Thursday, November 14, 2019

🙏ကိုယ်နဲ ့စိတ် ကောင်းကံပြုနိုင်တာလူ ့ဘုံပဲရှိတယ်...🙏 ကာမ ကိစ္စကျတော့ အရင်ကလုပ်ခဲ့ဘူးတော့ ဒီဘဝမှာလည်း ဆရာမပြဘဲနဲ ့တောင် တက်ပါ့ဗျာ။ ဈာန်ကိစ္စကျတော့ ဆရာပြတာတောင် သဘောပေါက်ရဲ့လား။ မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်ထင်သဗျာ။ ဒီလိုဆို ကိလေသာကို ရှို ့မြိုက်ဖျက်စီးပြီး ဆန်ပြီးဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို ့တော့ တော်တော်ခဲရင်းလိ်မ့်မယ်။ နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ရောက်ဖူးမှာပေါ့လေ။ သူ ့တော့ရောက်ဖူးတယ်ပြောရမှာပေ့ါ။ လူ ့ဘုံကတော့ မကြာမကြာလောက်တော့ ရောက်ဖူးတယ်ထင်တယ်။ အမြဲလား၊မကြာမကြာလား။ မကြာမကြာလောက်တော့ဖြစ်မှာပါ။ အမြဲတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို ့တုန်း… တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို သုတေသနပြုကြည့်။ မောဟက တိရစာၦန်သွားမှာကွဲ ့။ အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့။ မောဟထင်တယ်။ အိပ်ပျော်နေတုန်း လိုချင်တာရှိလား။ မုန်းတာတွေ ဒေါသတွေရှိလား။ကဲမောဟဗျာ့။ ညတစ်ဝက်ကလည်း တိရစာၦန်ဘုံသွားတာထင်တယ်။ သူလည်း မျောလိုက်သွားတာ ထင်တယ်။ ဆန်တက်သလား?မျောလိုက်သလား?မျောလိုက်တာပါ။ နှိုးတဲ့အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ ့နေမှာပါ။ လိုချင်တာလေးတစ်ခုရှိမှ လောဘကလာတာ။ လိုချင်တာလေး သူ ့လက်ထဲရောက်လို ့ သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။ ကျန်တဲ့အချိန် မောဟအတိုင်းပဲ။ တွေတွေဝေဝေဘဲ။ မှတ်စိတ်မရှိရင် မောဟထင်တယ်။ ဒေါသကလည်း သူ ့မခံချင်စရာလေး တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။ ငါးပွက်သလိုထင်တယ်။ သူ ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင် ကျေနပ်သွားတာ။ ကျန်တာက မောဟပဲကျန်တာ။ အဲ့တော့ နေ့မှာလည်း မောဟပဲ။ ထိုင်နေရင်းနဲ ့စိတ်တွေ တောင်စဉ်ရေမရ အတွေးတွေ ဝင်မနေဘူးလား။ တစ်ခါတစ်လေ တစ်ခုတည်းမှာကို ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရကောင်းမလား၊မလုပ်ရကောင်းမလား၊ ချီတုံချတုံတွေရော ဖြစ်တက်ဘူးလား။ ဒါလည်း မောဟပဲ။ အဲ့တော့ မောဟက ၂၄နာရီ ဘယ်လောက်ဖြည့်စီးထားသလဲ။ အများဆုံး ၂၃ နာရီလောက်ရှိလိမ့်မယ်။ ၂၄ နာရီမှာ မောဟက တိရစာၦန်ဖြစ်မယ့်မျိုးစေ့က ဘယ်လောက်ရှိမယ်ထင်တုန်း။ အများဆုံးပါ။ သူသည် ပထမဇောထင်တယ်။ လောဘက လိုချင်တဲ့စိတ်၊ လိုချင်တာလည်း တစ်နေ ့တာလုံးလုံး လယ်လည်း လယ်မို ့၊ယာလည်း ယာမို ့၊ တို ့မြို ့မှာလည်း အရောင်းဝယ်မို ့၊ရုံးမှာမို ့။ သူလိုချင်တာလေးလည်း ဒုတိယတော့ လိုက်လိမ့်မယ်။ လိုချင်တာ မရတဲ့အချိန်ကျမှ ဒေါသက လာလိမ့်မယ်။ လိုချင်တာ လက်လွှတ်ဆုံးရှုံးတဲ့အခါမှ ဒေါသက လာလိမ့်မယ်။ လူ ့ဘဝရောက်တုန်း ကောင်းမှုပြုမယ်ဆို ဆွမ်းတော်ကပ်ဘူးလား။ ဒါတောင် သြကာသ ရလို ့ဆိုတာဗျ။ မောဟနယ်ထဲက ဆိုနေတာ။ ကိုယ့်စိတ်နဲ ့ကိုယ် ဆိုနေတာလား? ရလို ့ဆိုနေတာလား? ရလို ့ဆိုနေတာပါ။ သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလားဟေ့။ အမယ်..ကောင်းမလားလို ့ ဆွမ်းထွက်လောင်းတော့လည်း ဘုန်းကြီးသပိတ်နဲ ့ကိုယ့်စိတ်နဲ ့တည့်သလား။ တည့်မှာမဟုတ်ပါဘူး။ ကောင်းတာလုပ်တာတောင် မောဟ ကင်းလားဗျ။ ကောင်းမှုလုပ်တဲ့ထဲလည်း မောဟက နှုတ်ဦးမှာပါဗျ။ ဒါတောင်များများကြီးမလုပ်နဲ ့၊ ဒီလောက်ဆို တော်ရောပေါ့တဲ့။ အထက်တက်မှာဆိုးလို ့ဗျ။ မောဟက များများကြီးလုပ်ခွင့်ပြုလား။ ဒီလိုဆို မောဟသည် တိရစာၦန်ဖြစ်မှာဆိုတော့ တိရစာၦန်ရဲ့ဉာဉ်ကတော့ ကြိုက် ကြိုက်သလို လိုက်တော့တာပဲ။ ခွေးကြည့်,မြွေကြည့်,ကျားကြည့်ပါ။ သူတို ့ကြိုက် ကြိုက်သလိုဘဲ။ စောင့်စည်းသေးလား။ အော် ငါဒီလိုလိုက်လို ့ သူ ့ခမျာ ကြောက်လို ့ပြေးရှာတာပဲဆိုပြီး နားနေရစ်သလားဟေ့။ မိပြန်တော့ကော– ဟိုက တောင်းပန်လိုက်တာ။ သူ ့အသက်ကလေးနှမျောလို ့တစ်ဖက်က။ အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ် နဲ ့လွှတ်လိုက်ရောလား။ ကြိုက် ကြိုက်သလို လိုက်တာပေါ့။ မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။ မသိတော့ကော မသိသလို လိုက်တာပဲ။ ဒီစိတ်တွေသည် တိရစာၦန်တွေဆီက ပါလာတဲ့ စိတ်တွေ။ တို ့စိတ်မဟုတ်သေးဘူး။ လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။ တိရစာၦန် ဘဝတစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။ ဘာလိုဆိုတော့ ဟိုဘက်က မောဟက အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေးထပြီး အလှည့်ကျခွင့်ရသတဲ့ဗျာ။ တိရစာၦန် ဘဝ တစ်ရာလောက်မှ လူ တစ်ခေါက်တစ်ခေါက်ဆိုတော့ လူ ့ပြည်က ဧည့်သည်ဖြစ်နေတယ်တဲ့။ တိရစာၦန်ပြည်က ကိုယ့်အိမ်ဖြစ်နေတယ်။ ရှာဖွေတဲ့ပစ္စည်းတွေ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် အရူးလည်း အရူးနဲ ့ထိုက်တန် တဲ့ပစ္စည်းလေးတော့ နှမျောတာပဲ။ လိုချင်တာပဲ။ ခင်မင်တာပဲဗျ။ ဒုတိယ ခင်မင်စိတ်လိုက်တဲ့အတွက်ပြိတ္တာဖြစ်တာ ဒုတိယလိုက်တယ်။ အိမ်စွဲ အိမ်နားက မကျွတ်ဘူး။ သားစွဲ သားနား၊သမီးစွဲ သမီးနား။ မကျွတ်မလွတ်ပေါ့ဗျ။ စွဲတဲ့နေရာ ငြိတာပဲ။ နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ စွဲရင် ငြိတာပဲ။ ပြိတ္တာက ခင်မင်စိတ်က ပို ့မှာလေ။ တို ့ရန်ကုန်တုန်းက တို ့နဲ့အတူနေ ပုဂ္ဂိုလ်တစ်ဦးက လျှောက်ဖူးပါတယ်။ ဒကာကြီးပါပဲ။သူ ့အဖေက သစ်တောဝန်ထောက်ကြီး။ ရှေးခေတ်က ဘန်ဂလိုဆိုတာ တောထဲမှာရှိတယ်။ အဲ့မှာသူတို ့နေတယ်။ နေရင်းနဲ ့သူ ့အိမ်က အစေခံခေါ်မှာပေါ့လေ ၊အမျိုးသားပေါ့။ တောထဲက ဘန်ဂလိုမှာနေရင်း ပျက်စီးသွားတယ်။ ပျက်စီးပြီးညကျတော့ ခြံအပေါက်ထွက်က ပိတောက်ပင်အောက်က သူ ့အသံကြားနေရတာ။ နားထောင်တော့ လူသံပဲ။ သေသေချာချာနားထောင်တော့ လူစကားမဟုတ်ဘူးတဲ့။ သူ ့အဖေက ဒီကောင်မကျွတ်ဘူး၊ ဒီနားမှာရှိရမယ်။ မင်းတို ့ပိတောက်ပင်အောက်ကို တူးကြည့်ကြ စမ်းကွာလို ့နောက်ရက် မနက်ကျခိုင်းတယ်။ ခိုင်းတော့ တူးကြည့်တော့ ဆေးတံ ဘောက်ဗူးလေး တွေ ့ဖူးမှာပေါ့။ လင်ကွန်တို ့။ဘလူးစတားတို ့။ လင်ကွန်းစေးတံက ဘောက်ဗူးလေးထဲမှာ။ မြေစေးအိုးမဲမဲလေး။ စေးတံလေးတစ်ခုနဲ ့ငွေတမူးကို လင်ကွန်းသံဗူးထဲထည့်ပြီးမြှပ်ထားတာ။ ပိတောက်ပင်အောက် အဲ့တာစွဲလို ့၊အဲ့ဒီမှာ ပြိတ္တာဖြစ်သတဲ့။ ဘယ်လောက်တန်ဖိုးရှိသလဲဟေ့။ မရှိပါဘူးနော်။ အဲ့တော့ တန်ဘိုးကြီးမှ စွဲမှာလား။ ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ခင်မင်စိတ်က အဲ့နေရာမှာစွဲ အဲ့နေရာမှာငြိတယ်။ ပြိတ္တာသည် ဒုတိယအဖြစ်များဆုံးထင်တယ်။ ငရဲကတော့ အလွန့်ကို ဒုစရိုက်မှုကျူးလွန်နေပြီး ဘာမှမသိတက်တဲ့ဟာမျိုး။ လူ ့တိရစာၦန်ခေါ်မှာပေ့ါ။ တိရစာၦန်ဘုံကနေပြီး ကောင်းမှုကုသိုလ်တစ်ခုကြောင့် လူ ့ဘဝရောက်လာပြန်တော့လဲ တိရစာၦန်ဉာဉ် မပျောက်ကြဘူး။ ကောင်းတဲ့စေတနာလေးက ၂၄ နာရီမှာ မပြောပလောက်စွာပွင့်တာ။ မပြောပလောက်တဲ့ အပွင့်လေးက အလှည့်ကျလို ့လူရယ်လိုဖြစ်လာတာ။ ခက်ခက်ခဲခဲကြားက ရလာတဲ့ လူရယ်လို ့ဆိုရမယ်။ လူ မှ လူ လူ မှ နတ် လူ မှ ဗြဟ္မာ လူ မှ အရိယာဘုံထိ သွားခွင့်ဟာ ဒီမှာပဲရှိတယ်။ အဆင့်တက်နိုင်ရင် အဆင့်တက်ခွင့်ခေါ်မလား။ တက်ချင်ရင် တက်ခွင့်ခေါ်မှာပေါ့။ ရောက်မယ်ပြောတာ မဟုတ်ပါဘူး။ တက်ချင်ရင် တက်ခွင့်ရှိတယ်။ ဒါ လူ ့အခွင့်အရေးပဲ။ ဘာဖြစ်လို ့တုန်းဆိုတော့ ကိုယ်နဲ ့စိတ် ကောင်းကံပြုနိုင်တာ လူ ့ဘုံပဲရှိတယ်။ အနန ္တကျေ းဇူးတော်ရှင် 🙏 မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး 🙏နတ်တလူတရားစခန်း 🙏ကိုယ္နဲ ့စိတ္ ေကာင္းကံျပဳႏိုင္တာလူ ့ဘံုပဲရွိတယ္...🙏 ကာမ ကိစၥက်ေတာ့ အရင္ကလုပ္ခဲ့ဘူးေတာ့ ဒီဘဝမွာလည္း ဆရာမျပဘဲနဲ ့ေတာင္ တက္ပါ့ဗ်ာ။ စ်ာန္ကိစၥက်ေတာ့ ဆရာျပတာေတာင္ သေဘာေပါက္ရဲ႕လား။ မလုပ္ခဲ့ဘူးဆိုတာ ေသခ်ာတယ္ထင္သဗ်ာ။ ဒီလိုဆို ကိေလသာကို ရႈိ ့ၿမိဳက္ဖ်က္စီးၿပီး ဆန္ၿပီးဆန္ၿပီး တက္ဘူးတဲ့ ျဗဟၼာဘံုကို ေရာက္ဖူးဘို ့ေတာ့ ေတာ္ေတာ္ခဲရင္းလိ္မ့္မယ္။ နတ္ျပည္ကေတာ့ တစ္ခါတစ္ေလေတာ့ေရာက္ဖူးမွာေပါ့ေလ။ သူ ့ေတာ့ေရာက္ဖူးတယ္ေျပာရမွာေပ့ါ။ လူ ့ဘံုကေတာ့ မၾကာမၾကာေလာက္ေတာ့ ေရာက္ဖူးတယ္ထင္တယ္။ အၿမဲလား၊မၾကာမၾကာလား။ မၾကာမၾကာေလာက္ေတာ့ျဖစ္မွာပါ။ အၿမဲေတာ့ မျဖစ္ႏိုင္ပါဘူး။ ဘာျဖစ္လို ့တုန္း… တစ္ရက္အတြင္း ျဖစ္ေနတဲ့စိတ္ကို သုေတသနျပဳၾကည့္။ ေမာဟက တိရစာၦန္သြားမွာကြဲ ့။ အိပ္ေပ်ာ္ေနတဲ့ ညတစ္ဝက္က ဘာစိတ္တုန္းေဟ့။ ေမာဟထင္တယ္။ အိပ္ေပ်ာ္ေနတုန္း လိုခ်င္တာရွိလား။ မုန္းတာေတြ ေဒါသေတြရွိလား။ကဲေမာဟဗ်ာ့။ ညတစ္ဝက္ကလည္း တိရစာၦန္ဘံုသြားတာထင္တယ္။ သူလည္း ေမ်ာလိုက္သြားတာ ထင္တယ္။ ဆန္တက္သလား?ေမ်ာလိုက္သလား?ေမ်ာလိုက္တာပါ။ နိႈးတဲ့အခ်ိန္က်မွ ဒါေတာင္ သုန္သုန္မႈန္မႈန္နဲ ့ေနမွာပါ။ လိုခ်င္တာေလးတစ္ခုရွိမွ ေလာဘကလာတာ။ လိုခ်င္တာေလး သူ ့လက္ထဲေရာက္လို ့ သူစိတ္တိုင္းက်ရင္ ေလာဘက ျပန္သြားတာ။ က်န္တဲ့အခ်ိန္ ေမာဟအတိုင္းပဲ။ ေတြေတြေဝေဝဘဲ။ မွတ္စိတ္မရွိရင္ ေမာဟထင္တယ္။ ေဒါသကလည္း သူ ့မခံခ်င္စရာေလး တစ္ခါရွိမွ တစ္ပြက္တစ္ခါ ျဖစ္တာေပါ့။ ငါးပြက္သလိုထင္တယ္။ သူ ့စိတ္တိုင္းက် သူ ျပဳက်င့္ရရင္ ေက်နပ္သြားတာ။ က်န္တာက ေမာဟပဲက်န္တာ။ အဲ့ေတာ့ ေန႔မွာလည္း ေမာဟပဲ။ ထိုင္ေနရင္းနဲ ့စိတ္ေတြ ေတာင္စဥ္ေရမရ အေတြးေတြ ဝင္မေနဘူးလား။ တစ္ခါတစ္ေလ တစ္ခုတည္းမွာကို ဝဲလွည့္ေနသလို ဒီကိစၥကို လုပ္ရေကာင္းမလား၊မလုပ္ရေကာင္းမလား၊ ခ်ီတံုခ်တံုေတြေရာ ျဖစ္တက္ဘူးလား။ ဒါလည္း ေမာဟပဲ။ အဲ့ေတာ့ ေမာဟက ၂၄နာရီ ဘယ္ေလာက္ျဖည့္စီးထားသလဲ။ အမ်ားဆံုး ၂၃ နာရီေလာက္ရွိလိမ့္မယ္။ ၂၄ နာရီမွာ ေမာဟက တိရစာၦန္ျဖစ္မယ့္မ်ိဳးေစ့က ဘယ္ေလာက္ရွိမယ္ထင္တုန္း။ အမ်ားဆံုးပါ။ သူသည္ ပထမေဇာထင္တယ္။ ေလာဘက လိုခ်င္တဲ့စိတ္၊ လိုခ်င္တာလည္း တစ္ေန ့တာလံုးလံုး လယ္လည္း လယ္မို ့၊ယာလည္း ယာမို ့၊ တို ့ၿမိဳ ့မွာလည္း အေရာင္းဝယ္မို ့၊ရံုးမွာမို ့။ သူလိုခ်င္တာေလးလည္း ဒုတိယေတာ့ လိုက္လိမ့္မယ္။ လိုခ်င္တာ မရတဲ့အခ်ိန္က်မွ ေဒါသက လာလိမ့္မယ္။ လိုခ်င္တာ လက္လႊတ္ဆံုးရႈံးတဲ့အခါမွ ေဒါသက လာလိမ့္မယ္။ လူ ့ဘဝေရာက္တုန္း ေကာင္းမႈျပဳမယ္ဆို ဆြမ္းေတာ္ကပ္ဘူးလား။ ဒါေတာင္ ၾသကာသ ရလို ့ဆိုတာဗ်။ ေမာဟနယ္ထဲက ဆိုေနတာ။ ကိုယ့္စိတ္နဲ ့ကိုယ္ ဆိုေနတာလား? ရလို ့ဆိုေနတာလား? ရလို ့ဆိုေနတာပါ။ ၾသကာသ တစ္ပုဒ္လံုး ဘုရားစီ တည့္တည့္ေရာက္သလားေဟ့။ အမယ္..ေကာင္းမလားလို ့ ဆြမ္းထြက္ေလာင္းေတာ့လည္း ဘုန္းႀကီးသပိတ္နဲ ့ကိုယ့္စိတ္နဲ ့တည့္သလား။ တည့္မွာမဟုတ္ပါဘူး။ ေကာင္းတာလုပ္တာေတာင္ ေမာဟ ကင္းလားဗ်။ ေကာင္းမႈလုပ္တဲ့ထဲလည္း ေမာဟက နႈတ္ဦးမွာပါဗ်။ ဒါေတာင္မ်ားမ်ားႀကီးမလုပ္နဲ ့၊ ဒီေလာက္ဆို ေတာ္ေရာေပါ့တဲ့။ အထက္တက္မွာဆိုးလို ့ဗ်။ ေမာဟက မ်ားမ်ားႀကီးလုပ္ခြင့္ျပဳလား။ ဒီလိုဆို ေမာဟသည္ တိရစာၦန္ျဖစ္မွာဆိုေတာ့ တိရစာၦန္ရဲ႕ဉာဥ္ကေတာ့ ႀကိဳက္ ႀကိဳက္သလို လိုက္ေတာ့တာပဲ။ ေခြးၾကည့္,ေႁမြၾကည့္,က်ားၾကည့္ပါ။ သူတို ့ႀကိဳက္ ႀကိဳက္သလိုဘဲ။ ေစာင့္စည္းေသးလား။ ေအာ္ ငါဒီလိုလိုက္လို ့ သူ ့ခမ်ာ ေၾကာက္လို ့ေျပးရွာတာပဲဆိုၿပီး နားေနရစ္သလားေဟ့။ မိျပန္ေတာ့ေကာ– ဟိုက ေတာင္းပန္လိုက္တာ။ သူ ့အသက္ကေလးႏွေမ်ာလို ့တစ္ဖက္က။ အဲ့ေတာ့ က်ားႀကီးကေရာ ကိုယ္ခ်င္းစာစိတ္ နဲ ့လႊတ္လိုက္ေရာလား။ ႀကိဳက္ ႀကိဳက္သလို လိုက္တာေပါ့။ မႀကိဳက္ေတာ့ေကာ မႀကိဳက္သလို တိုက္တာပဲ။ မသိေတာ့ေကာ မသိသလို လိုက္တာပဲ။ ဒီစိတ္ေတြသည္ တိရစာၦန္ေတြဆီက ပါလာတဲ့ စိတ္ေတြ။ တို ့စိတ္မဟုတ္ေသးဘူး။ လူစိတ္ စစ္စစ္ ဟုတ္ေသးလားေဟ့။ တိရစာၦန္ ဘဝတစ္ရာေလာက္မွ လူတစ္ဘဝ ျပန္ရသတဲ့။ ဘာလိုဆိုေတာ့ ဟိုဘက္က ေမာဟက အက်ိဳးေပး ဆက္ဆက္ ဆက္ဆက္ၿပီး အားနည္းၿပီဆိုမွ ေကာင္းတဲ့ကံေလးထၿပီး အလွည့္က်ခြင့္ရသတဲ့ဗ်ာ။ တိရစာၦန္ ဘဝ တစ္ရာေလာက္မွ လူ တစ္ေခါက္တစ္ေခါက္ဆိုေတာ့ လူ ့ျပည္က ဧည့္သည္ျဖစ္ေနတယ္တဲ့။ တိရစာၦန္ျပည္က ကိုယ့္အိမ္ျဖစ္ေနတယ္။ ရွာေဖြတဲ့ပစၥည္းေတြ ေကာင္းတာျဖစ္ျဖစ္ ဆိုးတာျဖစ္ျဖစ္ အ႐ူးလည္း အ႐ူးနဲ ့ထိုက္တန္ တဲ့ပစၥည္းေလးေတာ့ ႏွေမ်ာတာပဲ။ လိုခ်င္တာပဲ။ ခင္မင္တာပဲဗ်။ ဒုတိယ ခင္မင္စိတ္လိုက္တဲ့အတြက္ၿပိတၱာျဖစ္တာ ဒုတိယလိုက္တယ္။ အိမ္စြဲ အိမ္နားက မကြ်တ္ဘူး။ သားစြဲ သားနား၊သမီးစြဲ သမီးနား။ မကၽြတ္မလြတ္ေပါ့ဗ်။ စြဲတဲ့ေနရာ ၿငိတာပဲ။ နည္းသည္ျဖစ္ေစ၊မ်ားသည္ျဖစ္ေစ စြဲရင္ ၿငိတာပဲ။ ၿပိတၱာက ခင္မင္စိတ္က ပို ့မွာေလ။ တို ့ရန္ကုန္တုန္းက တို ့နဲ႔အတူေန ပုဂၢိဳလ္တစ္ဦးက ေလွ်ာက္ဖူးပါတယ္။ ဒကာႀကီးပါပဲ။သူ ့အေဖက သစ္ေတာဝန္ေထာက္ႀကီး။ ေရွးေခတ္က ဘန္ဂလိုဆိုတာ ေတာထဲမွာရွိတယ္။ အဲ့မွာသူတို ့ေနတယ္။ ေနရင္းနဲ ့သူ ့အိမ္က အေစခံေခၚမွာေပါ့ေလ ၊အမ်ိဳးသားေပါ့။ ေတာထဲက ဘန္ဂလိုမွာေနရင္း ပ်က္စီးသြားတယ္။ ပ်က္စီးၿပီးညက်ေတာ့ ျခံအေပါက္ထြက္က ပိေတာက္ပင္ေအာက္က သူ ့အသံၾကားေနရတာ။ နားေထာင္ေတာ့ လူသံပဲ။ ေသေသခ်ာခ်ာနားေထာင္ေတာ့ လူစကားမဟုတ္ဘူးတဲ့။ သူ ့အေဖက ဒီေကာင္မကၽြတ္ဘူး၊ ဒီနားမွာရွိရမယ္။ မင္းတို ့ပိေတာက္ပင္ေအာက္ကို တူးၾကည့္ၾက စမ္းကြာလို ့ေနာက္ရက္ မနက္က်ခိုင္းတယ္။ ခိုင္းေတာ့ တူးၾကည့္ေတာ့ ေဆးတံ ေဘာက္ဗူးေလး ေတြ ့ဖူးမွာေပါ့။ လင္ကြန္တို ့။ဘလူးစတားတို ့။ လင္ကြန္းေစးတံက ေဘာက္ဗူးေလးထဲမွာ။ ေျမေစးအိုးမဲမဲေလး။ ေစးတံေလးတစ္ခုနဲ ့ေငြတမူးကို လင္ကြန္းသံဗူးထဲထည့္ၿပီးျမႇပ္ထားတာ။ ပိေတာက္ပင္ေအာက္ အဲ့တာစြဲလို ့၊အဲ့ဒီမွာ ၿပိတၱာျဖစ္သတဲ့။ ဘယ္ေလာက္တန္ဖိုးရွိသလဲေဟ့။ မရွိပါဘူးေနာ္။ အဲ့ေတာ့ တန္ဘိုးႀကီးမွ စြဲမွာလား။ ျကီးသည္ျဖစ္ေစ မႀကီးသည္ျဖစ္ေစ ခင္မင္စိတ္က အဲ့ေနရာမွာစြဲ အဲ့ေနရာမွာၿငိတယ္။ ျပိတၱာသည္ ဒုတိယအျဖစ္မ်ားဆံုးထင္တယ္။ ငရဲကေတာ့ အလြန္႔ကို ဒုစ႐ိုက္မႈက်ဴးလြန္ေနၿပီး ဘာမွမသိတက္တဲ့ဟာမ်ိဳး။ လူ ့တိရစာၦန္ေခၚမွာေပ့ါ။ တိရစာၦန္ဘံုကေနၿပီး ေကာင္းမႈကုသိုလ္တစ္ခုေၾကာင့္ လူ ့ဘဝေရာက္လာျပန္ေတာ့လဲ တိရစာၦန္ဉာဥ္ မေပ်ာက္ၾကဘူး။ ေကာင္းတဲ့ေစတနာေလးက ၂၄ နာရီမွာ မေျပာပေလာက္စြာပြင့္တာ။ မေျပာပေလာက္တဲ့ အပြင့္ေလးက အလွည့္က်လို ့လူရယ္လိုျဖစ္လာတာ။ ခက္ခက္ခဲခဲၾကားက ရလာတဲ့ လူရယ္လို ့ဆိုရမယ္။ လူ မွ လူ လူ မွ နတ္ လူ မွ ျဗဟၼာ လူ မွ အရိယာဘံုထိ သြားခြင့္ဟာ ဒီမွာပဲရွိတယ္။ အဆင့္တက္ႏိုင္ရင္ အဆင့္တက္ခြင့္ေခၚမလား။ တက္ခ်င္ရင္ တက္ခြင့္ေခၚမွာေပါ့။ ေရာက္မယ္ေျပာတာ မဟုတ္ပါဘူး။ တက္ခ်င္ရင္ တက္ခြင့္ရွိတယ္။ ဒါ လူ ့အခြင့္အေရးပဲ။ ဘာျဖစ္လို ့တုန္းဆိုေတာ့ ကိုယ္နဲ ့စိတ္ ေကာင္းကံျပဳႏိုင္တာ လူ ့ဘံုပဲရွိတယ္။ အနႏ ၱေက် းဇူးေတာ္႐ွင္ 🙏 မဟာေဗာဓိၿမိဳ င္ဆရာေတာ္ဘုရားႀကီး 🙏နတ္တလူတရားစခန္း


via အလင္းေရာင္ ဓမၼ https://ift.tt/2KkqOci