Wednesday, November 13, 2019

<^>💦 #မာနခံနေရင်တရားအားထုတ်လို့မရဘူး 💦 💐*************💐************💐 ဘုန်းကြီးက တရားနဲ့ပတ်သက်တဲ့ တရားစာပေတွေကိုဖတ်ကြည့်တဲ့အခါကျတော့ ဘုရားရဲ့သီလ၊သမာဓိ၊ပညာဂုဏ်တွေကို စိတ်ထဲကကြည်ညိုနေတဲ့စိတ်ဖြစ်လာတော့ ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးတွေကဆုံးမတာကို သိပ်မနာခံပေမယ့် စာထဲမှာတွေ့ရတဲ့ဘုရားဟောအဆုံးအမကိုတော့ စိတ်ကနာခံတယ်နော်။ ကိုယ်တိုင်ဘုရားကိုမဖူးရပေမယ့် စာထဲမှာဖတ်ရသလောက်ကိုပဲ ကြည်ညိုတဲ့စိတ်၊ ချစ်ခင်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ မြတ်နိုးတဲ့စိတ်ဖြစ်ပြီးတော့ ဘုရားရဲ့အဆုံးအမကို တတ်နိုင်သလောက်ဖတ်တယ်၊ စဉ်းစားတယ်၊ နာခံတယ်။ နောက်တော့ ဘုန်းကြီးရဲ့ဥပဇ္စျာယ်ဆရာတော်နဲ့တွေ့တဲ့အခါကျတော့ သူကိုယ်တိုင်က အင်မတန်မေတ္တာ၊ကရုဏာကြီးတယ်။ အနေအထိုင်လည်း အင်မတန်စည်းကမ်းကြီးတယ်။ အင်မတန်အေးချမ်းတယ်။ နူးညံ့တယ်။ သူကိုယ်တိုင် အမြဲတမ်းတရားနဲ့နေတယ်။ သတိနဲ့နေတယ်။ အဲဒီတော့ သူ့ကိုကြည့်လိုက်လို့ရှိရင် အမြဲတမ်းတည်ငြိမ်ပြီးတော့အေးချမ်းနေတာပဲ။ အနားမှာထိုင်ပြီးတော့သူ့ကိုဖူးနေရတာကိုက အင်မတန်စိတ်ချမ်းသာစရာကောင်းတာပဲ။ 💐💐💐 မင်္ဂလသုတ်ထဲမှာ တစ်ပိုဒ်ပါတယ်နော်။ အခုဘုန်းကြီးပြောတဲ့အဓိပ္ပါယ်နဲ့ နီးစပ်တဲ့အပိုဒ်။ ဘာတဲ့တုန်း။ "သမဏာနဉ္စ ဒဿနံ"ဆိုတဲ့အပိုဒ်နော်။ ကိလေသာငြိမ်းအေးနေတဲ့သူကိုမြင်တွေ့ရခြင်းသည် မင်္ဂလာ။ တရားအားထုတ်ပြီးတော့ လောဘ၊ဒေါသ၊မောဟ၊မာန၊ဣဿာ၊မစ္ဆရိယ အစရှိတဲ့ကိလေသာတွေ ငြိမ်းအေးနေတဲ့အတွက်ကြောင့် စိတ်ကြည်လင်အေးချမ်းနေပြီးတော့ ရုပ်ရည်ပါ၊မျက်နှာတော်ပါ အင်မတန်ကြည်လင်အေးချမ်းနေတဲ့ ဘုန်းကြီးရဲ့ဆရာတော်ကိုဖူးလိုက်တဲ့အခါ သူ့ကိုဖူးရတာနဲ့ကိုပဲ ဘုန်းကြီးစိတ်ထဲမှာ အင်မတန်ကြည်လင်နေတယ်။ အေးချမ်းနေတယ်။ ဘုန်းကြီးအဲဒီဆရာတော်ဆီကို ပထမဆုံးရောက်တုန်းက သူကမေးတယ်။ သူ့ရိပ်သာမှာ ဘယ်လောက်ကြာကြာနေမှာလဲတဲ့။ ဘုန်းကြီးက သုံးလနေမယ်လို့လျှောက်လိုက်တယ်။ အဲဒီတော့ ဆရာတော်ကဘယ်လိုပြောလဲဆိုတော့ (၃)နှစ်နေရမယ်တဲ့။ ဒါနဲ့ သူ့စကားကိုဘယ်လိုမှမငြင်းနိုင်တော့ဘူး။ မနေဘူးလို့ဘယ်လိုမှမပြောနိုင်တာနဲ့ နေပါ့မယ်လို့ပြောလိုက်တယ်။ ဆရာတော်ရဲ့မေတ္တာ၊ကရုဏာနဲ့ သူ့ရဲ့ကြည်လင်မှု၊အေးချမ်းမှု၊ သူ့ရဲ့ဥာဏ်ပညာ၊ သူ့ရဲ့အနေအထိုင်ကိုမြင်ရတဲ့အခါမှာ သူကဆုံးမလို့ရှိရင် ဘယ်လိုမှငြင်းလို့မရဘူး။ သူ့ရဲ့ဆုံးမပုံကလည်း အင်မတန်နူးညံ့တယ်။ အင်မတန်သိမ်မွေ့တယ်။ ဒါကြောင့် တစ်ယောက်ယောက်ကိုဆုံးမချင်တယ်ဆိုရင် ကိုယ်တိုင်က မေတ္တာ၊ကရုဏာစိတ်နဲ့ဆုံးမမှ ရမယ်။ ဒေါသနဲ့ဆုံးမရင်မရဘူး။ ဒေါသနဲ့ဆုံးမလို့ရှိရင် ကြောက်လို့သာ ခေါင်းငုံ့ပြီးတော့ငြိမ်ငြိမ်လေးနေမှာ။ စိတ်ထဲကတော့ တကယ်လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် အဆုံးအမလွယ်သူဖြစ်ရမယ်ဆိုတဲ့စကားကိုဖတ်ကြည့်တော့ ကိုယ်က ဆုံးမခံရတဲ့သူဖြစ်မယ်ဆိုရင် ကိုယ့်ကိုဆုံးမမည့်သူဟာ ဘယ်လိုလူဖြစ်ရမလဲဆိုတာလည်း ပြန်စဉ်းစားရမယ်နော်။ 💐💐💐 နူးညံ့ပျော့ပျောင်းတဲ့သူလည်းဖြစ်ရမယ်။ ခက်ထန်ကြမ်းတမ်းတဲ့သူလည်းမဖြစ်ရဘူး။ ကိုယ်အမူအယာ၊ နှုတ်အမူအယာ၊ စိတ်ထားကအစ ခက်ထန်တဲ့သူမဖြစ်ရဘူး။ နူးညံ့ရမယ်။ ဒီလိုအရည်အချင်းတွေနဲ့ပြည့်စုံမှပဲ တရားအားထုတ်တဲ့အခါမှာ ပိုပြီးတော့အဆင်ပြေမယ်နော်။ စိတ်ထားခက်ထန်တဲ့သူ၊ မာနကြီးတဲ့သူ၊ ကိုယ့်ကိုယ်ကိုသိပ်ပြီးတော့ဘဝင်မြင့်နေတဲ့သူဟာ တရားအားထုတ်လို့မရဘူး။ "အနတိမာနီ" မာန်ထောင်လွှားခြင်းမရှိတဲ့သူဖြစ်ရမယ်တဲ့။ မာနခံနေရင် တရားအားထုတ်လို့မရဘူးနော်။ 💦ရှေးတုန်းကဆရာတော်ကြီးတစ်ပါးအကြောင်း💦 💐💐💐 ရှေးတုန်းကဆရာတော်ကြီးတစ်ပါးအကြောင်း စာပေထဲမှာဖတ်ဖူးပါတယ်။ အဲဒီဆရာတော်ကြီးက ပိဋကတ်သုံးပုံလုံး ကျွမ်းကျင်နှံ့စပ်တဲ့သူဖြစ်ပါတယ်။ တပည့်တွေကလည်း ထောင်နဲ့ချီပြီးတော့ရှိတယ်။ သူ့တပည့်တွေကသူ့ဆီမှာ ပါဠိတော်တွေကိုသင်ကြားလေ့လာပြီးတော့ တရားအားထုတ်နည်းတွေပါသင်ကြားပြီးတော့ တရားအားထုတ်လိုက်ကြတာ၊ တပည့်တွေကရဟန္တာဖြစ်သွားပြီ။ ဒါပေမယ့် ဆရာတော်ကြီးကိုယ်တိုင်ကစာပဲချနေတာမို့လို့ တရားအားမထုတ်လို့တရားထူးမရသေးဘူး။ တပည့်မထေရ်တစ်ပါးကလာပြီးတော့ ဆရာတော်ကြီးကိုလျှောက်တယ်။ တပည့်တော် အနုမောဓနာတရားလေးတစ်ပုဒ်လောက် သင်ချင်လို့လာခဲ့တာပါဘုရားလို့လျှောက်တော့ မအားဘူးတဲ့။ စာတွေပို့ချနေရတာအလုပ်များလွန်းလို့ မအားဘူးတဲ့။ ဆရာတော် မနက်စောစောမျက်နှာသစ်တဲ့အချိန်ကလေး မျက်နှာသစ်ပြီးခါစအချိန်ကလေးမှာ မေးပါရစေတဲ့။ အဲဒီအချိန်တောင် မအားဘူးတဲ့။ အဲလိုဆိုရင် ဆွမ်းခံသွားခါနီးပြင်နေတုန်း မေးပါရစေတဲ့။ အဲဒီအချိန်မှာလည်းမအားဘူးတဲ့။ အဲလိုဆိုရင် ဆွမ်းခံကြွခါနီးလေးမှာတခြားသံဃာမစုံသေးလို့ ခဏစောင့်နေတုန်းလေးမှာမေးပါရစေတဲ့။ အဲဒီအချိန်လည်း မအားဘူးတဲ့။ 💐💐💐 ဒီလိုပဲ အချိန်တွေရှိသလောက်မေးကြည့်တော့ ဘယ်အချိန်မှမအားဘူးတဲ့။ မအားဘူးလို့ပြောတော့ အဲဒီတပည့်က အဲလိုဆိုရင်အရှင်ဘုရား သေဖို့တောင်အားမှာမဟုတ်ဘူးလို့ထင်ပါတယ်ဘုရား။ အဲဒီလိုပြောပြီးတော့ အဲဒီတပည့်မထေရ်ကပြန်သွားလိုက်တော့ ဆရာတော်ကြီးကစဉ်းစားတယ်။ ငါ့တပည့်က တကယ်အနုမောဒနာတရားကိုသင်ချင်လို့လာတာ ဟုတ်ချင်မှဟုတ်မှာ။ ပရိယာယ်နဲ့ ငါ့ကိုလာဆုံးမတာဖြစ်မှာပဲ။ တရားအားမထုတ်သေးတာကို လာဆုံးမတဲ့သဘောပေါ့။ ငါ့မှာ တရားအားထုတ်ဖို့တောင်အချိန်မရှိဘူး။ အဲဒါနဲ့အဲဒီဆရာတော်ကြီးက တရားအားထုတ်ရတာဘာခက်မှာတုန်း။ ငါ ပိဋကတ်သုံးပုံလုံးတတ်တာပဲ။ အားထုတ်လိုက်ရင် ရက်ပိုင်းအတွင်းမှာရဟန္တာဖြစ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ တပည့်တွေကိုတောင်နှုတ်မဆက်ဘဲနဲ့ သပိတ်၊သင်္ကန်းကိုယူပြီးတော့ တောထဲကြွသွားပြီးတော့ တရားသွားအားထုတ်တယ်။ ဆရာတော်ကြီးထင်တာကတော့ ခုနစ်ရက်လောက်ကြာရင် တရားထူးရမယ်လို့ထင်တယ်။ ခုနစ်ရက်နဲ့ မရဘူး။ ခုနစ်လလည်း မရဘူး။ ခုနစ်နှစ်နဲ့လည်း မရဘူး။ နှစ်သုံးဆယ်လောက်ကြာတယ်။ မရသေးဘူး။ နောက်ဆုံးကျတော့ ဒီလောက်နှစ်ပေါင်းသုံးဆယ်ကြာတောင်မှတရားမရတော့ ဝမ်းနည်းပြီးတော့ငိုတော့တာပဲ။ ငိုတော့ မနီးမဝေးမှာအရင်ဘဝတုန်းက ဆရာတော်ကြီးရဲ့အမေတော်ဖူးတဲ့ နတ်သမီးတစ်ပါးလည်းရှိတယ်တဲ့။ သူကလည်းငိုတယ်တဲ့။ ဆရာတော်ကြီးကငိုသံကြားတော့ ဘယ်ကငိုနေတာလဲဆိုတော့ တပည့်တော်ပါ။ ဘာလို့ငိုနေတာလဲဆိုတော့ ငိုရင်တရားထူးရမလားလို့ ငိုတာပါတဲ့။ အဲဒါနဲ့ဆရာတော်ကြီးက နတ်သမီးတော့ငါ့ကိုလှောင်နေပြီ။ အဲဒီတော့ ငိုနေလို့တော့မဖြစ်ပါဘူးဆိုပြီးတော့ တရားကိုပြန်အားထုတ်တော့လည်း တရားရသွားပါတယ်တဲ့။ ဆိုလိုတာက စာတွေအများကြီးတတ်ထားတဲ့သူမို့လို့ ငါကတော့တရားအားထုတ်ရင် ဘာမှခက်မှာမဟုတ်ဘူးဆိုတဲ့ အဲဒီလိုမာနရှိနေတာနဲ့ကိုပဲ နှစ်ပေါင်း(၃၀)ကြာတယ်။ မာနရှိနေရင် တရားအားထုတ်လို့မရဘူးနော်။ 🌜ကိုယ့်ကိုယ်ကို သိတယ်၊တတ်တယ်ဆိုတဲ့စိတ်ကိုမွေးထားလို့ရှိရင် တရားမတိုးတက်ဘူး။🌛 🙏🏻ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)🙏🏻 📖မေတ္တာသုတ်တရားတော်📖 #ဘဝ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 #ကောင်းကျိူးလိုရာပြည့်ကြပါစေ <^>💦 #မာနခံနရေငျတရားအားထုတျလို့မရဘူး 💦 💐*************💐************💐 ဘုနျးကွီးက တရားနဲ့ပတျသကျတဲ့ တရားစာပတှေကေိုဖတျကွညျ့တဲ့အခါကတြော့ ဘုရားရဲ့သီလ၊သမာဓိ၊ပညာဂုဏျတှကေို စိတျထဲကကွညျညိုနတေဲ့စိတျဖွဈလာတော့ ပတျဝနျးကငြျမှာရှိတဲ့လူကွီးတှကေဆုံးမတာကို သိပျမနာခံပမေယျ့ စာထဲမှာတှေ့ရတဲ့ဘုရားဟောအဆုံးအမကိုတော့ စိတျကနာခံတယျနောျ။ ကိုယျတိုငျဘုရားကိုမဖူးရပမေယျ့ စာထဲမှာဖတျရသလောကျကိုပဲ ကွညျညိုတဲ့စိတျ၊ ခစြျခငျတဲ့စိတျ၊ လေးစားတဲ့စိတျ၊ မွတျနိုးတဲ့စိတျဖွဈပွီးတော့ ဘုရားရဲ့အဆုံးအမကို တတျနိုငျသလောကျဖတျတယျ၊ စဉျးစားတယျ၊ နာခံတယျ။ နောကျတော့ ဘုနျးကွီးရဲ့ဥပဇ်စြာယျဆရာတောျနဲ့တှေ့တဲ့အခါကတြော့ သူကိုယျတိုငျက အငျမတနျမတေ်တာ၊ကရုဏာကွီးတယျ။ အနအေထိုငျလညျး အငျမတနျစညျးကမျးကွီးတယျ။ အငျမတနျအေးခမြျးတယျ။ နူးညံ့တယျ။ သူကိုယျတိုငျ အမွဲတမျးတရားနဲ့နတေယျ။ သတိနဲ့နတေယျ။ အဲဒီတော့ သူ့ကိုကွညျ့လိုကျလို့ရှိရငျ အမွဲတမျးတညျငွိမျပွီးတော့အေးခမြျးနတောပဲ။ အနားမှာထိုငျပွီးတော့သူ့ကိုဖူးနရေတာကိုက အငျမတနျစိတျခမြျးသာစရာကောငျးတာပဲ။ 💐💐💐 မငျ်ဂလသုတျထဲမှာ တဈပိုဒျပါတယျနောျ။ အခုဘုနျးကွီးပွောတဲ့အဓိပ်ပါယျနဲ့ နီးစပျတဲ့အပိုဒျ။ ဘာတဲ့တုနျး။ "သမဏာနဉ်စ ဒူနံ"ဆိုတဲ့အပိုဒျနောျ။ ကိလသောငွိမျးအေးနတေဲ့သူကိုမွငျတှေ့ရခွငျးသညျ မငျ်ဂလာ။ တရားအားထုတျပွီးတော့ လောဘ၊ဒေါသ၊မောဟ၊မာန၊ဣူာ၊မစ်ဆရိယ အစရှိတဲ့ကိလသောတှေ ငွိမျးအေးနတေဲ့အတှကျကွောငျ့ စိတျကွညျလငျအေးခမြျးနပွေီးတော့ ရုပျရညျပါ၊မကြျနှာတောျပါ အငျမတနျကွညျလငျအေးခမြျးနတေဲ့ ဘုနျးကွီးရဲ့ဆရာတောျကိုဖူးလိုကျတဲ့အခါ သူ့ကိုဖူးရတာနဲ့ကိုပဲ ဘုနျးကွီးစိတျထဲမှာ အငျမတနျကွညျလငျနတေယျ။ အေးခမြျးနတေယျ။ ဘုနျးကွီးအဲဒီဆရာတောျဆီကို ပထမဆုံးရောကျတုနျးက သူကမေးတယျ။ သူ့ရိပျသာမှာ ဘယျလောကျကွာကွာနမှောလဲတဲ့။ ဘုနျးကွီးက သုံးလနမေယျလို့လြှောကျလိုကျတယျ။ အဲဒီတော့ ဆရာတောျကဘယျလိုပွောလဲဆိုတော့ (၃)နှဈနရေမယျတဲ့။ ဒါနဲ့ သူ့စကားကိုဘယျလိုမှမငွငျးနိုငျတော့ဘူး။ မနဘေူးလို့ဘယျလိုမှမပွောနိုငျတာနဲ့ နပေါ့မယျလို့ပွောလိုကျတယျ။ ဆရာတောျရဲ့မတေ်တာ၊ကရုဏာနဲ့ သူ့ရဲ့ကွညျလငျမှု၊အေးခမြျးမှု၊ သူ့ရဲ့ဉာဏျပညာ၊ သူ့ရဲ့အနအေထိုငျကိုမွငျရတဲ့အခါမှာ သူကဆုံးမလို့ရှိရငျ ဘယျလိုမှငွငျးလို့မရဘူး။ သူ့ရဲ့ဆုံးမပုံကလညျး အငျမတနျနူးညံ့တယျ။ အငျမတနျသိမျမှေ့တယျ။ ဒါကွောငျ့ တဈယောကျယောကျကိုဆုံးမခငြျတယျဆိုရငျ ကိုယျတိုငျက မတေ်တာ၊ကရုဏာစိတျနဲ့ဆုံးမမှ ရမယျ။ ဒေါသနဲ့ဆုံးမရငျမရဘူး။ ဒေါသနဲ့ဆုံးမလို့ရှိရငျ ကွောကျလို့သာ ခေါငျးငုံ့ပွီးတော့ငွိမျငွိမျလေးနမှော။ စိတျထဲကတော့ တကယျလကျခံမှာမဟုတျဘူး။ ဒါကွောငျ့ အဆုံးအမလှယျသူဖွဈရမယျဆိုတဲ့စကားကိုဖတျကွညျ့တော့ ကိုယျက ဆုံးမခံရတဲ့သူဖွဈမယျဆိုရငျ ကိုယျ့ကိုဆုံးမမညျ့သူဟာ ဘယျလိုလူဖွဈရမလဲဆိုတာလညျး ပွနျစဉျးစားရမယျနောျ။ 💐💐💐 နူးညံ့ပြော့ပြောငျးတဲ့သူလညျးဖွဈရမယျ။ ခကျထနျကွမျးတမျးတဲ့သူလညျးမဖွဈရဘူး။ ကိုယျအမူအယာ၊ နှုတျအမူအယာ၊ စိတျထားကအစ ခကျထနျတဲ့သူမဖွဈရဘူး။ နူးညံ့ရမယျ။ ဒီလိုအရညျအခငြျးတှနေဲ့ပွညျ့စုံမှပဲ တရားအားထုတျတဲ့အခါမှာ ပိုပွီးတော့အဆငျပွမေယျနောျ။ စိတျထားခကျထနျတဲ့သူ၊ မာနကွီးတဲ့သူ၊ ကိုယျ့ကိုယျကိုသိပျပွီးတော့ဘဝငျမွငျ့နတေဲ့သူဟာ တရားအားထုတျလို့မရဘူး။ "အနတိမာနီ" မာနျထောငျလှှားခွငျးမရှိတဲ့သူဖွဈရမယျတဲ့။ မာနခံနရေငျ တရားအားထုတျလို့မရဘူးနောျ။ 💦ရှေးတုနျးကဆရာတောျကွီးတဈပါးအကွောငျး💦 💐💐💐 ရှေးတုနျးကဆရာတောျကွီးတဈပါးအကွောငျး စာပထေဲမှာဖတျဖူးပါတယျ။ အဲဒီဆရာတောျကွီးက ပိဋကတျသုံးပုံလုံး ကြှမျးကငြျနှံ့စပျတဲ့သူဖွဈပါတယျ။ တပညျ့တှကေလညျး ထောငျနဲ့ခြီပွီးတော့ရှိတယျ။ သူ့တပညျ့တှကေသူ့ဆီမှာ ပါဠိတောျတှကေိုသငျကွားလေ့လာပွီးတော့ တရားအားထုတျနညျးတှပေါသငျကွားပွီးတော့ တရားအားထုတျလိုကျကွတာ၊ တပညျ့တှကေရဟန်တာဖွဈသှားပွီ။ ဒါပမေယျ့ ဆရာတောျကွီးကိုယျတိုငျကစာပဲခနြတောမို့လို့ တရားအားမထုတျလို့တရားထူးမရသေးဘူး။ တပညျ့မထရျေတဈပါးကလာပွီးတော့ ဆရာတောျကွီးကိုလြှောကျတယျ။ တပညျ့တောျ အနုမောဓနာတရားလေးတဈပုဒျလောကျ သငျခငြျလို့လာခဲ့တာပါဘုရားလို့လြှောကျတော့ မအားဘူးတဲ့။ စာတှပေို့ခနြရေတာအလုပျမြားလှနျးလို့ မအားဘူးတဲ့။ ဆရာတောျ မနကျစောစောမကြျနှာသဈတဲ့အခြိနျကလေး မကြျနှာသဈပွီးခါစအခြိနျကလေးမှာ မေးပါရစတေဲ့။ အဲဒီအခြိနျတောငျ မအားဘူးတဲ့။ အဲလိုဆိုရငျ ဆှမျးခံသှားခါနီးပွငျနတေုနျး မေးပါရစတေဲ့။ အဲဒီအခြိနျမှာလညျးမအားဘူးတဲ့။ အဲလိုဆိုရငျ ဆှမျးခံကွှခါနီးလေးမှာတခွားသံဃာမစုံသေးလို့ ခဏစောငျ့နတေုနျးလေးမှာမေးပါရစတေဲ့။ အဲဒီအခြိနျလညျး မအားဘူးတဲ့။ 💐💐💐 ဒီလိုပဲ အခြိနျတှရှေိသလောကျမေးကွညျ့တော့ ဘယျအခြိနျမှမအားဘူးတဲ့။ မအားဘူးလို့ပွောတော့ အဲဒီတပညျ့က အဲလိုဆိုရငျအရှငျဘုရား သဖေို့တောငျအားမှာမဟုတျဘူးလို့ထငျပါတယျဘုရား။ အဲဒီလိုပွောပွီးတော့ အဲဒီတပညျ့မထရျေကပွနျသှားလိုကျတော့ ဆရာတောျကွီးကစဉျးစားတယျ။ ငါ့တပညျ့က တကယျအနုမောဒနာတရားကိုသငျခငြျလို့လာတာ ဟုတျခငြျမှဟုတျမှာ။ ပရိယာယျနဲ့ ငါ့ကိုလာဆုံးမတာဖွဈမှာပဲ။ တရားအားမထုတျသေးတာကို လာဆုံးမတဲ့သဘောပေါ့။ ငါ့မှာ တရားအားထုတျဖို့တောငျအခြိနျမရှိဘူး။ အဲဒါနဲ့အဲဒီဆရာတောျကွီးက တရားအားထုတျရတာဘာခကျမှာတုနျး။ ငါ ပိဋကတျသုံးပုံလုံးတတျတာပဲ။ အားထုတျလိုကျရငျ ရကျပိုငျးအတှငျးမှာရဟန်တာဖွဈနိုငျတယျဆိုတဲ့စိတျနဲ့ တပညျ့တှကေိုတောငျနှုတျမဆကျဘဲနဲ့ သပိတျ၊သငျ်ကနျးကိုယူပွီးတော့ တောထဲကွှသှားပွီးတော့ တရားသှားအားထုတျတယျ။ ဆရာတောျကွီးထငျတာကတော့ ခုနဈရကျလောကျကွာရငျ တရားထူးရမယျလို့ထငျတယျ။ ခုနဈရကျနဲ့ မရဘူး။ ခုနဈလလညျး မရဘူး။ ခုနဈနှဈနဲ့လညျး မရဘူး။ နှဈသုံးဆယျလောကျကွာတယျ။ မရသေးဘူး။ နောကျဆုံးကတြော့ ဒီလောကျနှဈပေါငျးသုံးဆယျကွာတောငျမှတရားမရတော့ ဝမျးနညျးပွီးတော့ငိုတော့တာပဲ။ ငိုတော့ မနီးမဝေးမှာအရငျဘဝတုနျးက ဆရာတောျကွီးရဲ့အမတေောျဖူးတဲ့ နတျသမီးတဈပါးလညျးရှိတယျတဲ့။ သူကလညျးငိုတယျတဲ့။ ဆရာတောျကွီးကငိုသံကွားတော့ ဘယျကငိုနတောလဲဆိုတော့ တပညျ့တောျပါ။ ဘာလို့ငိုနတောလဲဆိုတော့ ငိုရငျတရားထူးရမလားလို့ ငိုတာပါတဲ့။ အဲဒါနဲ့ဆရာတောျကွီးက နတျသမီးတော့ငါ့ကိုလှောငျနပွေီ။ အဲဒီတော့ ငိုနလေို့တော့မဖွဈပါဘူးဆိုပွီးတော့ တရားကိုပွနျအားထုတျတော့လညျး တရားရသှားပါတယျတဲ့။ ဆိုလိုတာက စာတှအေမြားကွီးတတျထားတဲ့သူမို့လို့ ငါကတော့တရားအားထုတျရငျ ဘာမှခကျမှာမဟုတျဘူးဆိုတဲ့ အဲဒီလိုမာနရှိနတောနဲ့ကိုပဲ နှဈပေါငျး(၃၀)ကွာတယျ။ မာနရှိနရေငျ တရားအားထုတျလို့မရဘူးနောျ။ 🌜ကိုယျ့ကိုယျကို သိတယျ၊တတျတယျဆိုတဲ့စိတျကိုမှေးထားလို့ရှိရငျ တရားမတိုးတကျဘူး။🌛 🙏🏻ဆရာတောျ ဦးဇောတိက (မဟာမွိုငျတောရ)🙏🏻 📖မတေ်တာသုတျတရားတောျ📖 #ဘဝ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 #ကောငျးကြိူးလိုရာပွညျ့ကွပါစေ


via အလင်းရောင် ဓမ္မ https://ift.tt/36Yovp1