Saturday, November 16, 2019

အလိုယမ္မက် ______ မလိုချင်တဲ့သူက ရတယ် ။ လိုချင်တဲ့သူက မရဘူး ။ ဝချင်တဲ့သူက ပိန်တယ် ။ ပိန်ချင်တဲ့သူက ဝတယ် ။ မလှချင်တဲ့သူက လှတယ် ။ လှချင်တဲ့သူက မလှဘူး ။ မရဖူးတဲ့သူက ရချင်တယ် ။ ရဖူးသူက မရချင်ဘူး ။ ဖြစ်ချင်တာတွေက မဖြစ်ဘူး ။ မဖြစ်ချင်တာက ဖြစ်တယ် ။ ဘာမှမရတဲ့သူ ရချင်တယ် ။ တစ်ခုရတဲ့သူက နှစ်ခုရချင်တယ် ။ နှစ်ခုရတဲ့သူက သုံး/လေးခုရချင်တယ် ။ သေသေချာချာစဉ်းစားကြည့်ရင် ဒီလောကမှာ ဘယ်သူမှ အလုံးစုံအကုန်ပြည့်စုံသွားတယ်ဆိုတာ မရှိပါဘူး ။ လိုအပ်နေတဲ့သူတွေ ချည်းပါပဲ ။ ဘယ်လောက်ပဲပြည့်စုံတယ်ပဲပြောပြော တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်နေကြတာချည်းပါပဲ ။ ဒါကြောင့် မြတ်ဗုဒ္ဓက " ရောင့်ရဲတင်းတိမ်နိုင်ခြင်းသည် အမွန်မြတ်ဆုံး ဥစ္စာ "လို့ဟောတာပေါ့ ။ ကိုယ့်ကိုယ်ကိုယ် ကိုယ့်ဘဝမှာ ရတဲ့အရာလေးတွေနဲ့ ရှိတဲ့အရာလေးတွေကို လက်ရှိရနေတဲ့ဘဝလေးမှာ အသိနဲ့သတိလေးကပ် တရားနှလုံးသွင်းပြီး ရောင့်ရဲနိုင်အောင် နေထိုင်သွားဖို့လိုပါတယ် ။ လူ့ဘဝသက်တမ်းဆိုတာ ခဏလေးပါပဲ ။ မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)


via အလင်းရောင် ဓမ္မ https://ift.tt/2r1cnDm