အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 14, 2019
လူငယ်တွေ တရားရိပ်သာသွားပြီးတာ့ တရားထိုင်သင့်ပါရဲ့နဲ့ ဘာဖြစ်လို့ တခြားနေရာသွားတာပါလဲ? ▬▬▬▬▬▬▬▬▬▬▬ ဓမ္မအမေးအဖြေ 👨🦰 မေး။ ။ လူငယ်တွေ တရားရိပ်သာသွားပြီးတာ့ တရားထိုင်သင့်ပါရဲ့နဲ့ ဘာဖြစ်လို့ တခြားနေရာသွားတာပါလဲ? တောင်ပြုန်းပွဲ သွားကြတာ သာသနာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကို ဘာလို့ လူတွေက ယုံကြည်နေကြတာလဲ? 💡ဖြေ။ ။ ★ ပထမဆုံးမေးခွန်း ဖြေနိုင်ရင်လေ ဘုန်းဘုန်း သမတ ဖြစ်သင့်တယ်။ မဖြေနိုင်ဘူးလို့ ပြောတာ 🙂 ကလေးတွေပေါ့နော် လူငယ်တွေ တရားရိပ်သာသွားပြီးတာ့ တရားထိုင်သင့်ပါရဲ့နဲ့ ဘာဖြစ်လို့ တခြားနေရာလဲ သွားတာတုန်း? ★ ဘုန်းဘုန်းထင်တာ အဖြေတစ်ခုတည်းတော့ မရှိဘူး။ အပြစ်အနာအဆာတစ်ခုတည်း ချို့ယွင်းချက်တစ်ခုတည်းကိုပဲ အပြစ်တင်လို့တော့ မရဘူး။ ဘုန်းဘုန်းထင်တာ ချို့ယွင်းချက်ကို ဘုန်းဘုန်းတို့ဘက်ကနေ စပြီးတော့ဖြေမယ်ဆိုရင် ၀ိပဿနာကို စိတ်ဝင်စားအောင် လုပ်တဲ့နေရာမှာ ဘုန်းဘုန်းတို့ကလိုတယ်။ ★ ဆရာမကြီးရေ YouTube ထဲမှာလေ ကျောင်းသားတွေလည်းပဲ MiSP အဲ့ဒီ Program လေး လိုက်ရှာကြည့်၊ Mindfulness ဆိုပြီးတော့ ရိုက်ထည့်လိုက် Mindfulness သတိပဌာန်ပေါ့နော်။ ★ MiSP ဆိုတာ Mindfulness in Schools Project အတန်းကျောင်းတွေမှာ သတိပဌာန်ကို ဘယ်လိုလုပ်တုန်း။ 🧘♀️🧘♂️ အတန်းထဲမှာပဲ ၂-မိနစ် ၃-မိနစ်ထိုင်တယ် နေ့တိုင်းထိုင်တယ်။ ★ အင်္ဂလန်မှာ အခု ကျောင်းပေါင်း ၃၇၀ ရှိပြီပေါ့။ ထောင်ထဲမှာလည်း ထိုင်တယ်။ အစိုးရ ရုံးတွေထဲမှာလည်း ထိုင်တယ်။ထိုင်တဲ့နည်းကို လွယ်ကူအောင်လုပ်လိုက်တာ။ ★ တရားထိုင်တဲ့အခါမှာ ငါးပါးသီလပါ ယူရမယ်၊ ရှစ်ပါးသီလပါ ယူရမယ်၊ ယောဂီလိုလည်း ၀တ်ရမယ်၊ ညစာလည်း မစားရဘူး ဆိုရင် ကလေးက စိတ်မ၀င်စားတော့ဘူး။ ★ တချို့ကလေးတွေကို ဘုန်းဘုန်းက ဟမ်ဘာဂါ ကျွေးပြီးတော့ တရားထိုင်ခိုင်းတယ်။ ဆိုလိုတာက ဒီလိုလွယ်အောင် လုပ်လိုက်တာလေ အတန်းထဲမှာပဲ ထိုင်လိုက်တာ။ ★ လူတွေကနေပြီးတော့ ဘုရားကျောင်းသွားနိုင်ဖို့ အတွက်ဆိုရင်တော့ လုံ့လစိုက်ရတယ်။ ဘုရားကျောင်းက သူတို့ရှိတဲ့နေရာကို သွားတယ်ဆိုရင်တော့ ပိုလွယ်သွားတယ်။ ★ ဒီနေ့ ဒီလိုလုပ်တာလေ ဘုန်းဘုန်းကြိက်ပါတယ် ဓမ္မာရုံထဲမှာ လုပ်တာ ကြိုက်တယ်။ ပိုပြီးတော့ လုပ်ချင်တာတော့ စာသင်ခန်းထဲမှာ လုပ်ချင်တာ။ စာသင်ခန်းထဲမှာ ဆရာမကြီးတွေ စာမသင်ခင်မှာ ဘုန်းဘုန်းကို ၃-မိနစ်ပေးပါ။ ★ ဒီ ၃-မိနစ် အတွင်း ဒီလို တရားထိုင်တယ်ဆိုရင် အဲ့ဒီဟာလေးကို သုတေသနလုပ်ကြည့်။ ကလေးတွေရဲ့ attention span သမာဓိ အာရုံစူးစိုက်နိုင်စွမ်း ဘယ်လိုရှိတုန်း သူတို့စာဖတ်တဲ့နေရာမှာ သူတို့ရဲ့ attention rate အာရုံစူးစိုက်မှု အဆင့် က ဘယ်လိုရှိတုန်း? အဲ့ဒါတွေ သုတေသနလုပ်တယ်။ ★ ဒါက ၀ိပဿနာတရားထိုင်တယ်တဲ့ဟာက သူတို့ အလုပ်လုပ်နေတဲ့ နေ့စဉ်ဘ၀နဲ့ relevant - ဆီလျှော်မှုရှိတယ် ဖြစ်တယ်ဆိုတာကို ကိုယ်ကပြတာ။ အဲ့ဒါတွေ YouTube ထဲမှာ အများကြီးရှိတယ်။ ဒါ သူများတွေက ၀ိပဿနာသင်တဲ့နေရာမှာ တချို့လူတွေက innovative ဖြစ်တယ် တီထွင်မှု ထိုးထွင်းညာဏ်ရှိတယ်လို့ ဘုန်းဘုန်းပြောချင်တယ်။ ★ အခု ၅-မိနစ် တရားထိုင်တယ်ဆိုတော့ ၁၀-ရက်စခန်းဝင်ဖူးတဲ့လူက ဘုန်းဘုန်းကို ရယ်မှာပဲ။ ဒါပေမဲ့ ၅-မိနစ် ဒီနေ့တရားထိုင်ပြီးတော့ Emotion ဘယ်လို calm ဖြစ်သွားတယ်ဆိုတာ သူတို့သိလာတယ်။ ★ အခု ဒေါသကို ပြန်ပြီးတော့ ကြည့်ခိုင်းတယ်။ အဲ့ဒေါသကို ကိုယ်မကြောက်တော့ဘူး။ နောက်ပြီးတော့ ဒီဒေါသဖြစ်တာ ငါ တစ်ယောက်တည်း မဟုတ်ဘူး။ ငါရဲ့ အချစ်ဆုံးဆီမှာလည်း ဖြစ်တယ်။ ★ ငါ့ မကြိုက်တဲ့လူဆီမှာလည်းဖြစ်တယ်၊ တခြားလူတွေမှာလည်းဖြစ်တယ်ဆိုတော့ We don’t need to be defensive. ဒေါသကြောင့် ကိုယ့်ကိုယ်ကို ဆင်ခြေဆင်လက်တွေ ပေးဖို့ သိပ်မလိုတော့ဘူး။ ★ ဒါ ၈-မိနစ်အတွင်းမှာ ရသွားတဲ့ ဗဟုသုတတွေ။ ဒီဟာမျိုးလေးတွေ လုပ်တယ်ဆိုရင်တော့ ဘုန်းဘုန်းထင်တယ် ဒီထက်ပိုပြီး လုပ်ကြလိမ့်မယ်။ ★ အခုဟာက သူတို့က ထွက်ပေါက်ရှာတာ။ ထွက်ပေါက်ရှာရင်းရှာရင်းနဲ့ ပိတ်နေတဲ့ ဘီယာဗူးကို ထွက်ပေါက်လို့ ထင်တာပေါ့။ အဲ့ဒါနဲ့ ဘီယာဘူးကို သွားဖွင့်ကြည့်တယ်။ အဲ့ဒီလိုထင်တာပေါ့။ ★ ဒါကတော့ ဘုန်းဘုန်းတို့ဘက်ကနေ ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ ဆန်းစစ်ပါ။ ကျန်တာတွေကတော့ မိဘက ဘယ်လို ကလေးတွေကို တရားနဲ့ မိတ်ဆက် introduce လုပ်ထားတယ် အသိုင်းအ၀ိုင်းက ဘယ်လို introduce လုပ်ထားတယ်။ အဲဒါမျိုးပေါ်လည်း မူတည်တယ်။ ★ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒရဲ့ တရားပွဲဆိုရင် ကလေးတွေက အလုအယှက်သွားတာ။ အွန်လိုင်းကနေပြီးတော့ လျှောက်ရတယ်ဆိုရင် အလုအယှက်ပဲလေ ကလေးတွေက သွားကြတယ်။ ဘာလို့ သွားချင်တုန်း။ ကလေးတွေ ပျော်အောင် ထားတာကိုး။ ဒါတွေက အစပေါ့နော်။ ★ နောက်ပြီးတော့ ဘုန်းဘုန်းတို့ရဲ့ ပညာရေးထဲမှာ မပါသေးဘူး။ အခု ၀န်ကြီးက ဘုန်းဘုန်းကို ဒီဟာတွေနဲ့ပတ်သတ်ပြီး ရေးခိုင်းပါတယ်။ အဲတော့ ဒီဟာ မပါသေးဘူး။ သူများနိုင်ငံတွေက ပါနေပြီ။ ကိုယ်က မပါသေးဘူး မလုပ်သေးဘူးဆိုရင် နောက်ပိုင်းကျတော့ ပြန်ပြီးတော့ input လုပ်ရတယ်။ ★ ၂၀၁၄ခုနှစ်မှာတဲ ခုနက YouTube ထဲက video clip ထဲမှာ research ပေါင်း ၅၃၅ ခု ရှိတယ် သုတေသန။ အဲ့ဒီ သုတေသနတွေက ဘုန်းဘုန်းတို့ မြန်မာပြည်က တက္ကသိုလ်တွေ ဗုဒ္ဓတက္ကသိုလ်တွေရော အစိုးရတက္ကသိုလ်တွေရော တစ်ခုမှ မပါပါဘူး။ ဒါလေးပြောချင်တာ။ ★ နံပါတ်(၂)က ဒီ relax - စိတ်ဖြေလျှော့ခြင်း လုပ်တတ်အောင်ပေါ့နော် relaxation ဆိုပြီး အနောက်တိုင်းမှာတော့ သူတို့ရဲ့ ကျောင်းသား society ထဲမှာ Yoga တွေရှိတယ် Meditation တွေရှိတယ် Top University - ထိပ်ထိပ်ကြဲ တက္ကသိုလ်တွေမှာ ၊ ဥပမာ Oxford ရှိတယ် Cambridge ရှိတယ် London ရှိတယ် အဲ့လိုပေါ့။ ★ ဘုန်းဘုန်းတို့ အောက်စဖိုဒ့်တက္ကသိုလ်မှာဆိုလည်း တရားထိုင်တာ ထေရ၀ါဒနည်းနဲ့ ထိုင်မလား တိဗက်နည်းနဲ့ ထိုင်မလား ဈာန်နည်းနဲ့ ထိုင်မလား ရွေးချယ်စရာတွေ။ တက္ကသိုလ်မှာ ထိုင်မလား ဘုန်းဘုန်းတို့ကျောင်းမှာ ထိုင်မလား အဲ့လို ရွေးချယ်စရာတွေ ရှိတယ်။ ★ နောက်တစ်ခုက အွန်လိုင်းမှာလေ App လေးတွေ ရှိတယ် Meditation App လေးတွေ အဲ့ဒီကနေ တရားထိုင်တာလည်းရတယ်။ အဲ့လို ထိုင်လိုက်တဲ့အခါကျတော့ ကျောင်းသားတွေက စိတ်တည်ငြိမ်ပြီဆိုရင် စာကျက်တာ ခဏလေးနဲ့ မှတ်မိတဲ့အခါကျတော့ အချိန်တွေ အများကြီးထွက်လာတယ် Stress လည်းနည်းတယ်ပေါ့။ ★ နောက်စာကြည့်တဲ့နေရာမှာလည်းပဲ satisfaction ရှိတယ် ကျေနပ်မှုရှိတယ်။ တကယ်လို့ စာကိုစိတ်မ၀င်စားဘဲနဲ့ စာလည်းမကျက်ချင်တော့ဘူးဆိုရင် ကျောင်းသားက stress များနေတယ်။ ဒီကျောင်းသားက အကူအညီလိုနေတာ။ ဆူတာကို မလိုဘူး။ ★ သူ့ကို သွားပြီးတော့ ဆူလိုက်တယ်ဆိုရင် အကူအညီဖြစ်မယ့်အစား counter-productive - တန်ပြန်ဆိုးကျိုး ဖြစ်တယ် ဒါတွေကလည်း ဘုန်းဘုန်းတို့ဘက်က လိုအပ်တဲ့ဟာတွေပေါ့။ ကျောင်းသားတွေကို ပေးတဲ့ အညီအကူထဲမှာ ဒါလေးတွေပါတယ်။ ★ တောင်ပြုန်းတို့သွားတာတော့ ဘုန်းဘုန်း အဲ့ဒီအကြောင်းတရားလည်း မဟောဖူးဘူး။ အဲ့ဒါတော့ မပြောပရစေနဲ့။ အဲ့ဒီအကြောင်းသိပ်မသိဘူး။ စာတွေတော့ ဖတ်ဖူးပါတယ် အင်္ဂလိပ်လိုရေးတာ မြန်မာလိုရေးတာရော ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒါတွေက တခြားဆရာတော်ကြီးတွေ ဟောထားတာလည်းပဲ အရမ်းကို ပြည့်စုံနေပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီးတို့ နောက် ဖားအောက်ဆရာတော်ကြီးတို့ ဟောထားတာတွေ ပြည့်စုံပါတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ 🙏🙏🙏 (ဒေါသကြောင့်အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် Anger makes A Mountain out of a Molehill (၅.၇.၂၀၁၉ ရတနာပုံတက္ကသိုလ်) တရားတော်မှ ရေးသားပူဇော်ပါသည်။)
via အလင်းရောင် ဓမ္မ https://ift.tt/31megYj
Newer Post
Older Post
Home