Sunday, July 7, 2019

"ကံ" 🌷🌷🌷🌷 ဘယ်သူဟန်ဟန် မဟန်ဟန် ကိုယ့်ကံက ကိုယ့်ဟန်ပဲ။ ကိုယ်ကြံသမျှ ကိုယ်ပြန်ရမှာပဲ။ ဘယ်သူခွဲခွဲ မခွဲခွဲ ကိုယ်နဲ့မြဲနေတာ ကိုယ့်ကံအတွဲပဲ။ ကောင်းလည်းမခွဲ ဆိုးမခွဲတာ ကိုယ့်ကံပါပဲ။ ဘယ်သူပြောင်းပြောင်း မပြောင်းပြောင်း အမှန်မပြောင်းတာက ကိုယ့်ကံအကြောင်းပဲ။ မကောင်းကိုယ်ခံ ကောင်းကိုယ်စံပဲ။ ဘယ်သူရှိရှိ မရှိရှိ မျက်နှာမကြည့်တာ ကိုယ့်ကံအရှိပါပဲ။ မှန်ကြည့်သလို အမှန်ရှိတာ ကိုယ့်ကံပါပဲ။ ဘယ်သူဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်အလုပ်က ကိုယ့်အထုပ်ပဲ။ ကိုယ်လုပ်သမျှအရာရာ သူကအခရာပဲ။ ဟန်ဆောင်မှုမပါ ကိုယ်နဲ့မခွါတာ ကိုယ့်ကံပါပဲ။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ 🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/2XTFiHW