အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 7, 2019
မြတ်စွာဘုရား၏ လေးဆယ့်ငါးဝါ ဝါဆိုရာ ဌာနများ 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 ဝါတော်စဉ် ဝါဆိုရာဌာန (1) ၁-ဝါ ဗာရာဏသီ။ မိဂဒါဝုန်တော (2) ၂-၃-၄-ဝါ ဗာရာဏသီ မိဂဒါဝုန်တော (3) ၅-ဝါ ဝေသာလီပြည် (4) ၆-ဝါ မကုဠတောင် (5) ၇-ဝါ တာဝတိံသာ (6) ၈-ဝါ ဘဂ္ဂတိုင်း (7) ၉-ဝါ ကောသမ္ဗီပြည် (8) ၁၀-ဝါ ပါလိလေယျကတော (9) ၁၁-ဝါ နာဠပုဏ္ဏားရွာ (10) ၁၂-ဝါ ဝေရဉ္ဇာပြည် (11) ၁၃-ဝါ စာလိယတောင် (12) ၁၄-ဝါ သာဝတ္ထိပြည် (13) ၁၅-ဝါ ကပိလဝတ်ပြည် (14) ၁၆-ဝါ အာဠဝီပြည် (15) ၁၇-ဝါ ရာဇဂြိုလ် (16) ၁၈-၁၉-ဝါ စာလိယတောင် (17) ၂၀-ဝါ ရာဇဂြိုလ် (18) ၂၁ မှ ၄၄-ဝါ သာဝတ္ထိပြည် မှတ်ချက်-သာဝတ္ထိမြို့ ၂၅ ဝါ ဇေတဝန် ၁၉-ဝါ ပုဗ္ဗာရုံကျောင်း ၆-ဝါ (19) ၄၅-ဝါ ဝေဠုဝရွာ မှတ်ချက်။ ။ မြတ်စွာဘုရားသည် ဝါတော် ၂၀-ဝါ အထိ အမြဲ သီတင်းသုံး နေထိုင်ခြင်းမရှိခဲ့ပါ။ ထိုထိုမြို့ရွာတို့သို့ လှည့်လည်ပြီး ဝါဆိုတော်မူသည်။ ထို့ကြောင့် ဝါတော် ၂၀-ထိ အနိဗဒ္ဓဝါဟု ခေါ်သည်။ ၂၁-ဝါမှ ၄၅-ဝါတော်ထိ နောက်ပိုင်း ၂၅-ဝါတော် အနက် ၂၄-ဝါကို သာဝတ္ထိပြည်၌သာ အမြဲဝါဆိုတော် မူသည်။ နောက်ဆုံးဝါကို ဝေဠုဝရွာ၌ ဝါကပ်တော်မူသည်။ ထိုကြောင့် နိဗဒ္ဓဝါ ၂၅-ဝါဟု မှတ်ရမည်။ CR#
via အလင်းရောင် ဓမ္မ https://ift.tt/2YMnThX
Newer Post
Older Post
Home