အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 31, 2019
မာနက ထားသင့်တာလား မထားသင့်တာလား? ▬▬▬▬▬▬▬▬▬▬▬▬▬▬ စီးပွားရေးလောကထဲက ကိုယ့်ဒူးကိုယ်ချွန် မာယာ (တ) ဓမ္မအမေးအဖြေ 👩🏻 မေး။ ။ ဘုန်းဘုန်း ဘုရားရှင် တပည့်တော်မ မေးချင်တာလည်း ခုနတုန်းက မာနပေါ့နော်။ မာနက အကုသိုလ်စေတသိက်ထဲမှာ ပါတယ်လို့ တပည့်တော်မ သိထားပါတယ်။ ပြီးတော့ တပည့်တော် ဖတ်ရတဲ့ စာအုပ်တစ်အုပ်မှာကျတော့ ယောက်ျားက တရားအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ် အဲဒီမှာ မိန်းမက ခင်ပွန်းသည်တောင် သောတာပန် ပုဂ္ဂိုလ်ဖြစ်သေးတာ ငါက ဘာလို့ မဖြစ်ရမှာလဲဆိုတဲ့ မာနနဲ့ ကြိုးစားလိုက်တဲ့အခါမှာ သူက ရဟန္တာမထိ ဖြစ်သွားတယ်ပေါ့။ ဒါဆို မာနက ကောင်းတာလား မကောင်းတာလား ထားသင့်တာလား မထားသင့်လား ဘယ်လိုအခြေအနေမျိုးလဲဆိုတာ သိချင်ပါတယ် ဘုရား။ 🕯ဖြေ။ ။ ★ မခံချင်တဲ့စိတ်နဲ့ ကြိုးစားပြီးတော့ ထိပ်တန်းရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ မခံချင်တဲ့စိတ်နဲ့ ကြိုးစားပြီးတော့ စာမေးပွဲအောင်သွားတယ်၊ Ph.D အထိ ရသွားတယ် ကိုယ့် သက်ဆိုင်ရာဘာသာရပ်မှာ ရသွားတယ်။ ★ တကယ်လို့ မခံချင်တဲ့စိတ်က အကျင့်ဖြစ်သွားရင် internalize ဖြစ်သွားရင် character ဖြစ်သွားရင် သူရဟန္တာ မဖြစ်နိုင်တော့ဘူး။ အစပိုင်းမှာပဲ သူတောင် လုပ်နိုင်သေးတာပဲဆိုတဲ့ စိတ် - အဲ့စိတ်က #မာန တစ်ချက် #အားကျတဲ့စိတ်က တစ်ချက် အဲလို ဖြစ်ချင်ဖြစ်လိမ့်မယ်။ ★ အားကျတဲ့စိတ်ဆိုရင်တော့ မာနဖြစ်ချင်မှ ဖြစ်မယ်။ မာန ဖြစ်တာတောင်မှ အဲ့မာနနဲ့ သူက တွန်းလိုက်တာ အဲ့နောက်ပိုင်းမှာ သူ တရားသိသွားတဲ့အခါမှာ #အတ္တနည်းသွားတဲ့အခါမှာ အဲဒီ မာနက မရှိတော့ဘူးလို့ ဘုန်းဘုန်းက ယူဆတယ်။ 🔺 အတ္တနည်းသွားတဲ့အခါမှာ အဲ့မာနက မရှိတော့ဘူးလို့ ဘုန်းဘုန်းက ယူဆတယ်။ မာနရှိနေသေးရင် သူကိုယ်တိုင်လည်း ရဟန္တာမဖြစ်နိုင်ဘူး။ ဟုတ်တယ်မို့လား။ သူကျတော့ မာနနဲ့စတယ် ဒါပေမဲ့ မာနချုပ်ငြိမ်းမှုနဲ့ အဆုံးသတ်တယ်။ ‼️မာနနဲ့ စတဲ့သူတိုင်း အဲဒီလို အဆုံးသတ်နိုင်ဖို့က မသေချာဘူး သမီးရဲ့။ ★ ကရုဏာနဲ့ စတယ်ဆိုရင်တော့ သူတို့ဆုံးတာ သဗ္ဗညုတဉာဏ် ဒုက္ခရော မာနရော အကုန်လုံးဆုံးတဲ့ ပန်းတိုင်ကို ရောက်တယ်။ ဒါကြောင့် မာနကို အမွှန်းတင်တဲ့ စကားတော့ ဘုန်းဘုန်းလည်း သိပ်မကျွမ်းကျင်တော့ မပြောရဲတော့ဘူး။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ 🙏🙏🙏 “စီးပွားရေးလောကထဲက ကိုယ့်ဒူးကိုယ်ချွန် မာယာ (တတိယအချိန်) - The illusion of separateness in the business world (၁၈.၁၂.၂၀၁၈ စီပွားရေးတက္ကသိုလ် ရန်ကုန်)” တရားတော်မှ ရေးသားပူဇော်ပါသည်။ Photo credit Sao Pandava
via အလင်းရောင် ဓမ္မ https://ift.tt/2KdrQWB
Newer Post
Older Post
Home