Friday, August 2, 2019

💠 ဖြစ်​ ပျက်​ ပဲ ရှိ တယ်​ 💠 ➖➖➖➖➖➖➖➖ ✳. အနိစ္စ ဝတ သင်္ခါရာ ✳. ဥပ္ပဒါ ဝယ ဓမ္မိနာ။ ✳. ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ ✳. တေသံ ဝူပသမော သုခေါ။ ။ သင်္ခါရာ_ သင်္ခါရတရားတို့သည်၊ ဝတ_ စင်စစ် ဧကန် အမှန်အားဖြင့်၊ အနိစ္စာ_ မမြဲကြဘူးတဲ့၊ ဥပ္ပါဒဝယဓမ္မိနော_ ဖြစ်ပြီးတော့ ပျက်သွားခြင်းသဘော ရှိကြပေကုန်၏၊ အဖြစ်နှင့် အပျက်ပဲ ရှိတယ်တဲ့ အဲဒါကို သေချာအောင် ထပ် ဖွင့်တဲ့အနေနဲ့ 🔸ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ_တဲ့၊ 🔹ဥပ္ပဇ္ဇိတွာ_ ဖြစ်ပြီး၍၊ 🔹နိရုဇ္ဈန္တိ_ ချုပ်ပျောက်ကုန်၏ ဆိုတော့လဲ "ဖြစ်ပြီး ပျက်တာ" ပဲ မဟုတ်လား၊ ဒီတော့ မှတ်လိုက်ကြ "အားလုံးဟာ ဖြစ်_ပျက်ပဲ ရှိကြတယ်" ကံ စိတ် ဥတု အဟာရတို့ကြောင့် ဖြစ်ပေါ်လာရတဲ့ ရုပ်တရားများ၊ အာရုံ ဒွါရတို့ကြောင့် ဖြစ်ပေါ်လာရတဲ့ နာမ်တရားများ၊ အဲဒီရုပ်တရားနဲ့ နာမ်တရားတွေဟာ အကြောင်းတရားတွေက ပြုပြင်လို့ ဖြစ်ပေါ်လာရတဲ့ အကျိုးတရားများ ဆိုတော့ "သင်္ခါရတရား" တွေပေါ့ ✴သဗ္ဗေ သင်္ခါရာ အနိစ္စာ✴ 〰〰〰〰〰〰〰 🔸အဲဒီ သင်္ခါရတရားတွေ အားလုံးပဲ မမြဲကြဘူး၊ ဘယ်လိုသဘောရှိလို့လဲ၊ ဘာလို့ မမြဲဘူး ပြောနိုင်သလဲဆိုတော့ "ဥပ္ပါဒ ဝယဓမ္မိနော" တဲ့ ၊ ဖြစ်ပြီးတော့ ပျက်ကုန်တဲ့ သဘောရှိလိုတဲ့ 🔸အဲဒါကို သေချာအောင် ထပ်ပြီး ဖွင့်သေးတယ် "ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ" တဲ့၊ ဖြစ်ပေါ်လာပြီးတော့ ပျောက်ပျက်ကုန်လေ၏_ တဲ့ 🔸ဒါတွေအားလုံးကို ချုံးလိုက်ရင်တော့ "ဖြစ်ပြီး ပျက်ပဲ"၊ အတိုကောက် "ဖြစ်_ပျက်" ပေါ့ ရုပ်နာမ်တွေဟာ (ဥပါဒ်_ဋ္ဌီ_ဘင်) ရှိတယ် မဟုတ်လား၊ အို... ရှိတော့ ရှိတာပေါ့၊ ဒါပေမယ့် "ဋ္ဌီ" ဆိုတာ ခဏလေးပါ၊ မပြောပလောက်ဘူး 🌟စိတ္တယမိုက်မှာလဲ လာတယ်၊ " ဖြစ်လာပြီဆိုကတည်းက ပျက်တော့မယ်လို့ ယိုင်နေပြီ" ဒါ့ကြောင့် ထင်ရှားတာက "ဥပါဒ်နှင့် ဘင်ပဲ"၊ ဘာသာပြန်လျှင် "အဖြစ်နှင့် အပျက်ပဲ" ၊ 🌟အတိုချုပ် "ဖြစ်_ပျက်" ပဲ ရှိတယ်။ [မိုး(၂)နာ_၂၈၈၊၆၁၀] 💠သာယာချမ်း​မြေ့ကြပါ​စေ💠 ✴သစ္စာ


via အလင်းရောင် ဓမ္မ https://ift.tt/2YAeo8n