Monday, September 9, 2019

ရဟန်းသံဃာအား ဖူးမြင်​ရခြင်းအကျိုး 🙏🙏🙏🙏🙏🙏🙏🙏🙏 (၁)။ ဘဝတစ်​​ထောင်​ မျက်​စိ​ရောဂါ ကင်းခြင်း။ (၂)။ပူပန်​မှု ငြိမ်း​အေးခြင်း။ (၃)။မျက်​စိကြည်​လင်​၍ ရတနာဗိမာန်​၌ဖွင့်​ထား ​သော ပတ္တမြား ပြူတင်း​ပေါက်​နှင့်​တူခြင်း။ (၄)။ကမ္ဘာတစ်​သိန်းကာလပတ်​လုံး နတ်​စည်းစိမ်​ ချမ်းသာကို ရရှိခြင်း။ (သုတ္တနိပါတ်​၊ဋ္ဌ၊၂၊၃၂။)။ ဘုရားရှင်၏ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း @@@@@@@@@@@@@@@@ ဗုဒ္ဓါ ပ​စ္စေကဗု​ဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝကာ။ မာတာပိတု ဂုရုသတ္တာ၊ ဓမ္မ​ဒေသကာစ ဒါယကာ။ ဣ​မေ ​တောစ မဟာဂု​ဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။ ဘုရားတပည့်တော်သည်သံသရာဘဝအဆက်​ ဆက်​မှစ၍ ယ​နေ့ထက်​တိုင်​​အောင်​ ၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်​သော မြတ်စွာဘုရားရှင် ကိုယ်​​တော်​မြတ်​ကြီး တို့၏ အပေါ်၌။ ၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်​​တော်​မြတ်​ကြီး တို့၏အပေါ်၌။ ၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်​မြတ်​ကြီး တို့၏အပေါ်၌။ ၄။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏ အ​ပေါ်၌။ ၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌။ ၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌။ ၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုး​ကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌။ ၈။ဂုဏ်​​ကျေးဇူးကြီးမားကြကုန်​​သော သီလဂုဏ်၊သမာဓိဂုဏ၊်ပညာဂုဏ်​တို့ကို ဆည်းပူးဖြည့်ကျင့်​လျက်​ ရှိကြကုန်​​သော လူပုဂ္ဂိုလ်​၊ရဟန်းပုဂ္ဂိုလ်​၊ အရိယာပုဂ္ဂိုလ်​တို့၏ အ​ပေါ်၌။ ၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကိုဟောကြားပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌။ ၁ဝ။ထမင်းတစ်လုတ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြင့် ​ထောက်​ပံ့ဖူး​သော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံ၊ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါ သော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှါ ရိုသေမြတ်​နိုးလက်စုံမိုး၍ရှိခိုးပါ၏ ဘုရား။ ။ ဆု​တောင်း °°°°°°°°°° ခင်​ပွန်းကြီး(၁၀)ပါးတို့၏ ​မေတ္တာဓာတ်​ကို ခံယူပါ၏။ ခင်​ပွန်းကြီး(၁၀)ပါးတို့သည်​ ကျွနု​ပ်​၏ဦး​ခေါင်း ထိပ်​၌ အမြဲကိန်းစက်​ တည်​​နေပါ​စေသတည်း။ ခင်​ပွန်းကြီး(၁၀)ပါးတို့၏ ​မေတ္တာတန်​ခိုး​ကြောင့်​ (၉၆)ပါး​သော ​ဘေး​ရောဂါများမှ ကင်းငြိမ်းရပါလို၏ ​ဘေးအမျိုးမျိုးတို့မှ ကင်းလွတ်​ရပါလို၏။ (၁၆)ပါး​သော ဥပါဒ်​​ဘေးတို့မှ ကင်း​ဝေး ရပါလို၏ဘုရား။ ​လောကီမင်္ဂလာ အဖြာဖြာတို့သည်​ ​တောင့်​တတိုင်း ပြည့်​စုံ၍ နှလုံးစိတ်​ဝမ်း ​အေးချမ်းရပါလို၏ဘုရား။ မြတ်​စွာဘုရား​ဟောကြား​တော်​မူ​သော သစ္စာ​လေးပါး မြတ်​တရားကို ​ကောင်းစွာသိမြင်​၍ နိဗ္ဗာန်​သို့ စံဝင်​နိုင်​​သောကိုယ်​ ဖြစ်​ရပါ​စေသား အရှင်​ဘုရား.....။ မြတ်စွာဘုရားအားရှစ်ခိုးပူဇော်ခြင်း ©©©©©©©©© ငါးမာန်အောင်မြင်ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။ ကိလေသာကင်းစင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။ သစ္စာသိမြင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။ အနန္တဂုဏ်အင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။ ငြိမ်းအေးသခင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။ သံသရာကယ်တင်ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။ နိဗ္ဗာန်စံဝင်ဘုရားရှင်ကို ကြည်​လင်​မြတ်​နိုး ရှိခိုးပါ၏ ဘုရား။ ပရိနိဗ္ဗာန်စံဝင်​ ဘုရားရှင်​ကို ကြည်​လင်​မြတ်​နိုး ရှိခိုးပါ၏ဘုရား။ တရားစာအုပ်​မှ​ရေးသားပူ​ဇော်​၏။ သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ Credit/to မူရင်း#


via အလင်းရောင် ဓမ္မ https://ift.tt/2LHhmzp