Tuesday, November 12, 2019

" တိတ်တိတ်လေး နေ " ☼ သူတပါး မကောင်းတာကို တွေးနေရင် ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ် . ☼ သူတပါး မကောင်းကြောင်းတွေ ပြောနေရင် ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့ အချိန်တွေ ဆုံးရှုံးတယ် . ☼ သူတပါး မကောင်းမှုလုပ်တာကို ထိုင်ကြည့်နေရင် ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးတယ် . ☼ ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ် ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ ဘဝအချိန်ခဏလေး နေရတာ တန်ဘိုးရှိမယ် . ☼ နေရာတိုင်းက ဆူနေတယ် ကိုယ့်စိတ်ကိုယ် တိတ်အောင် ငြိမ်အောင် ကြိုးစားထားမှ ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း မသိနိုင်တဲ့ ဘဝအတွက် ပြင်ဆင်ပြီးသားဖြစ်မယ် . ☼ ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရ အကုသိုလ်တွေပဲ အဖတ်တင်တဲ့ အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့ . ☼ ကုသိုလ်ကောင်းမှုက တိတ်ဆိတ်တဲ့ သဘောရှိတယ် အေးချမ်းတယ် . ☼ အကုသိုလ်က ဆူတယ် ပူတယ် ဒါကြောင့် တိတ်တိတ်လေးသာနေ . ``ဘဝက သိပ်မြန်လွန်းလို့ပါ´´ . အရှင်တေဇာနန္ဒ 'စေတနာပန်းခင်း ဆရာတော်


via အလင်းရောင် ဓမ္မ https://ift.tt/2Xds0na