Saturday, November 16, 2019

အကောင်းဆုံးယတြာ ချေကြပါ။ ---------------------- (ကောင်း လွန်းလို့ တင်ပေးလိုက်တာပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါ။ ဖတ်ပြီးလျှင်လည်း တပါးသူများကို ပြန်လည်ပို့ချပေးပါ။ ) ၁။ ဝင်ငွေမ ကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။ ၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အကောင်းဆုံးယတြာ။ ၃။ ရန်လိုနေတဲ့လူနဲ့ ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။ ၄။ ဒေါသထွက်စရာ ကြုံတဲ့အခါ စိတ်ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား ခြင်းဟာ အကောင်းဆုံးယတြာ။ ၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင် ကံ ကံရဲ့အကျိုးကိုလက်ခံနိူင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ။ ၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက် အကောင်းဆုံးယတြာ။ ၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ အသိအလိမ္မာတိုးတက်စေဖို့အတွက် အကောင်းဆုံးယတြာ။ ၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည် ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေရောက်စေဖို့အတွက် အကောင်းဆုံးယတြာ။ ၉။ တစ်စုံတစ်ရာ ကျွေးမွေး ပေးအပ်သူကို ကျေးဇူးရှင် တစ်ဦးအဖြစ် မမေ့အပ်တာ အကောင်းဆုံးယတြာ။ ၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်စွာ လုပ်တာ အကောင်းဆုံးယတြာ။ ၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ ပညာရှိ လူကြီးမိဘရဲ့ ဆိုဆုံးမမှုကို လိုက်နာတာ အကောင်းဆုံးယတြာ။ ၁၂။ မရ သေးတဲ့ဥစ္စာကို အပူတပြင်းမတောင့်တ မလိုချင်တာ စိတ်ချမ်းသာစေဖို့အတွက် အကောင်းဆုံးယတြာ။ ၁၃။ တတ်နိူင် သလောက် စုဆောင်းသွားတာဟာ အနာဂတ်ခရီးအတွက် အကောင်းဆုံးယတြာ။ ၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာ စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိူင်အောင် သတိထားမွေးမြူခြင်းဟာ မိမိ မပျက်စီးဖို့အတွက် အကောင်းဆုံးယတြာ။ ၁၅။စီးပွားဖြစ်တဲ့အခါ အောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင်တာ အကောင်းဆုံးယတြာ။ ၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာ ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ နောင်ရေးအတွက် အကောင်းဆုံး ယတြာ။ ၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါ လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ အောင်မြင်ကြီးပွားဖို့အတွက် အကောင်းဆုံးယတြာ။ ၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမပြောတာ နောင်မှ နောင် တ ရ တယ်ဆိုတဲ့ အဖြစ်မျိုးကို မ ရောက်ဖို့ အတွက် အကောင်းဆုံးယတြာ။ ၁၉။သုံးနိူင်တဲ့အခြေအနေရှိရက်နဲ့ စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲတာဟာ နောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက် အကောင်းဆုံးယတြာ။ ၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်မဆိုင်ရဖို့အတွက် အကောင်းဆုံးယတြာ။ ၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတ ကြည့်တာ စဉ်းစားတာ လုပ်ကိုင်တာသည် ရေရှည်လက်တွဲဖို့အတွက် အကောင်းဆုံးယတြာ။ ၂၂။ မနိူင်တဲ့ဝန်ကို မထမ်းတာဟာ အသက် ရှည်ဖို့အတွက် အကောင်းဆုံးယတြာ။ ၂၃။ မိမိကိုယ်ကို အမှန် ရှု့ထောင့်မှ ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့အတွက် အကောင်းဆုံးယတြာ။ ၂၄။ ဒေါသကို အပြင် မထွက်အောင် ထိန်းနိူင် တာဟာ အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက် အကောင်းဆုံးယတြာ။ ၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ အမှားများကို ဆင်ခြင်သုံးသပ်ပြီး ချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက် အကောင်းဆုံးယတြာဝ ၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ မပူဆွေး။ အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်းမပူပန်။ ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။ ၂၇။ အ ကောင်းမြင် ဝါဒနဲ့ ဘဝခရီးကိုဆက်ခြင်းဟာ အကောင်းဆုံးယတြာ။ ၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့ အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင်ရှားတာဟာ အသက်ရှည် ကျန်းမာစေ ဖို့အတွက် အကောင်းဆုံးယတြာပါ။ နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့ ယတြာဆိုတာအထူးချေစရာမလိုပါဘူး လို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။ ဒါ့ကြောင့်---- ''အဖိုးတန်တဲ့လူသားတစ်ယောက် ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့'' ရေးသားသည့်ဆရာတော် = ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ Credit ; Sanda Zaw Teet


via အလင်းရောင် ဓမ္မ https://ift.tt/2CNt0F3