အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 1, 2019
အကြောင်း အကျိုး •••••••••••••••••• မျှော်လင့်ချက် ကြီးသလောက် စိတ်ပျက်ခြင်း ကြီးရလိမ့်မယ်။ အချစ် ကြီးသလောက် အမျက်ကြီးရလိမ့်မယ်။ အစွဲမကြီးနဲ့။ စွန့်လွှတ်ခြင်းကြီးပါ။ အလိုမကြီးနဲ့။ ကောင်းမှုကုသိုလ် အားကြီးပါ။ ဖြစ်ချင်တဲ့စိတ်ကြောင့် ဖြစ်တာမဟုတ်။ ဖြစ်စေတဲ့ အကြောင်းတရားကို ပြုလုပ်နိုင်မှ ဖြစ်တာ။ ကုသိုလ်က ကောင်းတဲ့ အကျိုးကိုသာ မဖောက်မပြန် ပေးတယ်။ အကုသိုလ်ကလည်း မကောင်းတဲ့ အကျိုးကိုသာ မဖောက်မပြန်ပေးတယ်။ လိုချင်နေရမှာ မဟုတ်။ ရထိုက်အောင် ကောင်းမှုကုသိုလ် ပြုလုပ်ရမယ်။ ရထိုက်ရင် ရတာပါဘဲ။ ဖြစ်ချင်နေရမှာ မဟုတ်။ ဖြစ်ထိုက်အောင် ကောင်းမှုကုသိုလ် ပြုလုပ်ရမယ်။ ဖြစ်ထိုက်ရင် ဖြစ်တာပါဘဲ။ အကျိုးရှိတဲ့ အလုပ်ကို လုပ်ရင် အကျိုးဖြစ်တာပါပဲ။ လိုတာဖြည့်တဲ့ ကောင်းမှု ကုသိုလ်အလုပ်ကို လွတ်လွတ်လပ်လပ် ပြုလုပ်တတ်ဖို့ ကြိုးစား ခြင်းအားဖြင့် လိုအင်ဆန္ဒတွေ ပြည့်ဝလာစေ ဖို့ပါဘဲ။ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ credit : Paral Lel
via အလင်းရောင် ဓမ္မ https://ift.tt/2yqqGl5
Newer Post
Older Post
Home