Saturday, November 16, 2019

❝ သင်္ချိုင်းနှင့်တူသော ပုဂ္ဂိုလ်အပြစ် ၅ မျိုး ❞ သင်္ချိုင်း အပြစ် ၅ မျိုး ဟူသည်မှာ - ၁။ မစင်ကြယ် ၂။ မကောင်းသော အနံ့ရှိသည်။ ၃။ ဘေးဘျမ်း ရှိသည်။ ၄။ သရဲ သဘက်တို့ နေရာဖြစ်သည်။ ၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည်။ ဤနည်းတူ- သင်္ချိုင်းနှင့်တူသော ပုဂ္ဂိုလ်အပြစ် ၅ မျိုး ဟူသည်မှာ - ☆ သင်္ချိုင်းနှင့်တူသော ပုဂ္ဂိုလ်အတွက် ၁။ မစင်ကြယ် ဟူသည်မှာ - ကာယကံ, ၀စီကံ, မနောကံ မစင်ကြယ်ခြင်း ဖြစ်ပါသည်။ ၂။ မကောင်းသော အနံ့ ရှိသည် ဟူသည်မှာ - သူ၏ မကောင်းသတင်း ထွက်ခြင်းပင် ဖြစ်ပါသည်။ ၃။ ဘေးဘျမ်းရှိသည် ဟူသည်မှာ - သီလကို ချစ်ခင်မြတ်နိုးကြသည့် သီတင်သုံးဖော်တို့က ဝေးစွာရှောင်ကြဉ်ခြင်း ဖြစ်ပါသည်။ ၄။ သရဲ သဘက်တို့ နေရာ ဖြစ်သည် ဟူသည်မှာ - ကာယ, ၀စီ, မနောကံ မစင်ကြယ်သူ၏ သဘောတူ ပုဂ္ဂိုလ်တို့နှင့် အတူနေခြင်း ဖြစ်ပါသည်။ ၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည် ဟူသည်မှာ - “ငါတို့ သူနှင့်အတူ နေရခြင်းသည် စိတ်ဆင်းရဲဖို့ ကောင်းသည်” ဟု သီလချစ်မြတ်နိုးသူတို့က ထိုမစင်ကြယ်သူကို ရူတ်ချခြင်းပင် ဖြစ်ပါသည်။ သိ၀ထိကသုတ် Buddhism Beams မှ ကောက်နှုတ်မျှဝေခြင်း ဖြစ်ပါသည်။ (ဓမ္မလက်ဆောင်) ❝ သခၤ်ိဳင္းႏွင့္တူေသာ ပုဂၢိုလ္အျပစ္ ၅ မ်ိဳး ❞ သခၤ်ိဳင္း အျပစ္ ၅ မ်ိဳး ဟူသည္မွာ - ၁။ မစင္ၾကယ္ ၂။ မေကာင္းေသာ အနံ႕ရွိသည္။ ၃။ ေဘးဘ်မ္း ရွိသည္။ ၄။ သရဲ သဘက္တို႔ ေနရာျဖစ္သည္။ ၅။ လူေပါင္းမ်ားစြာ၏ ငိုေႂကြးရာျဖစ္သည္။ ဤနည္းတူ- သခၤ်ိဳင္းႏွင့္တူေသာ ပုဂၢိုလ္အျပစ္ ၅ မ်ိဳး ဟူသည္မွာ - ☆ သခၤ်ိဳင္းႏွင့္တူေသာ ပုဂၢိုလ္အတြက္ ၁။ မစင္ၾကယ္ ဟူသည္မွာ - ကာယကံ, ၀စီကံ, မေနာကံ မစင္ၾကယ္ျခင္း ျဖစ္ပါသည္။ ၂။ မေကာင္းေသာ အနံ႕ ရွိသည္ ဟူသည္မွာ - သူ၏ မေကာင္းသတင္း ထြက္ျခင္းပင္ ျဖစ္ပါသည္။ ၃။ ေဘးဘ်မ္းရွိသည္ ဟူသည္မွာ - သီလကို ခ်စ္ခင္ျမတ္နိုးၾကသည့္ သီတင္သုံးေဖာ္တို႔က ေဝးစြာေရွာင္ၾကဥ္ျခင္း ျဖစ္ပါသည္။ ၄။ သရဲ သဘက္တို႔ ေနရာ ျဖစ္သည္ ဟူသည္မွာ - ကာယ, ၀စီ, မေနာကံ မစင္ၾကယ္သူ၏ သေဘာတူ ပုဂၢိုလ္တို႔ႏွင့္ အတူေနျခင္း ျဖစ္ပါသည္။ ၅။ လူေပါင္းမ်ားစြာ၏ ငိုေႂကြးရာျဖစ္သည္ ဟူသည္မွာ - “ငါတို႔ သူႏွင့္အတူ ေနရျခင္းသည္ စိတ္ဆင္းရဲဖို႔ ေကာင္းသည္” ဟု သီလခ်စ္ျမတ္နိုးသူတို႔က ထိုမစင္ၾကယ္သူကို ႐ူတ္ခ်ျခင္းပင္ ျဖစ္ပါသည္။ သိ၀ထိကသုတ္ Buddhism Beams မွ ေကာက္ႏႈတ္မွ်ေဝျခင္း ျဖစ္ပါသည္။ (ဓမၼလက္ေဆာင္)


via အလင္းေရာင္ ဓမၼ https://ift.tt/2OiGhKZ