Saturday, September 14, 2019

#မယုတ်မလွန် ❇❇❇❇❇❇ လူသားတို့သည် မိမိအား အခြားသူများက ဂရုတစိုက်ရှိသည်ကို ခံယူလိုကြ၏။ အခြားသူများ၏ ချစ်ခင်မှုကို လိုချင်နေကြ၏။ သို့သော် ဂရုစိုက်လွန်းသည့်အခါ ကျဉ်းကြပ်လာ သဖြင့် ထိုဂရုစိုက်မှုကို မနှစ်သက်ဘဲ ဖြစ်လာပြန်၏။ အခြားသူများ၏ အချစ်ခံရယူမှုကို အမြဲခံနေရသည့် အခါ လွတ်လပ်မှုမရှိဟု ခံစားလာကြပြန်၏။ အလေးမထားလျင်လည်း တစ်မျိုး၊ အလေးထား လွန်းလျင်လည်း တစ်မျိုး၊ မချစ်လျင်လည်းတစ်မျိုး၊ ချစ်လျင်လည်းတစ်မျိုး အမျိုးမျိုး ဖြစ်နေသည့်လူသား တို့၏ စိတ်သည် အလွန်ထိန်းသိမ်းရန် ခက်လှပေ၏။ ပုထုဇဉ်သဘာဝ လိုချင်ကြသည်မှာ အဆန်းမ ဟုတ်လှပေ။ သို့သော် ပေးသူနှင့်ယူသူ ကြည်ဖြူမှ သာ ချမ်းသာကြ၏။ ပေးလွန်းလျင်လည်း လွန်သွား တတ်ပြီး၊ ယူလွန်းလျင်လည်း လွန်သွားတတ်၏။ အကောင်းဆုံးကား မည်သည့်ကိစ္စမဆို မယုတ်မလွန် အလယ်အလတ် လမ်းစဉ်သည်သာအကောင်းဆုံး ဖြစ်၏။ သတိပြုရန်သာ ဖြစ်ပါ၏။ မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ (ခေတ္တ အင်္ဂလန်)


via အလင်းရောင် ဓမ္မ https://ift.tt/2Nfa4q3