Sunday, November 10, 2019

ကောင်းတာလုပ်လုပ်၊ဆိုးတာလုပ်လုပ် ဘာပဲလုပ်လုပ် ကိုယ်ပဲဆိုင်တယ်။ကိုယ်ပဲအမွေခံရမယ်။ အဲဒီခံယူချက်ထားတာကို “ကမ္မဿကတာ သမ္မာဒိဌိ”ခေါ်တယ်။ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° လူဖြစ်လာပြီး လောဘနဲ့နေမယ်၊ဒေါသနဲ့နေမယ်။ဘာမှမသိဘူး၊မောဟနဲ့နေမယ်ဆိုရင် စိတ် သဘော ထားအရ တိရစ္ဆာန် အဆင့်နဲ့တူမနေ ဘူးလား။ အဲဒါဆိုရင် ခဲခဲယဉ်းယဉ်း ရလာတဲ့ လူ့ဘဝ လူ ဖြစ်ကျိုးနပ်ပါ့မလား?။မနပ်ပါဘူး။ အေး..ဒါကြောင့်မို့ လူဖြစ်ရကျိုးနပ်ဖို့ ကိုယ့်ဘဝအရေးစဉ်းစားရမယ်။ ဒီအတိုင်းမှတ်တမဲ့ မနေရဘူး။လူဖြစ်ကျိုးနပ်အောင်နေရမယ်။ အဲဒီတော့ လူဖြစ်ကျိုးနပ်အောင်နေဖို့ဆိုတာ ဘာတွေလုပ်ဖို့လိုလဲ၊ဘယ်လိုလုပ်မှ လူဖြစ်ကျိုးနပ်မလဲဆိုတာသိရမယ်။ အရေးကြီးဆုံးကဘာလုပ်ရမလဲ? နံပါတ်တစ်က လူဖြစ်လာပြီဆိုရင် အရေးကြီးဆုံး ခံယူချက်က“ကမ္မဿကတာ သမ္မာဒိဌိ”ဆိုတဲ့ မှန်ကန်တဲ့အမြင် ရအောင်လုပ်ရမယ်၊မရသေးရင် ရအောင်လုပ်ရမယ်။ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ”ဆိုတာ ဘာပြောတာလဲ? ကိုယ်လုပ်တာ ကိုယ်နဲ့သာဆိုင်တယ်ဆိုတဲ့ ခံယူ ချက်။ မြတ်စွာဘုရားက ဟောထားတယ်"ယံကမ္မံ ကရိ ဿန္တိ ကလျာ ထံ ဝါ ပါပကံ ဝါ တဿ ကမ္မဿ ဒါယာဒါ။" ကောင်းတာလုပ်လုပ်၊ဆိုးတာလုပ်လုပ် ဘာပဲလုပ်လုပ် ကိုယ်ပဲဆိုင်တယ်။ကိုယ်ပဲအမွေခံရမယ်။ အဲဒီခံယူချက်ထားတာကို “ကမ္မဿကတာ သမ္မာဒိဋ္ဌ”ခေါ်တယ်။ အဲဒီအမြင် ရှိရမယ်တဲ့။မှန်ကန်တဲ့ အဲဒီအမြင်မရှိရင် လူတော်လူကောင်းမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ နံပါတ်(၁)လူဖြစ်လာလို့ရှိရင် “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ရှိရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ခံယူထားသည့်အတွက်ကြောင့်ကောင်းတာလုပ်ဖို့ပဲ ကြိုးစားလိမ့်မယ်။ မကောင်းတာလုပ်ဖို့ မကြိုးစားတော့ဘူး။ဘာဖြစ်လို့တုန်းဆိုတော့ လူတိုင်းလူတိုင်းဟာ ကောင်းတာပဲရချင်လို့ပေါ့။ မကောင်းတဲ့ အမွေတွေတော့ ဘယ်သူမှ မခံချင်ဘူး။ ကောင်းတဲ့အမွေ ရအောင်ဆိုပြီး ကောင်းအောင်နေလိမ့်မယ်တဲ့။ ဒါကကိုယ့်ကိုကိုယ် စဉ်းစားဖို့ လိုအပ်တဲ့အချက်ပဲ။ ဒီဘဝတင်ပဲကြည့်၊လူတိုင်းလူတိုင်းမှာ ကံရဲ့ပုံရိပ်အမှတ်တံဆိပ်တွေ ပေါ်နေတယ်တဲ့။ အမှတ်တမဲ့မနေနဲ့ ကံရဲ့ ပုံရိပ်အမှတ်တံဆိပ်တွေ လူတိုင်းလူတိုင်းမှာရှိတယ်။ ကြည့်လေ .. ကံရဲ့ ပုံရိပ်တွေ ဘယ်လိုပေါ်လာတုန်းလို့ဆိုရင် တစ်ချို့ကျတော့ ရုပ်လှတယ်တဲ့။ တစ်ချို့ကတော့ရုပ်မလှဘူးတဲ့၊ ဒါဟာ ကံရဲ့ပုံရိပ်အမှတ် တံဆိပ်လေးပါပဲ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ Khin Sandar Soe Htut... ေကာင္းတာလုပ္လုပ္၊ဆိုးတာလုပ္လုပ္ ဘာပဲလုပ္လုပ္ ကိုယ္ပဲဆိုင္တယ္။ကိုယ္ပဲအေမြခံရမယ္။ အဲဒီခံယူခ်က္ထားတာကို “ကမၼႆကတာ သမၼာဒိဌိ”ေခၚတယ္။ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° လူျဖစ္လာၿပီး ေလာဘနဲ႕ေနမယ္၊ေဒါသနဲ႕ေနမယ္။ဘာမွမသိဘူး၊ေမာဟနဲ႕ေနမယ္ဆိုရင္ စိတ္ သေဘာ ထားအရ တိရစ္ဆာန္ အဆင့္နဲ႕တူမေန ဘူးလား။ အဲဒါဆိုရင္ ခဲခဲယဥ္းယဥ္း ရလာတဲ့ လူ႕ဘဝ လူ ျဖစ္က်ိဳးနပ္ပါ့မလား?။မနပ္ပါဘူး။ ေအး..ဒါေၾကာင့္မို႔ လူျဖစ္ရက်ိဳးနပ္ဖို႔ ကိုယ့္ဘဝအေရးစဥ္းစားရမယ္။ ဒီအတိုင္းမွတ္တမဲ့ မေနရဘူး။လူျဖစ္က်ိဳးနပ္ေအာင္ေနရမယ္။ အဲဒီေတာ့ လူျဖစ္က်ိဳးနပ္ေအာင္ေနဖို႔ဆိုတာ ဘာေတြလုပ္ဖို႔လိုလဲ၊ဘယ္လိုလုပ္မွ လူျဖစ္က်ိဳးနပ္မလဲဆိုတာသိရမယ္။ အေရးႀကီးဆုံးကဘာလုပ္ရမလဲ? နံပါတ္တစ္က လူျဖစ္လာၿပီဆိုရင္ အေရးႀကီးဆုံး ခံယူခ်က္က“ကမၼႆကတာ သမၼာဒိဌိ”ဆိုတဲ့ မွန္ကန္တဲ့အျမင္ ရေအာင္လုပ္ရမယ္၊မရေသးရင္ ရေအာင္လုပ္ရမယ္။ “ကမၼႆကတာ သမၼာဒိ႒ိ”ဆိုတာ ဘာေျပာတာလဲ? ကိုယ္လုပ္တာ ကိုယ္နဲ႕သာဆိုင္တယ္ဆိုတဲ့ ခံယူ ခ်က္။ ျမတ္စြာဘုရားက ေဟာထားတယ္"ယံကမၼံ ကရိ ႆႏၱိ ကလ်ာ ထံ ဝါ ပါပကံ ဝါ တႆ ကမၼႆ ဒါယာဒါ။" ေကာင္းတာလုပ္လုပ္၊ဆိုးတာလုပ္လုပ္ ဘာပဲလုပ္လုပ္ ကိုယ္ပဲဆိုင္တယ္။ကိုယ္ပဲအေမြခံရမယ္။ အဲဒီခံယူခ်က္ထားတာကို “ကမၼႆကတာ သမၼာဒိ႒”ေခၚတယ္။ အဲဒီအျမင္ ရွိရမယ္တဲ့။မွန္ကန္တဲ့ အဲဒီအျမင္မရွိရင္ လူေတာ္လူေကာင္းမျဖစ္နိုင္ဘူး။ ဒါေၾကာင့္မို႔လို႔ နံပါတ္(၁)လူျဖစ္လာလို႔ရွိရင္ “ကမၼႆကတာသမၼာဒိ႒ိ” ရွိရမယ္။ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္မယ္။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္လို႔ ခံယူထားသည့္အတြက္ေၾကာင့္ေကာင္းတာလုပ္ဖို႔ပဲ ႀကိဳးစားလိမ့္မယ္။ မေကာင္းတာလုပ္ဖို႔ မႀကိဳးစားေတာ့ဘူး။ဘာျဖစ္လို႔တုန္းဆိုေတာ့ လူတိုင္းလူတိုင္းဟာ ေကာင္းတာပဲရခ်င္လို႔ေပါ့။ မေကာင္းတဲ့ အေမြေတြေတာ့ ဘယ္သူမွ မခံခ်င္ဘူး။ ေကာင္းတဲ့အေမြ ရေအာင္ဆိုၿပီး ေကာင္းေအာင္ေနလိမ့္မယ္တဲ့။ ဒါကကိုယ့္ကိုကိုယ္ စဥ္းစားဖို႔ လိုအပ္တဲ့အခ်က္ပဲ။ ဒီဘဝတင္ပဲၾကည့္၊လူတိုင္းလူတိုင္းမွာ ကံရဲ႕ပုံရိပ္အမွတ္တံဆိပ္ေတြ ေပၚေနတယ္တဲ့။ အမွတ္တမဲ့မေနနဲ႕ ကံရဲ႕ ပုံရိပ္အမွတ္တံဆိပ္ေတြ လူတိုင္းလူတိုင္းမွာရွိတယ္။ ၾကည့္ေလ .. ကံရဲ႕ ပုံရိပ္ေတြ ဘယ္လိုေပၚလာတုန္းလို႔ဆိုရင္ တစ္ခ်ိဳ႕က်ေတာ့ ႐ုပ္လွတယ္တဲ့။ တစ္ခ်ိဳ႕ကေတာ့႐ုပ္မလွဘူးတဲ့၊ ဒါဟာ ကံရဲ႕ပုံရိပ္အမွတ္ တံဆိပ္ေလးပါပဲ။ ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ နႏၵမာလာဘိဝံသ Khin Sandar Soe Htut...


via အလင္းေရာင္ ဓမၼ https://ift.tt/34PuJFZ