Tuesday, July 30, 2019

အောင်မြင်ခြင်း ကြီးပွားခြင်းအစွမ်းတန်ခိုး ဣဒ္ဓိပါဒ် (၄) ပါး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗုဒ္ဓမြတ်စွာ ဆုံးမတော်မူတဲ့အတိုင်း မိမိရဲ့ စိတ်ထဲ နှလုံးသားထဲမှာ ကောင်းတဲ့အကောင်း တရားတွေကို တည်ဆောက်ပေးခြင်းဖြင့် မကောင်းတဲ့ အဆိုးတရားတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။ အဲသလို ကြိုးစားဖို့အတွက် ရှိသင့် ရှိထိုက်တဲ့ အရည်အသွေး လေးချက်ကို မှတ်ထားကြပါ။ အဲဒါကို ဘုန်းဘုန်းတို့ စာပေမှာတော့ “ဣဒ္ဓိပါဒ” လို့လည်း ခေါ်တယ်။ “အဓိပတိ” လို့လည်း ခေါ်တယ်။ အဲဒါလေးမျိုးရှိတယ်။ “ဣဒ္ဓိပါဒ”တဲ့။ “ဣဒ္ဓိ” ဆိုတာ အောင်မြင်ခြင်း ကြီးပွားခြင်း အစွမ်းတန်ခိုး။ “ပါဒ” က အကြောင်းတရား။ လောကမှာ တန်ခိုးကြီးတယ် အစွမ်းထက် တယ်ဆိုတာ အဲဒီအစွမ်းထက်ခြင်းရဲ့ အကြောင်းတရား လေးမျိုးရှိလို့။ “အဓိပတိ” ဆိုတာ လွှမ်းမိုး ကြီးစိုးနိုင်တဲ့အရာကို ဆိုလိုတာ။ အဲဒါ ဘာတုံးလို့ဆိုရင် "ဆန္ဒ" ဆန္ဒဆိုတာ ဗမာစကားမှာလည်း ရှိနေတဲ့အတွက်ကြောင့် အားလုံး နားလည်ပြီးသားနော်။ ဆန္ဒကို “လိုချင်တာ” လို့ ပြောရင် လောဘနဲ့ ရောနေမယ်။ ကဲ တရားအားထုတ်ချင်တာနဲ့ ပွဲကြည့်ချင်တာ မတူဘူးနော်။ ပွဲကြည့်ချင်တာက "လောဘ" တရားအားထုတ်ချင်တာက "ဆန္ဒ" ဆန္ဒဆိုတာ ကိုယ်သိမ်းပိုက်ဖို့ မဟုတ်ဘူး။ ဟုတ်ရဲ့လား။ လှူချင်တယ်။ တန်းချင်တယ်။ ကိုယ့်ကျင့်တရားတွေ ထိန်းသိမ်းချင်တယ်။ အဲဒါက ဆန္ဒ။ ပျော်ချင်တယ်။ ပါးချင်တယ်ဆိုတာတွေက "လောဘ" ကိုယ့်အတွက် အာရုံခံစားဖို့ လိုချင်တာတွေက "လောဘ" ဟုတ်ရဲ့လား။ မျက်စိနဲ့ကြည့်ပြီးတော့ အပျော်ကိုရှာတယ်။ နားနဲ့နားထောင်ပြီးတော့လည်း အပျော်ကို ရှာတယ်။ သီချင်းလေးနားထောင်ပြီးတော့ ပျော်တာကို ရှာတယ်နော်။ နှာခေါင်းနဲ့အမွှေးအကြိုင်လေးတွေကို နမ်းရှိုက်ပြီးတော့ ပျော်ရွှင်မှုကို ရှာတယ်။ လျှာနဲ့ ကောင်းတဲ့အရသာလေးတွေကို စားပြီးတော့ ပျော်ရွှင်မှုကိုရှာတယ်။ အဲဒီလိုပျော်ရွှင်မှုကို လိုချင်တဲ့ Desire ကျတော့ “လောဘ”လို့ ခေါ်တယ်။ ဆန္ဒကျတော့ အဲသလိုမဟုတ်ဘူး။ Wish to do လုပ်ချင်တယ်။ အများကောင်းကျိုး ဆောင်ရွက်ချင်တယ်။ ဥပုသ် စောင့်ချင်တယ်။ တရားနာချင်တယ်။ ပညာရှာချင်တယ်။ အတတ်တတ်ချင်တယ်။ ဟုတ်ရဲ့လား။ ပညာတွေ တတ်ချင်တယ်၊ ဒါတွေ ကျတော့ “ဆန္ဒ” လို့ ခေါ်တယ်နော်။ အဲဒီဆန္ဒမရှိပဲ မအောင်မြင်နိုင်ဘူး။ ဆန္ဒတရားသည် မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်တတ်တယ်။ ဟုတ်ရဲ့လား။ ဆန္ဒရှိလာရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူး။ ဖြစ်နိုင်တယ်။ ဖြစ်အောင် လုပ်မယ်။ ဟုတ်ရဲ့လား။ ကဲ ဆန္ဒလေးတွေရှိရုံနဲ့ မပြီးသေးဘူး။ နောက်က တကယ် လက်တွေ့အကောင် အထည်ဖော်ဖို့ လိုတယ်။ တကယ်လုပ်ဖို့ လိုတယ်။ အဲဒါကို “ဝီရိယ”လို့ ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Effort/Energy. အဲဒီ ဝီရိယကလည်းပဲ Effort makes the impossible possible. ဝီရိယသည် မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်တယ်။ ဖြစ်အောင်လုပ်တယ်။ ဟုတ်ရဲ့လား။ ကဲ ဆန္ဒရှိပြီးတော့ နောက်က လုံ့လရှိရမယ်။ ရှိလာတဲ့အခါ စိတ်ဓာတ်ခိုင်မာဖို့လည်း လိုသေးတယ်။ စိတ်ဓာတ် ပျော့ညံ့နေတဲ့ပုဂ္ဂိုလ်ဟာ မအောင်မြင်ဘူးဆိုလို့ရှိရင် လုံ့လ လျှော့သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ Determine ဖြစ်တဲ့ စိတ်ဓာတ်မျိုး ခိုင်မာတဲ့ စိတ်ဓာတ်မျိုး ရှိဖို့ လိုသေးတယ်။ အဲဒါကြောင့်မို့လို့ Mind makes the impossible possbile. Mind ကလည်း အင်မတန် လိုသေးတယ်။ မဖြစ်သေးတာကို ဖြစ်အောင် လုပ်နိုင်တယ်။ နောက်တစ်ခုက “ဝီမံသ” ဝီမံသဆိုတာ အဆင်ခြင်ပညာ။ ဘယ်အရာဖြစ်ဖြစ် ဘာလုပ်သင့်တယ်။ မလုပ်သင့်ဘူး ခွဲခြားသိတယ်။ လုပ်သင့်တာကိုလည်းပဲ ဘယ်လိုလုပ်သင့် တယ်ဆိုတာကို သိတယ်။ အဲဒါမျိုးကို "ဝီမံသ" အရာရာမှာ စူးစမ်းဆင်ခြင်ပြီး လုပ်တာကို “ဝီမံသ” လို့ ခေါ်တယ်။ အဲဒီ ဝီမံသဆိုတဲ့ စူးစမ်းဆင်ခြင်ပညာသည် မဖြစ်သေးတာကို ဖြစ်အောင် လုပ်နိုင်တယ် နော်။ အဲဒီလေးချက်ဟာ အင်မတန်မှ အရေးကြီးတယ်။ နံပါတ် ၁ က ဘာတုန်းဆိုတော့ "ဆန္ဒ" နံပါတ် ၂ က "ဝီရိယ" နံပါတ် ၃ က "စိတ်ဓာတ်" နံပါတ် ၄ က "ပညာ" အဲဒီလေးချက် ပေါင်းစပ်မိသွားလို့ရှိရင် ဘဝမှာ ဘာဖြစ်ချင်သလဲ။ ဖြစ်ချင်တာတွေ အကုန်လုံး ဖြစ်နိုင်တာတွေ အကုန်ဖြစ်တယ်။ ဒါကို “ဣဒ္ဓိပါဒ်လေးပါး” လို့ ခေါ်ပါတယ်။ အဲဒီဣဒ္ဓိပါဒ်လေးပါးကို မိမိတို့ရဲ့ သန္တာန်မှာ ရင့်ကျက်လာအောင် စွမ်းဆောင်ပြီးတော့ ကြိုးစားကြမယ်ဆိုလို့ရှိရင် … ဘဝမှာ တိုးတက် အောင်မြင်မှုကို ရမှာ မလွဲဧကန် ဖြစ်ပါတယ်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ အလင်းရောင်ဓမ္မ Via : Paral lel.


via အလင်းရောင် ဓမ္မ https://ift.tt/31618pP