Wednesday, July 31, 2019

"အဘယရာဇကုမာရသုတ္တန်" ================== နာဋပုတ္တနိဂဏ္ဌဆရာကြီးက သူ့တပည့် အဘယမင်း သားကို"ရဟန်းကြီး ဂေါတမဟာ သူတစ်ပါး မနှစ် သက်တဲ့စကားတို့ကို ပြောဆိုပါသလား"လို့ မေးပါ တယ်။ အဘယမင်းသားက "ရဟန်းကြီးဂေါတမဟာ သူတစ်ပါးမနစ်သက်တဲ့စကားတို့ကို ပြောဆိုလေ့မရှိ ပါလို့" သူ့ဆရာ နာဋပုတ္တနိဏ္ဌကို ပြန်ဖြေလိုက်တယ်။ ဒီတော့ နာဋပုတ္တနိဏ္ဌက ဒါဆိုရင် "ရဟန်းကြီးဂေါတမဟာ ဒေဝဒတ်ကို ဘာလို့ အပါယ်ငရဲကိုကျသည့် တိုင်အောင် အပြစ်အမျိုးမျိုးကို ပြောဆိုရတာလဲ" လို့ အဘယမင်းသားကို ပြန်ပြောလိုက်ပါတယ်။ ထိုသို့ သူ့ဆရာကြီးကပြောလိုက်သောအခါမှာ ဘုရားမြတ်စွာထံသွားပြီးတော့ "အရှင်ဂေါတမ အရှင်ဘုရားဟာ သူတစ်ပါးတို့ မနှစ်သက်တဲ့စကား တို့ကို မပြောကြားဘူးလို့လည်းဆိုတယ်၊ ဘာလို့ ဒေဝဒတ်ကို အပြစ်တင်ကဲ့ရဲ့ပြောဆိုတာလဲ"လို့ မေးလျှောက်ပါတယ်။ ဘုရားမြတ်စွာက "မင်းသား၊ ငါဘုရား တထစ်ချ ပြောဆိုလေ့မရှိ၊အခြေနေအရသာ စကားကို ပြောဆိုလေ့ရှိ၏။ ဥပမာ-လေးဘက်သွားစ ကလေးငယ် တစ်ယောက်ဟာ သူ့ပါးစပ်ထဲကို သစ်သားစ ဒါမှမ ဟုတ် ကျောက်ခဲစသည် အန္တရာယ်ဖြစ်စေလောက် သည့် အရာတစ်ခုကို ပါစပ်ထဲထည့်ပြီး မျိုချမည်ကို မြင်တွေ့ရသော်၊ ကလေးရဲ့မိခင်က"ကလေးရဲ့ ချမ်းသာအကျိုးကို လိုလားပြီးတော့ ကလေးပါးစပ် ကို လက်နှစ်ဘက်နဲ့ဖြဲ ကလေးပါးစပ်ထဲက ကလေးကို အန္တရာယ်ဖြစ်စေမည့် ချွန်ထက်သည့် အရာကို အတင်းဆွဲထုတ်တဲ့အခါ ကလေးပါးစပ်မှ သွေးများ ပါ ထွက်ကျချင်ကျမယ်၊ ပါးစပ်ကို ဆွဲဖြဲခံထား ရလို့ ကလေး နာကျင်လို့ နှစ်သက်ချင်မှ နှစ်သက်ပါ လိမ့်မယ်၊ မိခင်းကို မုန်းချင်လည်း မုန်းသွားပါလိမ့် မယ်၊ ဒါပေမယ့် မိခင်းကတော့ ကလေးကိုအန္တာရာယ် မဖြစ်စေချင်လို့ ၊ချမ်းသာစေချင်လို့၊ကလေးရဲ့ ကောင်းကျိုးကို လိုလားပြီးတော့ ဤကဲ့သို့ပြုလုပ် ရခြင်းသည် ကလေးရဲ့ကောင်းကျိုးကို လိုလားလို့ သာဖြစ်ပါတယ် မင်းသား။" ဒီဥပမာလိုပဲ မင်းသား ..... "ငါဘုရားသည်လည်း သတ္တဝါ တစ်ဦး အကျိုးရှိမည်ဆိုလျှင် အကျိုးဖြစ်မည်ဆို လျှင် ၊သူ့အကျိုးကို ရှေ့ရှုပြီး၊ သူမနှစ်သက်သော် လည်း၊မှန်သော-အကျိုးရှိသော စကားကို ပြောရ လိမ့်မယ်"လို့ မိန့်တော်မူပါတယ်။ မင်းသား၊ လောကလူသားတို့ ပြောဆိုနေကြသော စကားသည် (၆)မျိုးရှိပေတယ်။ ၁။ မှန်လည်းမမှန်၊အကျိုးလည်းမရှိ၊သူတစ်ပါး လည်း မနှစ်သက်သော စကား။ ၂။ မှန်တယ်၊ဒါပေမယ့် အကျိုးမရှိဘူး၊ သူတစ်ပါးလည်း မနှစ်သက်တဲ့စကား။ မနစ်သက်တဲ့ စကား။ ၃။ မှန်လည်းမမှန်ဘူး၊ အကျိုးလည်းမရှိဘူး၊ ဒါပေမယ့် သူတစ်ပါးနှစ်သက်တဲ့စကား။ ၄။ မှန်တယ်၊အကျိုးမရှိဘူး၊သူတစ်ပါးကတော့ နှစ်သက်တဲ့ စကား။ (ဤစကား ၄ မျိုးကို ငါဘုရား ဘယ်သောအခါမှ ပြောဆိုလေ့မရှိဘူး၊ မင်းသား။) ၅။ မှန်လည်းမှန်၊အကျိုးလည်းရှိ၊သူတစ်ပါး မနစ် သက်သော စကား။ ၆။ မှန်လည်းမှန်၊အကျိုးလည်းရှိ၊သူတစ်ပါးလည်း နှစ်သက်သော စကား။ ဤစကား ၂ မျိုးကိုသာ အချိန်အခါ၊အခြေအနေအရ ငါဘုရားပြောဆိုလေ့ရှိတယ်၊မင်းသား လို့မိန့် ကြားတော်မူပါတယ်။ အဘယမင်းသားဟာ ဘုရား မြတ်စွာရဲ့ ထိုဟောပြောသောတရားကို အလွန်နှစ် သက်ပြီးတော့ "ဗုဒ္ဓဘာသာဝင် ဥပါသကာအဖြစ် ဘုရားမြတ်စွာထံမှာ ခံယူသွားခဲ့ပါတယ်"။ ဓမ္မမိတ်ဆွေများသည်လည်း.... အထက်ဖော်ပြပါ "အဘယရာဇကုမာရသုတ္တန်" ဒေသနာတော်နှင့်အညီ"လူလောက၊ လူ့ပတ်ဝန်းကျင်ထဲမှာ၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြသည့် အခါ "ကိုယ်ပြောတဲ့ စကားဟာ မှန်တယ်၊သူ့အတွက် အကျိုးရှိတယ်၊ သူတော့နှစ်သက်မှာမဟုတ်တဲ့စကား နှင့် မှန်လည်းမှန်တယ်၊ အကျိုးလည်းရှိတယ်၊ သူ လည်းနှစ်သက်တဲ့စကား။ ဤ စကား ၂ မျိုးကိုသာ ပြောဆိုဆက်ဆံကြမယ်ဆိုရင် ဓမ္မမိတ်ဆွေများသည် ဤ"အဘယရာဇကုမာရသုတ္တန်"ဒေသနာတော်ကို လိုက်နာကျင့်သုံးရာ ရောက်ပါတယ်။ ။ မေတ္တာဖြင့်..... ယထာဘူတခေမိန္ဒ 19/12/2018


via အလင်းရောင် ဓမ္မ https://ift.tt/2K6MsRK