Sunday, November 10, 2019

ပိုက်ဆံချမ်းသာရင် ပြည့်စုံပြီတဲ့လား •~•~•~•~••~•~•~• ဒီကနေ့ကမ္ဘာပေါ်မှာ အချမ်းဆုံးစာရင်းဝင် သူဌေးကြီးတွေရဲ့ စည်းဇိမ်ဥစ္စာဟာ တစ်ဘီလျှံကို သန်းတစ်ထောင်န ုန်းစံနဲ့ တိုင်းပြီး ဘီလျှံ ဘယ်လောက်ချမ်းသာ ပါတယ် လို့ ကိန်းဂဏန်းတွေနဲ့ သက်သေ ပြလို့ရတယ် ဘုရားရှင်လက်ထပ်က ဇောတိက ကာကဝဏ္ဏ မေဏ္ဌက ဇဋိလ စတဲ့ သူဌေး ကြီးတွေရဲ့ ချမ်းသာမှ ူ့ဟာ ဂဏန်းသင်္ချာ နည်းနဲ့တောင် တွက်လို့ မရပါဘူးတဲ့ မင်းသားတပါးဟာ မရှိဆိုတဲ့စကားတောင် မကြားဘူး ပါဘူးတဲ့ အဲဒီလူတွေ စည်းဇိမ် ဥစ္စာကိုစွန့်ပြီး ဘာ့ကြောင့် တရားထိုင် ကြပါသလဲ့ ဒီကနေ့ကမ္ဘာမှာ အချောဆုံး အလှဆုံး မင်းသား မင်းသမီးတွေ မယ်တွေဟာ ဘယ်လောက်ထိ သူတို့န ူးညံ့သိမ်မွေ့ တယ်ပြောပါစေ လက်ဖဝါး ခြေဖဝါး မှာတော့ အမွေးပေါက်လောက်အောင် မန ူးညံ့ကြ သေးပါဘူး ဘုရားရှင်လက်ထပ်က ခြေဖဝါးမှာတောင်အမွေးပေါက်တဲ့ မင်းသားဟာ သွေးသံတရွဲရွဲ ဖြစ်အောင်ကို စင်္ကြန်ကမ္မ ဋ္ဌာန်းနဲ့တရားကျင့်ခဲ့ပါတယ် သူ ဘာ့ကြောင့် ပြင်းပြင်းထန်ထန် တရား ကျင့်ပါသလဲ တကယ်တော့ ရှင်သာရိပုတြာတို့ ရှာမောဂ္ဂလန်တို့လည်း သန်းကြွယ် သူဌေးကြီးတွေပါပဲ ကုန်ကုန်ပြောရင် ဘုရားရှင်ကိုယ်တိုင် စင်္ကြာဝတေးမင်း စည်းဇိမ်ကိုစွန့်ပြီး ဆင်းဆင်းရဲရဲနဲ့ တရားရှာခဲ့ရတာပါ ဒီလောက်ဆိုရင် ပိုက်ဆံနဲ့ တရား ဘယ်ဟာကအရေးကြီးသလဲ သဘောပေါက်လောက်ရောပေါ့ မိတ်ဆွေတို့လည်း ရွေးချယ်မှ ူ့ မှန်ကန်နိ ုင်ကြပါစေဗျာ ဦးမြင့်ခိုင် share


via အလင်းရောင် ဓမ္မ https://ift.tt/32A0UaE