမ်းတွင် ချ၍ မိမိဘာသာ စားပစ်လိုက်လေသည်။ အရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်၍ ဆွမ်းမရကြောင်းနှင့် လောသကတိဿမထေရ် ဆွမ်းမစားရသေးကြောင်း သိရပြီး ကြီးစွာသော သတိသံဝေဂ ဖြစ်မိသည်။ ထို့ကြောင့် ရှင်သာရိပုတ္တရာသည် အချိန်ကို ကြည့်သည်။ အချိန်ရှိသေး၍ ကောသလမင်း နန်းတော်သို့ကြွကာ စတုမဓူကို အလှူခံပြီး ကျွေးမွေးရလေသည်။ ထိုသို့ကျွေးမွေးရာ၌လည်း သပိတ်ကို လွှတ်ပေးလိုက်လျှင် သပိတ်ပါ ကွယ်ပျောက်သွားမည် စိုးသဖြင့် အရှင်သာရိပုတ္တရာကိုယ်တော်တိုင် သပိတ်ကိုကိုင်၍ ကျွေးတော်မူမှ ထိုစတုမဓူကို အဝဘုဉ်းပေးရပြီးနောက် ပရိနိဗ္ဗာန်ပြုလေသည်။ “အတိတ်မကောင်းမှုကံ” ********************** ဤမျှ ကြောက်စရာကောင်းသောဝဋ်ကြွေးကို ခံစားရသည့် လောသကတိဿမထေရ်၏ အတိတ်ဘဝအကုသိုလ်ကံမှာ- ကဿပဘုရားရှင်လက်ထက်က ဖြစ်သည်။ သူကြွယ်တစ်ယောက် ကိုးကွယ်ခံရသော ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရှိသည်။ ထိုဘုန်းကြီးသည် သီလကောင်း- အကျင့်ကောင်း ရှိသည်။ တစ်နေ့တွင် အာဂန္တုရဟန်းတစ်ပါး ကျောင်းသို့ ကြွလာပြီး တည်းခိုသည်။ ထိုရဟန်းကို ကျောင်းဒါယကာသူကြွယ်က တွေ့မြင်သွားပြီးနောက် နေ့ဆွမ်းစားအတူကြွရန် ဖိတ်ကြားသည်။ ကျောင်းနေရဟန်းသည် “ဤရဟန်းသည် ငါ့ဒါယကာ ကျွေးသောဆွမ်းကို ကောင်းကောင်းစားနေရလျှင် ဤကျောင်းမှ ခွာမည်မဟုတ်” ဟု အာဝါသမစ္ဆရိယဖြစ်ပြီးလျှင် နောက်နေ့ ဆွမ်းစားကြွခါနီးဝယ် အာဂန္တုက ရဟန်းကို မနိုးလေအောင် ခေါင်းလောင်းကို လက်သည်းဖြင့်ထိုး၍ ကြွသွားလေသည်။ အိမ်ရောက်၍ သူကြွယ်ကမေးသောအခါ- “ဒါယကာကြီးကိုယ်တော်က အလွန်အအိပ်ကြီးသည်၊ ခေါင်းလောင်းထိုးတာတောင် မနိုး၍ ထားခဲ့သည်” ဟု လိမ်ညာပြောဆိုခဲ့သည်။ ကျောင်းဒါယကာသည် အာဂန္တုက ရဟန်းအတွက် ဆွမ်းများစီမံပြီး ပေးလှူလိုက်လေသည်။ ကျောင်းနေရဟန်းသည် ဤကောင်းမွန်သော ဘောဇဉ်တွေကို စားနေရရင် ဒီကပြန်မှာ မဟုတ်ဘူး ဟုတွေးပြီး “အာဝါသမစ္ဆရိယ၊ ကုလမစ်ဆရိယ၊ လာဘမစ်ဆရိယ” ဝငျကာ ဒါယကာ ပေးလိုက်သော ဆွမ်းဘောဇဉ်များကို လမ်းတွင်တွေ့ရသော လယ်ယာမီးလောင် ကွက်ထဲသို့ သွန်းလောင်းပြီး မီးရှို့ခဲ့လေသည်။ အာဂန္တုကရဟန်းတော်သည် ကျောင်းထိုင် ဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွသွားတော်မူလေသည်။ ကျောင်းရောက်၍ အာဂန္တုရဟန်းကို မတွေ့ရသောအခါ- “ဒီကိုယ်တော် ရဟန္တာဖြစ်မယ်ထင်တယ်။ ငါ့စိတ်သဘောကို သိလို့ အရပ်တစ်ပါး ကြွသွားတာ ဖြစ်မယ်။ ငါသည် ဝမ်းရေးကြောင့် ရဟန်းတော်တို့နှင့် မသင့်လျော်သော အမှုကို ပြုမိလေပြီ” ဟု အလွန်စိတ်မချမ်မသာ သောကဝေဒနာ ခံစားရလေသည်။ ထိုမှစုတေသော် ငရဲသို့ကျရောက်ရလေသည်။ ထိုငရဲမှ လွတ်ပြီးနောက် ဘီလူးဘဝ(၅၀၀)၊ ခွေးဘဝ(၅၀၀)တို့ဖြစ်ရသည်။ ဖြစ်ရသည့် ဘဝတိုင်း၌ အစားအစာ ဝလင်အောင် မစားခဲ့ရပေ။ ကြောက်စရာကောင်းသော ဝန်တိုမှု့နှင့် ရဟန္တာများကို ပြစ်မှားမိခဲ့ကြသော ကာယကံ- ဝစီကံ-မနောကံစေတနာတို့၏ ဝဋ်ကြွေးခံရမှု သည် အလွန်ပင် ကြောက်စရာကောင်းလှ သည်ကို သတိပြုမိကြရန် လိုအပ်လှပါသည်။ ။ #VenNyaNa #DMBRSBHC MDY! 🙏🙏🙏အပ်ပမာဒနေ သမ်ပာဒထေ🙏🙏🙏 #ေလာသကတိႆ မေထရ္၏ဝဋ္ေႂကြး 🌻🌹🌹🌹🌹🌹🌹🌹🌹🌻 သာဝတၳိၿမိဳ႕အနီးရွိ အိမ္ေျခ(၁၀၀၀)ရွိေသာ တံငါ႐ြာ တစ္႐ြာရွိ တံငါသည္မတစ္ဦး၌ ကိုယ္ဝန္ရွိလာသည္။ ထိုတံငါသည္မ ကိုယ္ဝန္တည္ေသာအခ်ိန္မွစ၍ တံငါ႐ြာႀကီးတစ္႐ြာလုံး ငါးရွာမရ႐ုံသာမက မီး(၇)ႀကိမ္ေလာင္သည္။ မင္းေဘးဒဏ္(၇)ႀကိမ္သင့္ခံရသည္။ တစ္႐ြာလုံး တစ္ခဏခ်င္းပင္ ဆင္းရဲသြား ေလသည္။ ထိုအခါ စဥ္းစားဉာဏ္ရွိေသာ လူႀကီးတို႔က- “ငါတို႔႐ြာမွာ ကံဆိုးသူရွိလိမ့္မည္။ ႐ြာရွိလူကို တစ္ဝက္စီခြဲၾကစို႔” ဟု တိုင္ပင္ၿပီး တစ္ဝက္စီ ခြဲၾကသည္။ ထို ကိုယ္ဝန္သည္အမ်ိဳးသမီး ပါေသာဘက္က ေရွးနည္းအတူ ငါးရွာမရ ဆင္းရဲသည္။ သို႔အတြက္ ထပ္၍ခြဲၾကရာ ေနာက္ဆုံး၌ ကိုယ္ဝန္ရွိေသာ မိန္းမတစ္ေယာက္သာ က်န္ရွိခဲ့ေလသည္။ ထိုကိုယ္ဝန္သည္မသည္ ကေလးကို ဆင္းရဲပင္ပန္းစြာ ေမြးၿပီး ကေလးကိုျပဳစုသည္။ ကေလးႏွင့္အတူ ငါးရွာကငါးမရ၊ လွည့္လည္ေတာင္းခံစားလည္း မရေပ။ သို႔အတြက္ ကေလးကို တစ္ေနရာသြားထားၿပီး ေတာင္းရမ္းစားေသာက္ရသည္။ မိခင္သည္ သူငယ္ကေလး သြားလာနိုင္သည့္အခါ ခြက္ကိုအပ္ကာ ေတာင္းရမ္းစားေသာက္ ေစသည္။ မိမိကမူ ထိုကေလးကို စြန့္ခြာကာ လြတ္ရာသို႔ ထြက္ေျပးသြားရေလသည္။ ကေလးငယ္သည္ ထိုခြက္ကေလးျဖင့္ ေတာင္းရမ္း စားေသာက္၍ ဆင္းရဲစြာ အသက္ေမြးရေလသည္။ ဤသို႔ျဖင့္ (၇)ႏွစ္သားအ႐ြယ္ေရာက္လာသည္။ တစ္ေန႕တြင္ အိမ္တစ္အိမ္၏ တံခါးဝ ထမင္းအိုး ေဆးရည္ စြန့္ရာဌာန၌ က်ီးငွက္ပမာ ထမင္းလုံး တစ္လုံးစီ ရွာေဖြေကာက္ယူစားေသာက္ေနေသာ ထိုကေလးကို သာဝတၳိၿမိဳ႕ထဲသို႔ ဆြမ္းခံ ဝင္လာေသာ အရွင္သာရိပုတၱရာက ျမင္ေတာ္မူၿပီး ကေလးကို အလြန္သနားလွေသာေၾကာင့္ ေက်ာင္းသို႔ ေခၚသြားသည္။ ကိုယ္တိုင္ေရမိုးခ်ိဳး ေကြၽးေမြးၿပီး ရွင္ျပဳ ေပးထားလိုက္သည္။ အသက္(၂၀)ျပည့္ ေသာအခါ ရဟန္းခံေပးထားသည္။ လူဘဝ၊ သာမေဏဘဝ အစားဝေအာင္ မစားရ၊ ရွာေဖြမရေသာ ပုဂၢိုလ္ျဖစ္၍ ေလာသကတိႆ ဟု အမည္တြင္ခဲ့သည္။ ရဟန္းဘဝတြင္ ဝိပႆနာတရားကို ႀကိဳးစားအားထုတ္ရာ ေရွးရဟန္းဘဝတုန္းက သီလရွိခဲ့ေသာ ပုဂၢိုလ္ျဖစ္ခဲ့၍ မၾကာမီ ရဟႏၱာ ျဖစ္ခဲ့ေလသည္။ ရဟႏၱာျဖစ္သြားေသာ္လည္း ဘုန္းကံနည္းပါး၊ လာဘ္လာဘ အလြန္ ရွားပါးေသာသူ ျဖစ္သည္။ အသဒိသအလႉႀကီးေပးလႉေသာ္လည္း ေလာသကတိႆမေထရ္မွာ ဆြမ္းဝေအာင္ မဘုဥ္းေပးရေခ်၊ အသက္ရွင္႐ုံမွ်သာ စားေသာက္ရသည္။ ထိုရဟန္းသပိတ္ထဲသို႔ ယာဂုတစ္ဇြန္း ထည့္လိုက္႐ုံမွ်ျဖင့္ ျပည့္သြားၿပီဟု အလႉရွင္တို႔၏ စိတ္ထဲတြင္ ထင္မွတ္သြားၿပီး ေနာက္တစ္ဇြန္း ထပ္မေလာင္းလႉေတာ့ေပ။ တစ္ခါတစ္ရံ သပိတ္ထဲသို႔ ယာဂုဆြမ္း စသည္တို႔ကို လႉဒါန္းမည္ျပဳသည့္အခါ အလႉရွင္တို႔၏ ခြက္ထဲ၌ ယာဂုစသည္တို႔ ေပ်ာက္ေနတတ္သည္။ ေလာသကတိႆမေထရ္ ပရိနိဗၺာန္ စံေတာ္မူသည့္ေန႕တြင္ ဆရာရင္းျဖစ္သူ အရွင္သာရိပုတၱရာက- “ငါ့တပည့္...ဒီေန႕ ပရိနိဗၺာန္စံေတာ့မည္၊ ငါ့တပည့္အား အစာဝေအာင္လႉဒါန္း ေကြၽးေမြးသင့္သည္” ဟု ႀကံစည္ၿပီး ေလာသကတိႆမေထရ္ကို ေခၚယူကာ မိမိႏွင့္အတူ ဆြမ္းခံဝင္ခဲ့သည္။ ေလာသကတိႆမေထရ္ေၾကာင့္ အရွင္သာရိပုတၱရာႀကီးပင္ ကန္ေတာ့ဆြမ္း မွ်ကိုပင္ မရေတာ့ေခ်။ ထို႔ေၾကာင့္ ေလာသကတိႆမေထရ္ကို ျပန္လႊတ္ၿပီး မိမိတစ္ပါးတည္း ဆြမ္းဆက္ခံသည္။ ထိုအခါက်မွ ဆြမ္းဒါယကာရၿပီး ဆြမ္းစားရသည္။ အရွင္သာရိပုတၱရာက အိမ္ကလူမ်ားကို ေလာသကတိႆမေထရ္အတြက္ ဆြမ္းပို႔ခိုင္းလိုက္သည္။ ဆြမ္းပို႔သူက သတိေမ့ၿပီး ထိုဆြမ္းကို လမ္းတြင္ ခ်၍ မိမိဘာသာ စားပစ္လိုက္ေလသည္။ အရွင္သာရိပုတၱရာ ေက်ာင္းျပန္ေရာက္၍ ဆြမ္းမရေၾကာင္းႏွင့္ ေလာသကတိႆမေထရ္ ဆြမ္းမစားရေသးေၾကာင္း သိရၿပီး ႀကီးစြာေသာ သတိသံေဝဂ ျဖစ္မိသည္။ ထို႔ေၾကာင့္ ရွင္သာရိပုတၱရာသည္ အခ်ိန္ကို ၾကည့္သည္။ အခ်ိန္ရွိေသး၍ ေကာသလမင္း နန္းေတာ္သို႔ႂကြကာ စတုမဓူကို အလႉခံၿပီး ေကြၽးေမြးရေလသည္။ ထိုသို႔ေကြၽးေမြးရာ၌လည္း သပိတ္ကို လႊတ္ေပးလိုက္လွ်င္ သပိတ္ပါ ကြယ္ေပ်ာက္သြားမည္ စိုးသျဖင့္ အရွင္သာရိပုတၱရာကိုယ္ေတာ္တိုင္ သပိတ္ကိုကိုင္၍ ေကြၽးေတာ္မူမွ ထိုစတုမဓူကို အဝဘုဥ္းေပးရၿပီးေနာက္ ပရိနိဗၺာန္ျပဳေလသည္။ “အတိတ္မေကာင္းမႈကံ” ********************** ဤမွ် ေၾကာက္စရာေကာင္းေသာဝဋ္ေႂကြးကို ခံစားရသည့္ ေလာသကတိႆမေထရ္၏ အတိတ္ဘဝအကုသိုလ္ကံမွာ- ကႆပဘုရားရွင္လက္ထက္က ျဖစ္သည္။ သူႂကြယ္တစ္ေယာက္ ကိုးကြယ္ခံရေသာ ေက်ာင္းထိုင္ဘုန္းႀကီးတစ္ပါးရွိသည္။ ထိုဘုန္းႀကီးသည္ သီလေကာင္း- အက်င့္ေကာင္း ရွိသည္။ တစ္ေန႕တြင္ အာဂႏၱဳရဟန္းတစ္ပါး ေက်ာင္းသို႔ ႂကြလာၿပီး တည္းခိုသည္။ ထိုရဟန္းကို ေက်ာင္းဒါယကာသူႂကြယ္က ေတြ႕ျမင္သြားၿပီးေနာက္ ေန႕ဆြမ္းစားအတူႂကြရန္ ဖိတ္ၾကားသည္။ ေက်ာင္းေနရဟန္းသည္ “ဤရဟန္းသည္ ငါ့ဒါယကာ ေကြၽးေသာဆြမ္းကို ေကာင္းေကာင္းစားေနရလွ်င္ ဤေက်ာင္းမွ ခြာမည္မဟုတ္” ဟု အာဝါသမစ္ဆရိယျဖစ္ၿပီးလွ်င္ ေနာက္ေန႕ ဆြမ္းစားႂကြခါနီးဝယ္ အာဂႏၱဳက ရဟန္းကို မနိုးေလေအာင္ ေခါင္းေလာင္းကို လက္သည္းျဖင့္ထိုး၍ ႂကြသြားေလသည္။ အိမ္ေရာက္၍ သူႂကြယ္ကေမးေသာအခါ- “ဒါယကာႀကီးကိုယ္ေတာ္က အလြန္အအိပ္ႀကီးသည္၊ ေခါင္းေလာင္းထိုးတာေတာင္ မနိုး၍ ထားခဲ့သည္” ဟု လိမ္ညာေျပာဆိုခဲ့သည္။ ေက်ာင္းဒါယကာသည္ အာဂႏၱဳက ရဟန္းအတြက္ ဆြမ္းမ်ားစီမံၿပီး ေပးလႉလိုက္ေလသည္။ ေက်ာင္းေနရဟန္းသည္ ဤေကာင္းမြန္ေသာ ေဘာဇဥ္ေတြကို စားေနရရင္ ဒီကျပန္မွာ မဟုတ္ဘူး ဟုေတြးၿပီး “အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ” ဝင်ကာ ဒါယကာ ေပးလိုက္ေသာ ဆြမ္းေဘာဇဥ္မ်ားကို လမ္းတြင္ေတြ႕ရေသာ လယ္ယာမီးေလာင္ ကြက္ထဲသို႔ သြန္းေလာင္းၿပီး မီးရွို႔ခဲ့ေလသည္။ အာဂႏၱဳကရဟန္းေတာ္သည္ ေက်ာင္းထိုင္ ဘုန္းႀကီး၏ စိတ္ဓာတ္ကို သိေတာ္မူ၍ ေစာေစာကပင္ ေကာင္းကင္ခရီးျဖင့္ လိုရာအရပ္သို႔ ႂကြသြားေတာ္မူေလသည္။ ေက်ာင္းေရာက္၍ အာဂႏၱဳရဟန္းကို မေတြ႕ရေသာအခါ- “ဒီကိုယ္ေတာ္ ရဟႏၱာျဖစ္မယ္ထင္တယ္။ ငါ့စိတ္သေဘာကို သိလို႔ အရပ္တစ္ပါး ႂကြသြားတာ ျဖစ္မယ္။ ငါသည္ ဝမ္းေရးေၾကာင့္ ရဟန္းေတာ္တို႔ႏွင့္ မသင့္ေလ်ာ္ေသာ အမႈကို ျပဳမိေလၿပီ” ဟု အလြန္စိတ္မခ်မ္မသာ ေသာကေဝဒနာ ခံစားရေလသည္။ ထိုမွစုေတေသာ္ ငရဲသို႔က်ေရာက္ရေလသည္။ ထိုငရဲမွ လြတ္ၿပီးေနာက္ ဘီလူးဘဝ(၅၀၀)၊ ေခြးဘဝ(၅၀၀)တို႔ျဖစ္ရသည္။ ျဖစ္ရသည့္ ဘဝတိုင္း၌ အစားအစာ ဝလင္ေအာင္ မစားခဲ့ရေပ။ ေၾကာက္စရာေကာင္းေသာ ဝန္တိုမႈ႕ႏွင့္ ရဟႏၱာမ်ားကို ျပစ္မွားမိခဲ့ၾကေသာ ကာယကံ- ဝစီကံ-မေနာကံေစတနာတို႔၏ ဝဋ္ေႂကြးခံရမႈ သည္ အလြန္ပင္ ေၾကာက္စရာေကာင္းလွ သည္ကို သတိျပဳမိၾကရန္ လိုအပ္လွပါသည္။ ။ #VenNyaNa #DMBRSBHC MDY! 🙏🙏🙏အပ္ပမာဒေန သမ္ပာဒေထ🙏🙏🙏
via အလင္းေရာင္ ဓမၼ https://ift.tt/34Uxeqe
Newer Post
Older Post
Home