Sunday, July 28, 2019

ဘာအတွက် ပူနေတာလဲ ဘာအတွက် ပူနေတာလဲ .... ဖြစ်မှာစိုးလို့ ပူနေတာလား ။ မ ဖြစ်မှာစိုးလို့ ပူနေတာလား ။ ဖြစ်မှာစိုးလို့ လဲ မပူနဲ့။ မဖြစ်မှာစိုးလို့ လဲ မပူနဲ့။ ပူချင်ရင် အမှန်အတိုင်း မသိမှာပဲပူ " အသိဉာဏ် "ကလွဲလို့ ကျန်တာ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲ မဖြစ်ဖြစ် ပူလောက်အောင် အရေးမကြီးဘူး။ လောကကြီးမှာ " အသိဉာဏ် "က လွဲလို့ ပူလောက်အောင် အရေးကြီးတာ ဘာမှ မရှိဘူး။ လောကကြီးမှာ အသိဉာဏ်က လွဲလို့ ကျန်တာ ဘာတွေပဲ ဖြစ်ဖြစ် ဘာတွေပဲ မဖြစ်ဖြစ် ပြောလောက်အောင် ဘာမှ မထူးဘူး ။ နောက်တစ်ခုရှိတာက ပူနေလဲ .... ဖြစ်စရာ အကြောင်းရှိရင် ဖြစ်မှာပဲ၊ ဖြစ်စရာ အကြောင်းမရှိရင် မဖြစ်ဘူး။ ဖြစ်စရာ အကြောင်းရှိနေရင်တော့ ဘယ်လောက်ပဲ မဖြစ်ချင် မဖြစ်ချင် ဖြစ်မှာပဲ ။ ဖြစ်စရာ အကြောင်း မရှိရင်တော့ ဘယ်လောက်ပဲ ဖြစ်ချင် ဖြစ်ချင် ဖြစ်မှာမဟုတ်ဘူး။ "စိတ်ပူနေခြင်း ... အကြောင်းကြောင့်တော့ ကိုယ့်ဆန္ဒတွေက ပြည့်သွားမှာမဟုတ်ဘူး" ။ တကယ်တော့ .... စိတ်ပူတယ်ဆိုတာ "ဒေါသ" ပါ။ ဒေါသကြောင့် ဘာကောင်းကျိုးမှ မဖြစ်နိုင်ဘူး။ ဆင်းရဲ ရတာပဲရှိမယ်။ ကိုယ် ဖြစ်ချင်နေတဲ့ ချမ်းသာမှုတွေကိုလည်း "အသိဥာဏ် "က ပဲ ပုံဖော်ပေးမယ်။ ကိုယ် မဖြစ်ချင်နေတဲ့ ဆင်းရဲမှုတွေကို "အသိဥာဏ် "ကပဲ တားဆီးပေးမှာပါ။ ဒါကြောင့် ဖြစ်မှာကိုလည်း မပူနဲ့ မဖြစ်မှာကိုလည်း မပူနဲ့ ပူချင်ရင် .... "အသိဥာဏ် " မရှိမှာကိုသာ ပူပါ။ [သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမ]


via အလင်းရောင် ဓမ္မ https://ift.tt/2Yq4fa8