အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 12, 2019
"ကံမကောင်းဘူးလို့ မပြောပါနဲ့" # ကံမကောင်းဘူးလို့ မပြောပါနဲ့။ လူ့ဘဝ ရနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား။ # ကံမကောင်းဘူးလို့ မပြောပါနဲ့။ ကိုယ်လက်အင်္ဂါ အစုံပါနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား။ # ကံမကောင်းဘူးလို့ မပြောပါနဲ့။ ဘုရားသာသနာနဲ့ ကြုံနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား။ # ကံမကောင်းဘူးလို့ မပြောပါနဲ့။ ရတနာသုံးပါး ကံကံရဲ့ အကျိုးတရားအပေါ် ယုံကြည်မှုရှိနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား။ # ကံမကောင်းဘူးလို့ မပြောပါနဲ့။ သူတော်ကောင်းတရား နာကြားခံယူနိုင်တဲ့ စိတ်ဓာတ်အခံ ရှိနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား။ >> ကဲ..ဘာလိုသေးလဲ... ကံကတော့ ကောင်းနေပြီးသားပါ။ အလုပ်ကောင်းဖို့ပဲ လိုပါတယ်။ အလုပ်ကောင်းဖို့ဆိုတာလည်း အကောင်းလုပ်ဖို့ပါပဲ။ *** အကောင်းလုပ်တော့ အကြောင်းဟုတ်။ အကြောင်းဟုတ်တော့ မကောင်းဆုတ်။ မကောင်းဆုတ်တော့ အကောင်းထုပ်။ အဲဒါ ကံကောင်းခြင်းရဲ့ လက်ဆောင်ထုပ်ပဲပေါ့..။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ
via အလင်းရောင် ဓမ္မ https://ift.tt/30cIc7O
Newer Post
Older Post
Home