အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 14, 2019
သူတော်ကောင်းနတ်ကောင်းစောင့်တယ် ════════════════ အရှင်သာရိပုတ္တရာ တပည့်လေးဟာ တရားထိုင်နေတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတ္တရာ အပြင်က ဆွမ်းခံပြန်လာခဲ့တယ်။ ကျောင်းထဲဝင်လိုက်တာနဲ့့ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်နိုင်တော့ဘူး။ အဲဒါကို ဘုရားရှင်က သိတော်မူတယ်။ ဒါကြောင့် ဘုရားရှင်ဟာ ရှင်သာရိပုတ္တရာ ကျောင်း ထဲမရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီးအရှင်သာရိပုတ္တရာနဲ့ စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ်။ ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်း ကလည်း ကိုရင်လေး တိတ်ဆိတ်စွာ တရားကျင့်ဖို့အတွက် ခြင်္သေ့ အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးတယ်။ နောက်ပြီး မွန်းတည့်ချိန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္တာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့့နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး မွန်းမလွဲအောင် တားထားတယ်။ ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့် တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး ဆာနေပြီ ဆိုပြီး လွှတ်လိုက်တယ် ။ ကိုရင်လေးလည်း ဆွမ်းစားတယ် ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း နေကိုလွှတ်လိုက်တယ်။ ချက်ချင်းကြီး မွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတော်တွေက မေးလျှောက်တော့မှ ဘုရားရှင်က အဲဒီဇာတ်ကြောင်းကိုဟောတော်မူပြီး သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ မကူညီ၍ မရကြောင်း ဟောကြားခဲ့ပါတယ်။ တကယ်တော့ နတ်ပြည်နတ်လောကမှာ နတ်သဘင် အစည်းအဝေးတွေ ကျင်းပတယ် ဆိုတာ လူ့ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေကို စောင့်ရှောက်ဖို့ ..သာသနာတော်အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေအထိ အဆင့်ဆင့်စောင့်ရှောက်ဖို့ ့ခွဲတမ်းချ တာဝန်ပေးခြင်းအမှုတွေကိုပြုတာပါပဲ။ တရားကျင့်နေသူ သို့မဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆိုရင် မိမိနိုင်သလောက်ကူညီရတယ် ။ မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်။ ဒါ့ကြောင့် သူတို့တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြုလို့မရဘူး သူတော်ကောင်းတွေ ဘာလိုလဲ ဆိုတာ အမြဲ စောင့်ကြည့်နေရတာ။ီ ဒီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့လာကြည့်ရင်သိနိုင်တယ် ဆရာတော်ကြီးအချို့ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလား လို့တောင် မှတ်တမ်းတွေမှာတွေ့ရပါတယ် ဝေဘူဆရာတော်ဘုရားကြီးဆိုရင် "ဒို့များ စမ်းကြည့်တာ မှန်တယ်ဗျာ" တဲ့။ သစ်ပင်ရှိရင် ဆွမ်းရှိတာပဲလို့သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး မိန့်ဆိုဘူးတယ်။ (အမှောင်ပျောက်၍ အလင်းရောက်ပါစေ) ဦးမြင့်ခိုင် သူေတာ္ေကာင္းနတ္ေကာင္းေစာင့္တယ္ ══════════════════ အရွင္သာရိပုတၱရာ တပည့္ေလးဟာ တရားထိုင္ေနတုန္း အနာဂါမ္ျဖစ္ၿပီး ရဟႏၱာျဖစ္ခါနီးမွာ ရွင္သာရိပုတၱရာ အျပင္က ဆြမ္းခံျပန္လာခဲ့တယ္။ ေက်ာင္းထဲဝင္လိုက္တာနဲ႕့ကိုရင္ေလးဟာ သမာဓိပ်က္ၿပီး ရဟႏၱာမျဖစ္နိုင္ေတာ့ဘူး။ အဲဒါကို ဘုရားရွင္က သိေတာ္မူတယ္။ ဒါေၾကာင့္ ဘုရားရွင္ဟာ ရွင္သာရိပုတၱရာ ေက်ာင္း ထဲမေရာက္ခင္ တံခါးဝမွေန၍ ေစာင့္ၿပီးအရွင္သာရိပုတၱရာနဲ႕ စကားေျပာဆိုၿပီး အခ်ိန္ဆြဲထားခဲ့တယ္။ ဘုရားရွင္ရဲ႕အႀကံေတာ္ကို သိေတာ့ သိၾကားမင္း ကလည္း ကိုရင္ေလး တိတ္ဆိတ္စြာ တရားက်င့္ဖို႔အတြက္ ျခေသၤ့ အေယာင္ေဆာင္ၿပီး ေက်ာင္းနားကေန အျခားတိရစ္ဆာန္ေတြ မလာနိုင္ေအာင္ ေစာင့္ေပးတယ္။ ေနာက္ၿပီး မြန္းတည့္ခ်ိန္ ေရာက္ခါနီးတဲ့အတြက္ ကိုရင္ေလး ရဟႏၱာျဖစ္ၿပီး ဆြမ္းမစားရမွာစိုးလို႔့ေနနတ္သားကလည္း ေနလုံးကို ဖမ္းဆုတ္ၿပီး မြန္းမလြဲေအာင္ တားထားတယ္။ ကိုရင္ေလး ရဟႏၱာျဖစ္သြားေတာ့မွ ဘုရားရွင္က အသင့္ တပည့္ေလးကို ဆြမ္းသြားေကြၽးလိုက္ဦး ဆာေနၿပီ ဆိုၿပီး လႊတ္လိုက္တယ္ ။ ကိုရင္ေလးလည္း ဆြမ္းစားတယ္ ဆြမ္းစားၿပီးေတာ့မွ ေနနတ္သားကလည္း ေနကိုလႊတ္လိုက္တယ္။ ခ်က္ခ်င္းႀကီး မြန္းလြဲသြားတဲ့အတြက္ အျခားရဟန္းေတာ္ေတြက ေမးေလွ်ာက္ေတာ့မွ ဘုရားရွင္က အဲဒီဇာတ္ေၾကာင္းကိုေဟာေတာ္မူၿပီး သူေတာ္ေကာင္းအလုပ္ကိုလုပ္လွ်င္ နတ္ေတြ မကူညီ၍ မရေၾကာင္း ေဟာၾကားခဲ့ပါတယ္။ တကယ္ေတာ့ နတ္ျပည္နတ္ေလာကမွာ နတ္သဘင္ အစည္းအေဝးေတြ က်င္းပတယ္ ဆိုတာ လူ႕ျပည္က တရားအားထုတ္တဲ့ သူေတာ္ေကာင္းေတြကို ေစာင့္ေရွာက္ဖို႔ ..သာသနာေတာ္အတြက္ ေပးဆပ္ေနသူေတြကို ကာကြယ္ဖို႔ ေစာင့္ေရွာက္ဖို႔ အထက္နတ္မင္းႀကီးေတြကေန ေအာက္နတ္ေတြအထိ အဆင့္ဆင့္ေစာင့္ေရွာက္ဖို႔ ့ခြဲတမ္းခ် တာဝန္ေပးျခင္းအမႈေတြကိုျပဳတာပါပဲ။ တရားက်င့္ေနသူ သို႔မဟုတ္ သာသနာေတာ္အတြက္ ေပးဆပ္ေနသူေတြဟာ ဒုကၡေရာက္ေနၿပီဆိုရင္ မိမိနိုင္သေလာက္ကူညီရတယ္ ။ မကူညီရင္ အနီးနားက ေအာက္နတ္ေတြဟာ အထက္နတ္မင္းႀကီးေတြရဲ႕ ဒဏ္ခတ္ျခင္းကို ခံရတယ္။ ဒါ့ေၾကာင့္ သူတို႔ေတြဟာ သူေတာ္ေကာင္းေတြကို ဥေပကၡာျပဳလို႔မရဘူး သူေတာ္ေကာင္းေတြ ဘာလိုလဲ ဆိုတာ အၿမဲ ေစာင့္ၾကည့္ေနရတာ။ီ ဒီကိစၥကို ေတာထဲမွာ တရားက်င့္ေနတဲ့ ဆရာေတာ္ေတြကို ေလ့လာၾကည့္ရင္သိနိုင္တယ္ ဆရာေတာ္ႀကီးအခ်ိဳ႕ဆိုရင္ စိတ္ထဲမွာ ဘာမွကို မႀကံရဲပါလား လို႔ေတာင္ မွတ္တမ္းေတြမွာေတြ႕ရပါတယ္ ေဝဘူဆရာေတာ္ဘုရားႀကီးဆိုရင္ "ဒို႔မ်ား စမ္းၾကည့္တာ မွန္တယ္ဗ်ာ" တဲ့။ သစ္ပင္ရွိရင္ ဆြမ္းရွိတာပဲလို႔သစ္ပင္ေတြေအာက္ ဆြမ္းခံတာ ဆြမ္းရေၾကာင္းစမ္းသပ္ၿပီး မိန့္ဆိုဘူးတယ္။ (အေမွာင္ေပ်ာက္၍ အလင္းေရာက္ပါေစ) ဦးျမင့္ခိုင္
via အလင္းေရာင္ ဓမၼ https://ift.tt/373Aemf
Newer Post
Older Post
Home