Tuesday, November 12, 2019

ကိုယ့်ကိုယ်ကို ကယ်တင်ကြ 🙏🙏🙏🙏🙏🙏🙏🙏 ဒါနဆိုတဲ့ စေတနာက နောက်ကြောင်းအေးဖို့အတွက် စားဝတ်နေရေး ပြည့်စုံအောင် ပြုလုပ်ပေးတယ်။ ဒီတော့ အူမတောင့်ပြီပေါ့။ အူမတောင့်မှ သီလစောင့်နိုင်မှာမဟုတ်လား။ သီလဆိုတဲ့ ကိုယ်ကျင့်သိက္ခာ သက်တန်းစေ့ နေရဖို့အတွက် ခန္ဓာကိုယ် ကျန်းမာအောင် ပြုလုပ်ပေးတယ်။ ဒီတော့ အနာကင်းပြီပေါ့။ အနာကင်းမှ စိတ်အားထက်သန်မှာ မဟုတ်လား။ သမထဆိုတဲ့ သမာဓိက ကျီးလန့်စားစား မဖြစ်စေဖို့အတွက် စိတ်တည်ငြိမ်အောင် ပြုလုပ်ပေးတယ်။ ဒီတော့ သောကငြိမ်းပြီပေါ့။ သောကငြိမ်းမှ စိတ်အေးချမ်းမှာ မဟုတ်လား။ ဝိပဿနာဆိုတဲ့ ပညာက အစွဲကင်းပြီး အမှန်မြင်ဖို့ အတွက် သစ္စာဆိုက်အောင် ပြုလုပ်ပေးတယ်။ ဒီတော့ ဒုက္ခငြိမ်းပြီပေါ့။ အဲဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ပါတယ်။ ဒါကြောင့် ဒါန သီလ သမထ ဝိပဿနာဆိုတဲ့ ကုသိုလ်လေးမျိုးကို ပြုလုပ်ခြင်းဟာ ကိုယ့်ကိုယ်ကို ကယ်တင်နေတယ်လို့ မှတ်ပါ။ ___________________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ ကိုယ့္ကိုယ္ကို ကယ္တင္ၾက _______________________ ဒါနဆိုတဲ့ ေစတနာက ေနာက္ေၾကာင္းေအးဖို႔အတြက္ စားဝတ္ေနေရး ျပည့္စုံေအာင္ ျပဳလုပ္ေပးတယ္။ ဒီေတာ့ အူမေတာင့္ၿပီေပါ့။ အူမေတာင့္မွ သီလေစာင့္နိုင္မွာမဟုတ္လား။ သီလဆိုတဲ့ ကိုယ္က်င့္သိကၡာ သက္တန္းေစ့ ေနရဖို႔အတြက္ ခႏၶာကိုယ္ က်န္းမာေအာင္ ျပဳလုပ္ေပးတယ္။ ဒီေတာ့ အနာကင္းၿပီေပါ့။ အနာကင္းမွ စိတ္အားထက္သန္မွာ မဟုတ္လား။ သမထဆိုတဲ့ သမာဓိက က်ီးလန့္စားစား မျဖစ္ေစဖို႔အတြက္ စိတ္တည္ၿငိမ္ေအာင္ ျပဳလုပ္ေပးတယ္။ ဒီေတာ့ ေသာကၿငိမ္းၿပီေပါ့။ ေသာကၿငိမ္းမွ စိတ္ေအးခ်မ္းမွာ မဟုတ္လား။ ဝိပႆနာဆိုတဲ့ ပညာက အစြဲကင္းၿပီး အမွန္ျမင္ဖို႔ အတြက္ သစၥာဆိုက္ေအာင္ ျပဳလုပ္ေပးတယ္။ ဒီေတာ့ ဒုကၡၿငိမ္းၿပီေပါ့။ အဲဒါကိုပဲ နိဗၺာန္လို႔ ေခၚပါတယ္။ ဒါေၾကာင့္ ဒါန သီလ သမထ ဝိပႆနာဆိုတဲ့ ကုသိုလ္ေလးမ်ိဳးကို ျပဳလုပ္ျခင္းဟာ ကိုယ့္ကိုယ္ကို ကယ္တင္ေနတယ္လို႔ မွတ္ပါ။ ___________________ သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ


via အလင္းေရာင္ ဓမၼ https://ift.tt/2QgSCSR