အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 2, 2019
ငြုပ်သီးနဲ့ပေါင်းမိတဲ့ကြက်သွန်လို ====================== Facebook.စာမျက်နှာပေါ်မှာ မိမိဘာသာတရား အပေါ်ယုံကြည်မှုနည်းသော၊ ဘာသာတရားနဲ့အလှမ်း ဝေးနေကြသော၊ တမလွန်မျက်လုံးကန်းနေကြသော၊ "အသောက သန်းထိုက်အောင်(မုံရွာ)"အပါအဝင် အချို့သောသူများသည် ထိုထိုဆရာတော်ကြီးများအား ပြစ်မှားပြောဆိုနေကြတယ်။ ထိုသို့သောသူများအ အတွက် "သေရိဏီပေတဝတ္ထု"ဖြင့် အသိတရား သတိတရားပေးလိုပါတယ်။ ဘုရားမြတ်စွာလက်ထက်တော်အခါက ကုရုတိုင်း ဟတ္ထီနီမြို့မှာ ပြည့်တန်ဆာလုပ်၍ အသက်မွေးဝမ်း ကြောင်းပြုသော အမျိုးသမီးလေးတစ်ဦးရှိခဲ့တယ်။ သူမ နာမည်က"သေရိဏီ"ပါ။ တစ်နေ့မှာ ရဟန်း၊သံ ဃာတော်များအား ဥပါသကာများက ပင့်ဖိတ်၍ဆွမ်း ကပ်ရန်အလို့ငှါ မြို့တွင်းသို့ လှည့်၍ ဆန် ဆီ ဆား ငြုပ် ကြက်သွန်-စသည် လှူဖွယ်ဝတ္ထုများ အလှူခံ ထွက်ကြတယ်။ သဒ္ဓါတရားရှိသော မြို့သူမြို့သား များကလည်း အားပါးတရ လှူဒါန်ကြတယ်။ ဒီလိုနဲ့ ဥပါသကာများဟာ ပြည့်တန်ဆာမလေး အိမ် ရှေ့ရောက်သွားတယ်။ ဥပါသကာများက နိဗ္ဗာန် ဆော်ကြတယ်"မနက်ဖြန် သံဃာ့ဒါနပြုမည်ဖြစ်ပါ၍ ဆန် ဆီ ဆား စသည်လှူဒါန်ဖွယ်ရာများ အလှူခံပါ တယ် ခင်ဗျာ...."လို့ အော်ကြတယ်။ သဒ္ဓါတရားမရှိ၊ ရတနာသုံးပါးအပေါ် မယုံကြည် သော ပြည့်တန်ဆာမလေး"သေရိဏီ"က သူမအိမ် ထဲမှထွက်၍ ဥပါသကာများအား" ဒီမယ် ဦးကြီးတို့ ဂတုံးရဟန်းတွေကို လှူလို့ဘာအကျိုးရှိမှာလဲ"လို့ ဥပါသကာများအား ပြောဆိုလွှတ်လိုက်တယ်။ ထိုပြည့်တန်ဆာမလေး သေလွန်တော့ ရဟန်း၊သံဃာ များအား ဆော်ကားပြောဆိုခဲ့သော"နှုတ်ထွက်စကား ကြမ်း"ကြောင့် မြို့အစွန်အဖျား မြောင်းကြီးတစ်ခုနားမှာ ပြိတ္တာမလေးဖြစ်ရရှာတယ်။ ထိုပြိတ္တာမသည် အဝတ်မရှိ၊ ကြောက်မက်ဖွယ်ကိုယ် ခန္ဓာကြီးဖြင့် ဆင်းရဲဒုက္ခများစွာကို ခံစားနေရရှာ တယ်။ ရေဆာ၍ မြောင်းထဲဆင်း ရေသောက်သော အခါ ရေများဟာ အလိုလိုပျောက်ကွယ်ကုန်ကြတယ် နေပူသဖြင့် အရိပ်ရှိရာသွားသော်ဘည်း အရိပ်ဟာ အလိုလိုပျောက်ကွယ်သွားကြတယ်။ ပူလောင်သဖြင့် လေညှင်းခံသော်လည် လေဟာ ကီးကဲ့သို့ အလွန်ပူ လောင်သော လေတို့ ထိုပြိတ္တာမ တိုက်ခက်ခံရရှာ တယ်။ ဒါဘာကြောင့်လဲဆိုရင်"နှုတ်ထွက်ကြမ်းတမ်း စွာ ရဟန်း၊သံဃာများအား ပြစ်မှားဆော်ကားခဲ့သော အကုသိုလ်ကံကြောင့်ပါ" ။ မိမိတို့သည် ဤသေရိဏီပေတဝတ္ထုကို ဓမ္မသံဝေဂ ယူ၍ ထိုထို ထိုထိုဆရာတော်ကြီးများအား ပြစ်မှား ဆော်ကားနေကြသည့် သူများထဲတွင် မိမိမပါအောင် သတိဆောင်၍ နေကြပါလေ။ သို့မဟုတ်လျှင်"ငြုပ် သီးနဲ့ပေါင်းမိတဲ့ ကြက်သွန်လို" အကုသိုလ်ကံက ရောထောင်းခြင်းကို ခံကြရပါလိမ့်မယ်။ ။ မေတ္တာဖြင့်.... အရှင်ခေမိန္ဒ 2/8/2019
via အလင်းရောင် ဓမ္မ https://ift.tt/2YCP29Y
Newer Post
Older Post
Home