Wednesday, November 13, 2019

ကိုယ့်သံသရာ ကိုယ်ဖြတ်၊ ကိုယ့်ဝဋ်ကြွေး ကိုယ်ဆပ် ============================ ကိုယ့်ဆီက တစ်ခုခုပါသွားတဲ့အခါ "ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲ"လို့ သဘောထားလိုက်ပါ။ ကိုယ်ပါသွားလို့ ပြန်ယူတာမျိုး မဖြစ်စေနဲ့။ သံသရာတွေထပ်ရှည်နေဦးမယ်။ ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့အချိန်မှာ "အကြွေးတစ်ခု ဆပ်ခွင့်ရလိုက်တာပဲ"လို့ ဖြေကြည့်လိုက်ပါ။ ကိုယ်ခံရလို့ ပြန်လုပ်လိုက်တာမျိုး မဖြစ်စေနဲ့။ အတုံ့အလှည့်တွေထပ်လာနေဦးမယ်။ ကိုယ့်မှာခံစားရတဲ့ ဒုက္ခတွေက ကြီးလွန်းတဲ့အခါ "ဝဋ်ကြွေးတွေ ဆပ်နေရတာပဲ"လို့ သဘောထား၊ အတိုးမများအောင်ပဲ ကြိုးစားလိုက်ပါ။ ကိုယ်ဒုက္ခကြီးသလို သူတို့တွေလည်း ကြီးပါစေဆိုတာမျိုးမဖြစ်စေနဲ့။ ဒုက္ခကြီးတွေထပ်တိုးနေဦးမယ်။ အရင်းစစ်တော့ ကိုယ့်သံသရာ ကိုယ်ပဲဖြတ်ရမှာပါပဲ။ ကိုယ့်ဝဋ်ကြွေး ကိုယ်ပဲဆပ်ရမှာပါပဲ။ အကြွေးဆပ်ရင်း အကြွေးမထပ်အောင် သတိနဲ့ရှောင်ဖို့ပါပဲလေ။ မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 ကိုယ့္သံသရာ ကိုယ္ျဖတ္၊ ကိုယ့္ဝဋ္ေႂကြး ကိုယ္ဆပ္ ================================= ကိုယ့္ဆီက တစ္ခုခုပါသြားတဲ့အခါ "ကိုယ္ယူခဲ့တာ ျပန္ေပးလိုက္ရတာပဲ"လို႔ သေဘာထားလိုက္ပါ။ ကိုယ္ပါသြားလို႔ ျပန္ယူတာမ်ိဳး မျဖစ္ေစနဲ႕။ သံသရာေတြထပ္ရွည္ေနဦးမယ္။ ကိုယ္ခံလိုက္ရၿပီလို႔ သိလိုက္တဲ့အခ်ိန္မွာ "အေႂကြးတစ္ခု ဆပ္ခြင့္ရလိုက္တာပဲ"လို႔ ေျဖၾကည့္လိုက္ပါ။ ကိုယ္ခံရလို႔ ျပန္လုပ္လိုက္တာမ်ိဳး မျဖစ္ေစနဲ႕။ အတုံ႕အလွည့္ေတြထပ္လာေနဦးမယ္။ ကိုယ့္မွာခံစားရတဲ့ ဒုကၡေတြက ႀကီးလြန္းတဲ့အခါ "ဝဋ္ေႂကြးေတြ ဆပ္ေနရတာပဲ"လို႔ သေဘာထား၊ အတိုးမမ်ားေအာင္ပဲ ႀကိဳးစားလိုက္ပါ။ ကိုယ္ဒုကၡႀကီးသလို သူတို႔ေတြလည္း ႀကီးပါေစဆိုတာမ်ိဳးမျဖစ္ေစနဲ႕။ ဒုကၡႀကီးေတြထပ္တိုးေနဦးမယ္။ အရင္းစစ္ေတာ့ ကိုယ့္သံသရာ ကိုယ္ပဲျဖတ္ရမွာပါပဲ။ ကိုယ့္ဝဋ္ေႂကြး ကိုယ္ပဲဆပ္ရမွာပါပဲ။ အေႂကြးဆပ္ရင္း အေႂကြးမထပ္ေအာင္ သတိနဲ႕ေရွာင္ဖို႔ပါပဲေလ။ ေမတၱာျဖင့္ မနာပဒါယီ အရွင္ဝိစိတၱ 📌အေမွာင္ေပ်ာက္၍ အလင္းေရာက္ပါေစ။📌


via အလင္းေရာင္ ဓမၼ https://ift.tt/2O6X8Ra