Wednesday, November 13, 2019

"မ ဖျက်ရင်ပြည်ပျက်တယ်" 👧👧👧👧👧👧👧 ဒီစကားပုံကို လူတော်တော်များများက "မိန်းမ" ဖျက်ရင် ပြည်ပျက်မယ်လို့ ဆိုလိုတယ် ထင်မှတ်နေကြတာ။ ဒီစကားပုံ ဘာကြောင့်ပြောလဲ ? ပါချုပ်ဆရာတော်ကြီး Dr နန္ဒမာလာ ဘိဝံသ ရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။ မိန်းမ ဖျက်လို့ ပြည်မပျက်ပါဘူး မ- ဖျက်ရင်သာ ပြည်ပျက်တာပါ "မ"ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကားကို လူမှန်းသိစတဲက ကြားဘူးပါတယ်။ ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင် တားမြစ်ချက် ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် ကျင့်သုံးစရာ လိုက်နာစရာ တွေရှိပါလိမ့်မယ်။ ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ သတိပေးစရာ၊ လုပ်ဆောင်ခွင့်မပြုသင့်တာမှန်သမျှ "မ" အက္ခရာဖြင့် တားမြစ်ရေးသားတာရှိပါတယ်။ ဥပမာ ငါး မဖမ်းရ၊ ရေ မကူးရ၊ ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊ သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊ အများကြီးပါ။ ဒါကို ဥပဒေချိုးဖောက်ချင်တဲ့သူက "မ" အက္ခရာကိုဖျက်ပြီး ကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုရင် စည်းကမ်းလိုက်နာမှုမရှိဘဲ ချမှတ်ထားတဲ့ ဥပဒေတွေဟာ အလဟဿ ဖြစ်တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံး တိုင်းပြည်ပါပျက်စီးနိုင်လို့ 'မ' ကိုမဖျက်ကြပါရန် ရှေးမြန်မာစာဆိုကြီးတွေရဲ့ အဆို အမိန့်ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးအား အလွန်ကျေးဇူးတင်အပ်ပါတယ်။ 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 Crd ... ....ဘုန်းကြီးကျောင်းသား(B. V )🌱 ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။ အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။ "မ ဖ်က္ရင္ျပည္ပ်က္တယ္" 👧👧👧👧👧👧👧 ဒီစကားပုံကို လူေတာ္ေတာ္မ်ားမ်ားက "မိန္းမ" ဖ်က္ရင္ ျပည္ပ်က္မယ္လို႔ ဆိုလိုတယ္ ထင္မွတ္ေနၾကတာ။ ဒီစကားပုံ ဘာေၾကာင့္ေျပာလဲ ? ပါခ်ဳပ္ဆရာေတာ္ႀကီး Dr နႏၵမာလာ ဘိဝံသ ရွင္းတမ္းေလးမွာ မိန့္ၾကားေတာ္မူပါတယ္။ မိန္းမ ဖ်က္လို႔ ျပည္မပ်က္ပါဘူး မ- ဖ်က္ရင္သာ ျပည္ပ်က္တာပါ "မ"ဖ်က္ရင္ ျပည္ပ်က္မယ္ဆိုတဲ့စကားကို လူမွန္းသိစတဲက ၾကားဘူးပါတယ္။ ဥပေဒတခု ေရးဆြဲၾကမယ္ဆိုရင္ တားျမစ္ခ်က္ ၊ လိုက္နာေဆာင္႐ြက္ရမည့္ စည္းကမ္းစသျဖင့္ က်င့္သုံးစရာ လိုက္နာစရာ ေတြရွိပါလိမ့္မယ္။ ထိုအခါမွာ ဥပေဒအရ ျဖစ္ေစ၊ အႏၱရာယ္ျဖစ္ေစနိုင္တဲ့ သတိေပးစရာ၊ လုပ္ေဆာင္ခြင့္မျပဳသင့္တာမွန္သမွ် "မ" အကၡရာျဖင့္ တားျမစ္ေရးသားတာရွိပါတယ္။ ဥပမာ ငါး မဖမ္းရ၊ ေရ မကူးရ၊ ဥပေဒကို မခ်ိဳးေဖာက္ရ၊ မေကာင္းတာ မလုပ္ရ၊ သစ္ပင္ မခုတ္ရ၊ ေဆးလိပ္ မေသာက္ရ၊ အမ်ားႀကီးပါ။ ဒါကို ဥပေဒခ်ိဳးေဖာက္ခ်င္တဲ့သူက "မ" အကၡရာကိုဖ်က္ၿပီး ကိုယ္လုပ္ခ်င္တာ လုပ္ၾကမယ္ဆိုရင္ စည္းကမ္းလိုက္နာမႈမရွိဘဲ ခ်မွတ္ထားတဲ့ ဥပေဒေတြဟာ အလဟႆ ျဖစ္ေတာ့မွာ ျဖစ္တဲ့အတြက္ ေနာက္ဆုံး တိုင္းျပည္ပါပ်က္စီးနိုင္လို႔ 'မ' ကိုမဖ်က္ၾကပါရန္ ေရွးျမန္မာစာဆိုႀကီးေတြရဲ႕ အဆို အမိန့္ျဖစ္ပါတယ္။ ဆရာေတာ္ဘုရားႀကီးအား အလြန္ေက်းဇူးတင္အပ္ပါတယ္။ 🙏ဓမၼမိတ္ေဆြမ်ား ေကာင္းက်ိဳး တရား တိုးပြားၾကပါေစ🙏 Crd ... ....ဘုန္းႀကီးေက်ာင္းသား(B. V )🌱 ဒါနအားလုံးကို ဓမၼဒါနက ေအာင္နိုင္၏။ အရသာအားလုံးကို တရားအရသာက ေအာင္နိုင္၏။


via အလင္းေရာင္ ဓမၼ https://ift.tt/32K7ewg