Wednesday, July 31, 2019

*အချစ်ဆုံး အမုန်းနိဂုံး* 💖🔥💖🔥💖🔥💖🔥 🔥လောကကြီးကို နားလည်ဖို့ လိုအပ်တယ်၊ လောကကြီးကို နားမလည်ရင် သံသရာမှာ ပိုပြီး ဆင်းရဲရတယ်။လောကဆိုတာ ဖြစ်တတ် ပျက်တတ်လို့ လောက၊ ဖြစ်လည်း ဖြစ်နေတယ်၊ ပျက်လည်း ပျက်နေတယ်၊ ဖြစ်ပေါ်လာသော ရုပ်နာမ်လောကကြီး၊ မွေးဖွားလာတဲ့ ခန္ဓာကိုယ်ကြီးသည် သေခြင်းသဘောရှိတယ်။ သေခြင်းတရားဟာ မြဲခြင်းတရားရှိပါတယ်။ 💖အိုးဖုတ်သမားသည် ဘယ်လောက်ပင် အိုးတွေကို လှလှပပ ဖုတ်သော်လည်း ကွဲခြင်းသဘောရှိပါတယ်။ ပျက်စီးတတ်သော အရာဝတ္တု သဘောတရားတို့သည် ပျက်စီးခြင်းသာလျှင် အဆုံးရှိတယ်။ ဘယ်လောင်ပင် အိမ်တွေရာတွေ အိမ်ကြီးရာကြီး ဆောက်ပင်ဆောက်ငြားပါသော်လည်း တစ်နေ့နေ့မှာ ပျက်စီးခြင်း သဘောပဲ ရှိပါတယ်။ ဒါကြောင့် ပျိုသမျှဟာ အိုဖို့ပါ။ ပြုံးတာမုန်းဖို့ပဲ ဟုတ်လား။ စာဆိုရှိပါတယ်။ 🔥ပျိုတာဟာအိုဖို့အတွက်အကြောင်းသာလျှင် ဖြစ်တယ်။ ပျိုရင်း အိုရင်း တဖြည်းဖြည်း အိုလာ၊ အိုရာကနေပြီး နာလာရတယ်၊ နာရာကနေပြီးတော့ သေရပြန်တယ်။ ပျိုရာကအို အိုရာကနာ နာရာကသေ အိုသေ နာသေ သေသာသေ၍ အတည်တကျ မရှိကြဘူး ဆိုသည့်အတိုင်း သူတော်ကောင်းကြီးတွေက ဘယ်လောက်ပင် ချောချော၊ဘယ်လောက်ပင် လှလှ၊ ဘယ်လောက်ပင် ဥစ္စာတွေ ရှိငြားသော်လည်း ဒကာ ဒကာမ သူတော်ကောင်းအပေါင်းတို့ ပျိုသမျှဟာ အိုဖို့ပါ၊ ပြုံးတာ မုန်းဖို့ပဲ ဆိုတဲ့အတိုင်း ဘယ်လောက်ပင် ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေရပင်ငြားသော်လည်း အပြီးသတ်တော့ မုန်းရမှာပဲလို့ သိနေတယ်နော။ 💖ဒါကြောင့် ဘယ်လောက်ပင် ချစ်ချစ် အချစ်ကစသော်လည်း အမုန်းမှာအဆုံးသတ်ပါတယ်။ ဘယ်လောက်ပင် ချစ်ပါတယ်၊ ခင်ပါတယ်၊ ကြင်နာပါ တယ်၊ မြတ်နိုးပါတယ်၊ တွယ်တာပါတယ်လို့ လျှာမှာ အရိုးမရှိတိုင်း အမျိုးစုံပြောပင်ပြောငြားသော်လည်းပဲ နောက်ဆုံးဘယ်မှာအဆုံးသတ်တာလဲ? အမုန်းမှာ အဆုံးသတ်ပါတယ်။ 🔥သို့ပေမယ့် ဒီသဘောတရားတွေကို နားမလည်ပါဘဲနဲ့ အဝိဇ္ဇာ တဏှာတရားတွေက ခန္ဓာမှာ ဝင်ပုန်းပြီးတော့ ချယ်လှယ်သမျှ ဘုန်းကြီးတို့ ပရိသတ်များက နားဝင်လေးချိုပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဟုတ်သလို အထင်ကြီးလာခဲ့ရတယ်။ ဟုတ်ရဲ့ လား ?(တင်ပါ့ဘုရား) မှတ်ချက်။ မြောက်ဦးဆရာတော်ဘုရားဟောကြားအပ်သော "အရှုံးထဲမှာ အမြတ်ရှာ "တရားတော်မှ ပြန်လည် မျှဝေ ပူဇော်အပ်ပါသည်။ ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ။ credit : Htin Aung


via အလင်းရောင် ဓမ္မ https://ift.tt/2GB81aE