အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 14, 2019
ကောင်းရာရောက်ရန် လမ်းအမှန် 🙏🙏🙏🙏🙏🙏🙏🙏🙏 ❀ ကောင်းစွာသိမြင် ကြံစည်လျှင် စွမ်းအင် မြတ်ပညာ။ ❀ ကောင်းစွာ ပြောမှု ကောင်းစွာ ပြုပေး သက်မွေးမှန်ကန် ဤ(၃)တန် ကျင့်ရန် သီလသာ။ ❀ ကောင်းစွာ ကြိုးစား သတိထား၍ ကောင်းငြား တည်ကြည် ဤ (၃)လီသိ သမာဓိ ကျင့်ဘိ မြတ်သိက္ခာ။ ❀ သိက္ခာ (၃)ရပ် အကျင့်မြတ် မပြတ် ဖြည့်စရာ။ ❀ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း ကြာညောင်းသော်လည်း မဟောင်းပါ။ ❀ ကောင်းရာရောက်ရန် လမ်းအမှန် ဧကန် တိကျပါ။ ❀ ကိုယ့်လမ်းကိုယ်လျှောက် ကောင်းရာ ရောက် မကြောက်ရအောင် ကြိုးစားပါ။ မိမိလျှောက်ရမည့်လမ်းကို ရှင်းလင်း ပြတ်သားစွာ သိမြင်ခွင့်ရရန် တရားအလုံးစုံ အကုန်သိမြင် ဘုရားရှင်က အတိအကျ ညွန်ပြတော်မူခဲ့သည်။ ကျင့်ရမည့်အကျင့် လုပ်ရမည့်အလုပ် သွားရမည့်လမ်း ဆန်တက်ရမည့်ခရီး ဇွဲရှိရမည့်လမ်းစဉ် ထမ်းဆောင်ရမည့် တာဝန်မှာ သိက္ခာ(၃)ပါးသာ ဖြစ်၏။ မဂ္ဂင် (၈)ပါးဟုလည်း ခေါ်ရသည်။ လောကုတ္တရာ မဂ္ဂင်သို့ ရောက်အောင် လောကီမဂ္ဂင်လမ်းကပင် စ၍ သွားရပေသည်။ ခေါင်းတွဲပမာ အသိပညာနှင့် ထိုပညာ အလုပ်ကိစ္စ ဆောင်ရွက်နိုင်အောင် အာရုံကို လှည့်ပတ်ကြံစည်ပေးသော ဝိတက်သည် ပညာသိက္ခာဖြစ်၏။ အရှိကိုမြင်အောင် ကြည့်ရခြင်းပေတည်း။ အပြော အလုပ် အသက်မွေးမှု အပြစ်ကင်းစင် မှန်ကန်ခြင်းသည် သီလသိက္ခာမည်၏။ လူနှင့်တူအောင် လူအစစ်ဖြစ်အောင် စည်းကမ်းထိန်းသိမ်းခြင်းပင် ဖြစ်သည်။ သတိဖြင့်နေရာယူ သမာဓိဖြင့်စူးစိုက် လုံ့လဖြင့် တွန်းခြင်းသည် သမာဓိ သိက္ခာပေတည်း။ စိတ်ကို ချေးချွတ် ဆေးကြော၍ စိတ်စွမ်းအားတန်ခိုး ထုတ်လုပ်ခြင်းဖြစ်၏။ စင်ကြယ်မြင့်မြတ် လူ့စိတ်ဓာတ်ပေါ်အောင် ဖော်ထုတ်ခြင်းလည်း ဖြစ်သည်။ စားဝတ်နေရေး ခန္ဓာဝန် ထမ်းဆောင်ရင်းပင် အဆက်မပြတ်ဖြည့်ကာ … ဖြောင့်တန်းစွာ သွားနေရမည့် မဟောင်း နိုင်သော လမ်းရိုးကြီးဖြစ်ပေသည်။ ဘုရားမပွင့်သည့်အခါ လမ်းပျောက်နေတတ်ပေသည်။ ယောဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/2ZV3XxQ
Newer Post
Older Post
Home