အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 1, 2019
ယှဉ်ပြိုင်မှုအားလုံး အားလုံးဟာ စိတ်ဖိစီးမှုကို ဖြစ်စေတယ်။ •••••••••••••••••••••••••••••• ပြိုင်ဘက်တွေ အရမ်းများတဲ့ အခုလို ခေတ်ကြီးမှာ စိတ်ဖိစီးမှု emotion ကို ဘယ်လိုကိုင်တွယ်မှာတုန်း။ ကမ္ဘာကြီးက အရမ်း competitive ဖြစ်တယ်။ ပြိုင်ဘက်တွေ များတယ်။ ပြိုင်ဘက်များတာကို ရှောင်လို့မရဘူး။ လူ့ရဲ့စိတ်က အလိုလိုပြိုင်ချင်တာ။ ဘယ်သူ့မှ ပြိုင်စရာမရှိတော့ ကိုယ့်ဟာကိုယ် ပြန်ပြိုင်တယ်။ မနေ့ကငါနဲ့ ဒီနေ့ငါ မတူဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူဘူးဆိုရင် ကိုယ့်ရဲ့ရင်ထဲမှာ ပြန်ပြီးတော့ ဝိရောဓိဖြစ်တယ်။ "ပြိုင်ဆိုင်မှု"ဆိုတာ ရှိတယ်။ "ပြိုင်ဆိုင်မှု"ဆိုတာ ကောင်းတယ်။ မကောင်းဘူးဆိုတာထက် ပြိုင်ဆိုင်မှုဆိုတာ ရှိတယ်လို့ အရင်လက်ခံလိုက်ရမယ်။ မိသားစုအတွင်းမှာ မောင်နှမချင်း ပြိုင်ဆိုင် တာကိုတော့ sibbling rivalry လို့ ခေါ် တယ်။ အဲ့လိုပြိုင်ကြတာ။ မိသားစု နှစ်ယောက်၊ သုံးယောက် ရှိတဲ့အိမ် အများကြီးရှိတဲ့အိမ် အဲ့လိုဆိုရင် ပိုတွေ့သေး တယ်။ ပြိုင်ဆိုင်မှုတွေရှိတယ်။ မောင်နှမနှစ်ယောက် ထဲရှိတဲ့ မိသားစုတွေကျတော့ ပြိုင်ဆိုင်မိပြီ ဆိုရင်… သူတို့ရဲ့ emotion က တစ်ယောက်ကို တစ်ယောက် မကျေနပ်တာလေး အမြဲတမ်း ရှိနေတယ်။ မောင်နှမဆိုတော့ တစ်ဖက်ကလည်းပဲ ချစ်တယ်။ အမေက အဖေက သူ့ကိုပိုပြီး ဂရုစိုက်တယ်။ ငါ့ကို မချစ်ဘူး။ ဒါမျိုးလေးတွေကလည်း ရှိတယ်။ ဒါတွေဟာ စိတ်ထဲမှာ ပြိုင်ဆိုင်နေတဲ့ဟာတွေပဲ။ competitive ဖြစ်နေတာ။ ဒါဖြင့် ကျောင်းရောက်သွားတယ်။ အတန်းကျောင်းမှာလည်း ဒီအတိုင်းပဲ။ ဒီအတိုင်းပဲ ပြိုင်ကြတာပဲ။ ဆရာက မပြိုင်ခိုင်းရင်လည်းပဲ ကိုယ့်ဟာကိုယ် ပြိုင်ကြတာပဲ။ သူကတော့ဖြင့် စာပိုတော်တယ်။ သူကတော့ ဖြင့် ငါ့ထက် အမှတ်ပိုများသွားတယ်။ သူက တော့ဖြင့် ငါ့လောက်မတော်ဘူး ဆိုတာတွေ။ အဲ့ဒီပြိုင်ဘက်နေရာမှာ ကိုယ်က negative အနေနဲ့ကြည့်တာလား။ Positive အနေနဲ့ ကြည့်တာလား။ တစ်ချို့ကျတော့ အကျင့်ကကိုက negative ဘက်ကို ကြည့်တတ်တဲ့ emotion တွေ လွှမ်းမိုးနေတဲ့အခါကျတော့ ပြိုင်ပြီဆိုရင်လည်း negative ဘက်ကို ကြည့်ကြတယ်။ ဒီလိုနဲ့ပဲ အလုပ်လောကကို ရောက်သွား တယ်။ အလုပ်လုပ်တဲ့ လုပ်ငန်းခွင်ထဲကို ရောက်သွားတယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်းပဲ ဌာနတစ်ခုထဲမှာ ကုမ္ပဏီတစ်ခုထဲမှာဆိုရင် ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။ အများကြီး။ တစ်ချို့နေရာမှာကျတော့ ပြိုင်ဆိုင်မှုကို instrument တစ်ခုအနေနဲ့ အသုံးချ ပြီးတော့ … လူတွေ အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးတော့ အလုပ်ကြိုးစားအောင် performance ကောင်းအောင် ပြိုင်ဆိုင်မှုတွေ ပေးတယ်။ တစ်ချို့ဆေးရုံမှာ ဘာတွေ တွေ့ဖူးလဲဆိုတော့ … ဒီလ အကောင်းဆုံးperformance ရတဲ့ Department က ဘယ်သူ … ဆရာ၀န်က ဘယ်သူ… အဲ့ဒီလို ပွင့်ပွင့်လင်းလင်း ပြိုင်ဆိုင်တာတွေရှိတယ်။ လူသိရှိကြား မပြိုင်ဆိုင်ဘဲနဲ့ ကိုယ့်ကိုယ် စိတ်ထဲမှာ ပြိုင်ဆိုင်နေတာလည်း ရှိတယ်။ သူကတော့ဖြင့် ဒီနေ့ ဘာ၀တ်လာတယ်။ ငါကတော့ မနက်ဖန်ကျရင် သူ့ထက်သာ အောင် ဘာလေး၀တ်မယ်။ ဒါမျိုးတွေ ကိုယ့်စိတ်ထဲမှာ ကြိတ်ပြီး ပြိုင်နေတာလည်း ရှိတယ်။ ဘယ်သူကတော့ဖြင့် စာမေးပွဲအောင် သွားပြီးပြီ။ ငါကတော့ မအောင်သေးဘူး။ သူ့သားသမီးကဖြင့် အောင်သွားပြီ။ တို့သားသမီး မအောင်သေးဘူး။ တို့သားသမီး အောင်သွားပြီ။ သူများသားသမီးက မအောင်သေးဘူး။ ဒီလိုဟာတွေပေါ့ ပြိုင်ဆိုင်ကြတာ။ လောကကြီးထဲမှာ ဒါတွေရှိတယ်။ နိုင်ငံအနေနဲ့ဆိုရင်လည်း ဒီအတိုင်းပဲ ပြိုင်ဆိုင်ကြတာ။ ပိုက်ဆံရှိတဲ့နိုင်ငံမှာ တစ်နှစ်ကို လူဦးရေ တစ်ယောက်ကို ပျမ်းမျှဒေါ်လာ တစ်သောင်း ကျော်ကျော် ဒေါ်လာတစ်သောင်းအထက်မှာ ရှိတဲ့နိုင်ငံတွေဆိုရင် .. အများစုက ဘယ်နိုင်ငံပဲသွားသွား ဗီဇာသိပ်မလိုဘူး။ ဒီလောက်ထိ ၀င်ငွေသိပ်မရှိသေးတဲ့ နိုင်ငံတွေကျတော့ တန်းစီလိုက်ရတာ ပြောမနေနဲ့တော့။ အကြာကြီးတန်းစီရတယ်။ အင်္ဂလန်ကနေ ပြင်သစ်သွားဖို့ဆိုတာ နီးနီးလေးပဲ။ အဲဒါလေ ဗီဇာသွားတန်းစီ ရတာလေ ခုံတစ်ခုံချင်း ရွှေ့ရတယ်။ တစ်ယောက်က ကောင်တာကို သွားပြီးတန်းစီလိုက်ပြီဆိုရင် အဲဒါ နေရာတစ်နေရာ လွတ်သွားတယ်။ ဒုတိယတစ်ယောက်က သူ့နေရာယူ။ တတိယတစ်ယောက်က ဒုတိယတစ်ယောက် နေရာယူ။ ကိုယ်က ဟိုးနံပါတ်တစ်ရာလောက်မှာ ဒီလိုပဲ တစ်ခုံချင်းရွှေ့ရတယ်။ အဲ့ဒီတော့ ပိုက်ဆံနဲ့ယှဉ်ပြိုင်တဲ့ နေရာတွေ ရှိတယ်။ နာမည်နဲ့ယှဉ်ပြိုင်တဲ့ နေရာတွေ ရှိတယ်။ performance နဲ့ ယှဉ်ပြိုင်တဲ့ နေရာတွေရှိတယ်။ ယှဉ်ပြိုင်မှုအားလုံး competition အားလုံးဟာ စိတ်ဖိစီးမှု stress ကို ဖြစ်စေတယ်။ အောက်စ်ဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ ယွဥ္ၿပိဳင္မႈအားလုံး အားလုံးဟာ စိတ္ဖိစီးမႈကို ျဖစ္ေစတယ္။ •••••••••••••••••••••••••••••• ၿပိဳင္ဘက္ေတြ အရမ္းမ်ားတဲ့ အခုလို ေခတ္ႀကီးမွာ စိတ္ဖိစီးမႈ emotion ကို ဘယ္လိုကိုင္တြယ္မွာတုန္း။ ကမၻာႀကီးက အရမ္း competitive ျဖစ္တယ္။ ၿပိဳင္ဘက္ေတြ မ်ားတယ္။ ၿပိဳင္ဘက္မ်ားတာကို ေရွာင္လို႔မရဘူး။ လူ႕ရဲ႕စိတ္က အလိုလိုၿပိဳင္ခ်င္တာ။ ဘယ္သူ႕မွ ၿပိဳင္စရာမရွိေတာ့ ကိုယ့္ဟာကိုယ္ ျပန္ၿပိဳင္တယ္။ မေန႕ကငါနဲ႕ ဒီေန႕ငါ မတူဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ မတူဘူးဆိုရင္ ကိုယ့္ရဲ႕ရင္ထဲမွာ ျပန္ၿပီးေတာ့ ဝိေရာဓိျဖစ္တယ္။ "ၿပိဳင္ဆိုင္မႈ"ဆိုတာ ရွိတယ္။ "ၿပိဳင္ဆိုင္မႈ"ဆိုတာ ေကာင္းတယ္။ မေကာင္းဘူးဆိုတာထက္ ၿပိဳင္ဆိုင္မႈဆိုတာ ရွိတယ္လို႔ အရင္လက္ခံလိုက္ရမယ္။ မိသားစုအတြင္းမွာ ေမာင္ႏွမခ်င္း ၿပိဳင္ဆိုင္ တာကိုေတာ့ sibbling rivalry လို႔ ေခၚ တယ္။ အဲ့လိုၿပိဳင္ၾကတာ။ မိသားစု ႏွစ္ေယာက္၊ သုံးေယာက္ ရွိတဲ့အိမ္ အမ်ားႀကီးရွိတဲ့အိမ္ အဲ့လိုဆိုရင္ ပိုေတြ႕ေသး တယ္။ ၿပိဳင္ဆိုင္မႈေတြရွိတယ္။ ေမာင္ႏွမႏွစ္ေယာက္ ထဲရွိတဲ့ မိသားစုေတြက်ေတာ့ ၿပိဳင္ဆိုင္မိၿပီ ဆိုရင္… သူတို႔ရဲ႕ emotion က တစ္ေယာက္ကို တစ္ေယာက္ မေက်နပ္တာေလး အၿမဲတမ္း ရွိေနတယ္။ ေမာင္ႏွမဆိုေတာ့ တစ္ဖက္ကလည္းပဲ ခ်စ္တယ္။ အေမက အေဖက သူ႕ကိုပိုၿပီး ဂ႐ုစိုက္တယ္။ ငါ့ကို မခ်စ္ဘူး။ ဒါမ်ိဳးေလးေတြကလည္း ရွိတယ္။ ဒါေတြဟာ စိတ္ထဲမွာ ၿပိဳင္ဆိုင္ေနတဲ့ဟာေတြပဲ။ competitive ျဖစ္ေနတာ။ ဒါျဖင့္ ေက်ာင္းေရာက္သြားတယ္။ အတန္းေက်ာင္းမွာလည္း ဒီအတိုင္းပဲ။ ဒီအတိုင္းပဲ ၿပိဳင္ၾကတာပဲ။ ဆရာက မၿပိဳင္ခိုင္းရင္လည္းပဲ ကိုယ့္ဟာကိုယ္ ၿပိဳင္ၾကတာပဲ။ သူကေတာ့ျဖင့္ စာပိုေတာ္တယ္။ သူကေတာ့ ျဖင့္ ငါ့ထက္ အမွတ္ပိုမ်ားသြားတယ္။ သူက ေတာ့ျဖင့္ ငါ့ေလာက္မေတာ္ဘူး ဆိုတာေတြ။ အဲ့ဒီၿပိဳင္ဘက္ေနရာမွာ ကိုယ္က negative အေနနဲ႕ၾကည့္တာလား။ Positive အေနနဲ႕ ၾကည့္တာလား။ တစ္ခ်ိဳ႕က်ေတာ့ အက်င့္ကကိုက negative ဘက္ကို ၾကည့္တတ္တဲ့ emotion ေတြ လႊမ္းမိုးေနတဲ့အခါက်ေတာ့ ၿပိဳင္ၿပီဆိုရင္လည္း negative ဘက္ကို ၾကည့္ၾကတယ္။ ဒီလိုနဲ႕ပဲ အလုပ္ေလာကကို ေရာက္သြား တယ္။ အလုပ္လုပ္တဲ့ လုပ္ငန္းခြင္ထဲကို ေရာက္သြားတယ္။ အလုပ္လုပ္တဲ့ ေနရာမွာလည္းပဲ ဌာနတစ္ခုထဲမွာ ကုမၸဏီတစ္ခုထဲမွာဆိုရင္ ကိုယ္တစ္ေယာက္ထဲမဟုတ္ဘူး။ အမ်ားႀကီး။ တစ္ခ်ိဳ႕ေနရာမွာက်ေတာ့ ၿပိဳင္ဆိုင္မႈကို instrument တစ္ခုအေနနဲ႕ အသုံးခ် ၿပီးေတာ့ … လူေတြ အလုပ္လုပ္တဲ့ေနရာမွာ ပိုၿပီးေတာ့ အလုပ္ႀကိဳးစားေအာင္ performance ေကာင္းေအာင္ ၿပိဳင္ဆိုင္မႈေတြ ေပးတယ္။ တစ္ခ်ိဳ႕ေဆး႐ုံမွာ ဘာေတြ ေတြ႕ဖူးလဲဆိုေတာ့ … ဒီလ အေကာင္းဆုံးperformance ရတဲ့ Department က ဘယ္သူ … ဆရာ၀န္က ဘယ္သူ… အဲ့ဒီလို ပြင့္ပြင့္လင္းလင္း ၿပိဳင္ဆိုင္တာေတြရွိတယ္။ လူသိရွိၾကား မၿပိဳင္ဆိုင္ဘဲနဲ႕ ကိုယ့္ကိုယ္ စိတ္ထဲမွာ ၿပိဳင္ဆိုင္ေနတာလည္း ရွိတယ္။ သူကေတာ့ျဖင့္ ဒီေန႕ ဘာ၀တ္လာတယ္။ ငါကေတာ့ မနက္ဖန္က်ရင္ သူ႕ထက္သာ ေအာင္ ဘာေလး၀တ္မယ္။ ဒါမ်ိဳးေတြ ကိုယ့္စိတ္ထဲမွာ ႀကိတ္ၿပီး ၿပိဳင္ေနတာလည္း ရွိတယ္။ ဘယ္သူကေတာ့ျဖင့္ စာေမးပြဲေအာင္ သြားၿပီးၿပီ။ ငါကေတာ့ မေအာင္ေသးဘူး။ သူ႕သားသမီးကျဖင့္ ေအာင္သြားၿပီ။ တို႔သားသမီး မေအာင္ေသးဘူး။ တို႔သားသမီး ေအာင္သြားၿပီ။ သူမ်ားသားသမီးက မေအာင္ေသးဘူး။ ဒီလိုဟာေတြေပါ့ ၿပိဳင္ဆိုင္ၾကတာ။ ေလာကႀကီးထဲမွာ ဒါေတြရွိတယ္။ နိုင္ငံအေနနဲ႕ဆိုရင္လည္း ဒီအတိုင္းပဲ ၿပိဳင္ဆိုင္ၾကတာ။ ပိုက္ဆံရွိတဲ့နိုင္ငံမွာ တစ္ႏွစ္ကို လူဦးေရ တစ္ေယာက္ကို ပ်မ္းမွ်ေဒၚလာ တစ္ေသာင္း ေက်ာ္ေက်ာ္ ေဒၚလာတစ္ေသာင္းအထက္မွာ ရွိတဲ့နိုင္ငံေတြဆိုရင္ .. အမ်ားစုက ဘယ္နိုင္ငံပဲသြားသြား ဗီဇာသိပ္မလိုဘူး။ ဒီေလာက္ထိ ၀င္ေငြသိပ္မရွိေသးတဲ့ နိုင္ငံေတြက်ေတာ့ တန္းစီလိုက္ရတာ ေျပာမေနနဲ႕ေတာ့။ အၾကာႀကီးတန္းစီရတယ္။ အဂၤလန္ကေန ျပင္သစ္သြားဖို႔ဆိုတာ နီးနီးေလးပဲ။ အဲဒါေလ ဗီဇာသြားတန္းစီ ရတာေလ ခုံတစ္ခုံခ်င္း ေ႐ႊ႕ရတယ္။ တစ္ေယာက္က ေကာင္တာကို သြားၿပီးတန္းစီလိုက္ၿပီဆိုရင္ အဲဒါ ေနရာတစ္ေနရာ လြတ္သြားတယ္။ ဒုတိယတစ္ေယာက္က သူ႕ေနရာယူ။ တတိယတစ္ေယာက္က ဒုတိယတစ္ေယာက္ ေနရာယူ။ ကိုယ္က ဟိုးနံပါတ္တစ္ရာေလာက္မွာ ဒီလိုပဲ တစ္ခုံခ်င္းေ႐ႊ႕ရတယ္။ အဲ့ဒီေတာ့ ပိုက္ဆံနဲ႕ယွဥ္ၿပိဳင္တဲ့ ေနရာေတြ ရွိတယ္။ နာမည္နဲ႕ယွဥ္ၿပိဳင္တဲ့ ေနရာေတြ ရွိတယ္။ performance နဲ႕ ယွဥ္ၿပိဳင္တဲ့ ေနရာေတြရွိတယ္။ ယွဥ္ၿပိဳင္မႈအားလုံး competition အားလုံးဟာ စိတ္ဖိစီးမႈ stress ကို ျဖစ္ေစတယ္။ ေအာက္စ္ဖိုဒ့္ဆရာေတာ္ ပါေမာကၡေဒါက္တာ ဘဒၵႏၱဓမၼသာမိ
via အလင္းေရာင္ ဓမၼ https://ift.tt/2OyJhUZ
Newer Post
Older Post
Home