Thursday, August 1, 2019

မရိုးနိုင်သောအလှ ••••••••••••••••••• လူတိုင်းက လှချင်ကြတယ်။ နေ့စဉ် မှန်ရှေ့မှာ အလှပြင်ကြတယ်။ ပညာအားနည်းသူက ရုပ်လှတာကို မက်တယ်။ ပညာအားကောင်းသူကတော့ ကိုယ်ကျင့်သီလကို ပိုတန်ဖိုးထားတယ်။ တကယ်တော့ ကိုယ့်ရဲ့အလှတရားကို သူတစ်ပါးတွေက ဆုံးဖြတ်တယ်ဆိုတာ သတိမထားမိတတ်ကြဘူး။ ဘယ်တော့မှ မရိုးနိုင်တဲ့ အလှစစ်က "သီလတရား"ပါ။ မဟုတ်တာ မလုပ်ဘူး။ ရိုးသားတယ်။ သစ္စာရှိ တယ်။ မာယာမရှိဘူး။မလိမ်ညာတတ်ဘူး။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် မလုပ်ဘူး။ ကူညီဖို့ ဝန်မလေးဘူး။ ပေးဆပ်ဖို့ မတွန့်တိုဘူး။ ကိုယ်ချင်းစာတရား အကြင်နာတရား ပြည့်ဝတယ်။ ဒီလိုလူတွေကို တွေ့ရရင် မြတ်နိုးစိတ် လေးစားစိတ် ချစ်ခင်ရင်းနှီးစိတ် ကြည်ညိုတဲ့စိတ် ယုံကြည်တဲ့စိတ်တွေ ဖြစ်ရတာ သိပ်ကျေနပ်ဖို့ ကောင်းတယ်။ ဒီလိုလူတွေနဲ့ တွေ့ပြီးရင်း တွေ့ချင်ရင်းပဲ။ ရုပ်ကတော့ ဖြူဖွေး နူးညံ့ လှပ ညို့အားတွေ ပြင်းပါရဲ့။ သီလက မရှိဘူး။လိမ်ညာတတ်တယ်။ မာယာများတယ်။ သစ္စာမရှိဘူး။ မဟုတ်တာ လုပ်တတ်တယ်။ ရိုးသားမှု မရှိဘူး။ ကိုယ့်ကျင့်တရား မကောင်းဘူး။ ကိုယ်ချင်းစာစိတ် အကြင်နာတရား ခေါင်းပါးတယ်။ ဒီလိုလူတွေနဲ့ တွေ့ရရင် ရူပါရုံက ဆွဲဆောင်နိုင်ပေမဲ့ သီလမရှိတော့ လူတွေက သူ့ကိုရှောင်ကြ တယ်။ မတွေ့ချင်ဘူး။ မမြင်ချင်ဘူး။သူ့ကိုတွေ့တာနဲ့ ယုံကြည်စိတ် လေးစားစိတ် မြတ်နိုးစိတ် တန်ဖိုးထားစိတ် ချစ်ခင်ရင်းနှီးစိတ်တွေ ပျောက်ဆုံးသွားတယ်။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ အလှစစ်ဆိုတာ ဘယ်တော့မှ တွေ့ရ မြင်ရ ခင်ရ ချစ်ရတာ မရိုးနိုင်တဲ့ ကိုယ့်ကျင့်တရားဆိုတာ နားလည်ရင် ကိုယ့်ဘဝကို နေ့စဉ် သီလနဲ့အလှပြင်ကြပါလို့ ။ (မစိုးရိမ် အရှင်ဗုဒ္ဓပီယ) via : Paral lel.


via အလင်းရောင် ဓမ္မ https://ift.tt/2YyHBMV