Thursday, August 1, 2019

မြတ်စွာဘုရားရှင်က ရှင်သာရိပုတ္တရာအား ဤသို့ ဤပုံ မိန်တော်မူခဲ့ဖူးပါသတဲ့… ဗုဒ္ဓ - ချစ်သား သာရိပုတ္တရာ ဟောဟိုက လင်းလွန်ပင် အောက်မှာ ထိုင်နေတဲ့ အမျိုးသားကို သင်သွားပြီး တရားပြ ခြေချွတ် ရင် ရနိုင်မယ်လို့ ထင်ပါသလား။ ရှင်သာရိပုတ္တရာ - ရနိုင် မရနိုင် တပည့်တော် မသိပါဘုရား။ ဗုဒ္ဓ - ချစ်သား သွားရောက် ခြေချွတ်လို့ သူ တရား မရနိုင်ဘူးကွယ့် နောက်ဆုံး ငါဘုရား ကိုယ်တော်တိုင် သွားရောက် ခြေချွတ် တရားပြတာတောင် သူတရားရမှာ မဟုတ်ဘူးကွယ့် သူတရား ရနိုင်ဖို့ ရှင်အနုရုဒ္ဓါကို လွှတ်မှသာ ရလိမ့်မယ်။ လောကမှာ သူဆုတောင်းနဲ့သူ သူဆရာ နဲ့ သူ့ဒကာ သူ့စရိုက်နဲ့ သူ့ကမ္မဌာန်း ရယ်လို့ ရှိကြတယ်ကွယ့် ဘာကြောင့်လဲဆိုရင် လောကမှာ တူရာ တူရာစုကြလို့ပါပဲ ရှင်သာရိပုတ္တရာရဲ့ တပည့်တွေဟာ ရှင်သာရိပုတ္တရာ လိုပဲ ပညာကြီးကြပါသတဲ့။ ထို့အတူ ရှင်မဟာမောဂ္ဂလန်နဲ့ သူ့တပည့်တွေဟာ တန်ခိုးကြီးကြပါတယ်။ ရှင်အနုရုဒ္ဓါနဲ့ သူတပည့်တွေဟာ ဒိဗ္ဗစက္ခု အဘိဥာဏ် အရာအားကြီးကြပါတယ်။ ရှင်မဟာကဿ ဘကြီးနဲ့ သူတပည့်တွေဟာ ဓူတင်နဲ့မွေ့လျော်ကြတယ်။ ငါဘုရားနားလာနေကြ သူတွေဟာလဲ ဘုရားဖြစ်ချင်သူတွေပါတဲ့။ မြတ်စွာဘုရားရှင်က သူ့ရဲ့ နောက်ဆုံးသာဝက ဖြစ်တဲ့ သုဘဒ္ဒ ကိုခြွေချွတ်အပြီးမှာလဲ ဒီလို့မိန္ခဲ့သတဲ့… "ချစ်သားတို့ ငါဘုရားရဲ့ သာဝက ကုန်ပြီကွယ့် ဒါပေမယ့် နှောင်းသာသနာမှာ သူ့ဆရာ သူ့ဒကာတို့ သူ့စရိုက် သူ့ကမ္မဌာန်း နဲ့ အမြောက်အများ ကျွတ်တမ်းဝင်ကြလိမ့်မယ်" ကျွန်တော်ဖတ်ဖူးတဲ့ ဆရာမြသန်းစံရဲ့ စာအုပ်ခေါင်းစဉ် တစ်ခုမှာ "ဓလေ့တူတို့ အတွေ့တူ၍ အတွေ့ထူးကို အတူတွေ့" ပါသတဲ့။ မှန်ပါတယ် လောကရှိသတ္တဝါ တို့သည် အတိတ်ဆုတောင်းတို့ တူကြသည့်အတွက် ပစ္စုပ္ပန် အကျိုးပေးကံတို့ တူကြရပါတယ်။ ထို့ကြောင့်တူရာ တူရာ စုမိကြပါသည်။ တူရာ တူရာ ကျွတ်တမ်းဝင်ကြပါသည်။ (ဆရာ့အာဘော်အားဦးညွတ်လျက်) crdt - AKK ပြန်​လည်​မျှ​ဝေပါသည် Aung Nain


via အလင်းရောင် ဓမ္မ https://ift.tt/2yu9on7