Sunday, July 28, 2019

ဘုန်းဘုန်းများနဲ့စကား​ပြောတတ်​ဖို့ ☺☺☺☺☺☺☺☺ ဦးဇင်းတို့ ဒီ​ခေတ်​ဗုဒ္ဓဘာသာလူငယ်​အများစု​တွေ ခဏခဏ​တွေ့ကြုံ​နေရတဲ့ပြဿနာဟာ " ရဟန်းသံဃာဘုန်းဘုန်းများ သီလရှင်​ဆရာကြီး/ဆရာ​လေးများနဲ့ စကားမ​ပြောတတ်​ကြတာပဲ " တစ်​ချို့မိဘ​တွေဆိုရင်​ ဦးဇင်းကိုမကြာခဏ​လျှောက်​ထားကြတယ်​ ဘာလဲဆို​တော့ "တပည့်​​တော်​သားသမီး​တွေက ဘုန်းဘုန်း​တွေနဲ့စကားမ​ပြောတတ်​ဘူးဘုရား " ဆိုတဲ့စကားပါ ။ ဗုဒ္ဓဘာသာဝင်​​တွေဖြစ်​ပြီး အဲဒီလိုစကား​တွေကြားရတာ အင်​မတန်​ ဝမ်းနည်းမိပါတယ်​ ပြီး​တော့ ဆုံးမသြဝါဒ​ပေးရမယ့်​ ဦးဇင်းတို့ တာဝန်​မ​ကျေသလိုလည်းခံစားရတယ်​ ။ ဒါဟာ တကယ်​တန်းအရမ်းခက်​ခဲတဲ့အရာမဟုတ်​ပါ အ​လေ့အကျင့် နဲ့ ဘာသာ​ရေးလိုက်​စားမှု အားနည်းမှု​ကြောင့်​ပါ ဒါ​ကြောင့်​ ဦးဇင်းက ဒီ​နေ့ " ရဟန်းသံဃာဘုန်းဘုန်းများနဲ့ စကား​ပြောတတ်​ဖို့ "​ဆိုတဲ့ ​ခေါင်းစဉ်​နဲ့​တတ်​စွမ်းသမျှ​ဓမ္မဒါန​ အဖြစ်​​ရေး​ပေးလိုက်​ပါတယ်​ ။ ကဗျာ​လေးနဲ့အရင်​​ပြောပြမယ်​​နော်​ " ထူးတတ်​ ​လျှောက်​တတ်​ ​နေတတ်​ " ••••••••••••••••••••••••••••••••• ❆ ဘုန်းဘုန်း​ခေါ် ဘယ်​လိုထူး ❆ အရှင်​ဘုရားလို့ သာယာထူး။ ​❆ ​လျှောက်​ထားပါဦး ဘုရားတပည့်​​တော်​ ❆ သုံးနှုန်းတတ်​​စေ​နော်​။ ❆ ​မေး​သော်​ မြန်း​သော်​ "ဘူး တယ်​"များ.... ❆ မ​ပြောမိ​အောင်​ သတိထား ❆ "ပါ....အရှင်​ဘုရား"​လျှောက်​တတ်​​စေ ❆ ငြိမ်​ငြိမ်​တိတ်​တိတ်​ ​နေတတ်​​လေ ❆ လက်​ချိုး ​ဆော့​တွေ ပြုမထား ❆ ဆရာ့​ရှေ့နား ​နေတတ်​သား၊ ❆ ဆရာ့​ရှေ့နား ​နေတတ်​သား ​ရွှေသုဝဏ္ဏ(က​လေးကဗျာ ) သားသားမီးမီးတို့ အားလုံးဟာ ဗုဒ္ဓဘာသာဝင်​ပီပီ ရဟန်းသံဃာများနဲ့မကြာခဏ ​တွေ့ကြရ ဆုံကြရ ​နေကြရမှာ ဖြစ်​တယ်​ ။ ဒါ​ကြောင့်​... ​ ရဟန်းသံဃာဘုန်းဘုန်းများနဲ့​ ​ပြောတတ်​ ဆိုတတ်​ ထူးတတ်​ ​နေတတ်​​အောင်​ ဒီယဉ်​​ကျေးမှု ကဗျာ​လေးများကိုလဲ အရကျက်​ပြီး ​လေ့ကျင့်​​ပေးကြရမယ်​ ။ အရင်​ဦးဆုံး ဘုန်းဘုန်း​က​ခေါ်ရင်​ "အရှင်​ဘုရား"လို့ ထူးရမယ်​​နော်​ "ဘုရား"လို့ လွယ်​လွယ်​မထူးပါနဲ့ ။ ဘုန်းဘုန်းများက "သားတို့သမီးတို့ရဲ့နာမည်​ဘယ်​လို​ခေါ်လဲ " လို့​မေးပြီးဆိုရင်​ ပြန်​​လျှောက်​ထားတဲ့အခါမှာ သားသားဆိုရင်​ "ဘုရားတပည့်​​တော်​" နာမည်​"​ ထွန်းထွန်း "ပါဘုရား " လို့​ဖြေရမယ်​ ။ သမီးဆိုရင်​ " ဘုရား တပည့်​​တော်​မ​ရဲ့နာမည်​က စုစုပါဘုရား " လို့​လျှောက်​ထားရမယ်​​နော်​ ။ ဘုန်းဘုန်းများထံ ခွင့်​​တောင်းတဲ့အခါမှာလည်း "ဘုရားတပည့်​​တော်​ သွားပါရ​စေအရှင်​ဘုရား" "ဘုရားတပည့်​​တော်​ ​ရောက်​ပါပြီ အရှင်​ဘုရား" စသည်​ဖြင့်​ "ဘုရားတပည့်​​တော်" လို့ ထည့်​​လျှောက်​တတ်ရမယ်​​နော်​ ။ ဘုန်းဘုန်း​တွေကို​ခေါ်တဲ့အခါမှာလည်း "ဘုန်းဘုန်းဘုရား " လို့​ရှေ့ကထားပြီးသုံးနှုန်းရမယ်​ ။ ဥပမာ =ဘုန်းဘုန်းဘုရား ဆွမ်း​ပေးကြွလို့ရပါပြီဘုရား " ဘုန်းဘုန်းဘုရား ကျန်းမာရဲ့လားဘုရား " ဘုန်းဘုန်းဘုရား မသိတာ​လေး​မေးလို့ရမလားဘုရား " စသည်​ဖြင့်​​မေး​လျှောက်​တတ်​ရမယ်​​နော်​ ဒါမှမဟုတ်​ရင်​ " အရှင်​ဘုရားကျန်းမာရဲ့လားဘုရား " စသည်​ဖြင့်​​လျှောက်​ထားရမယ်​​နော်​ ။ ​မေးတဲ့မြန်းတဲ့အခါမှာလည်း မသိဘူးဘုရား,သိတယ်​ဘုရား၊ မဟုတ်​ဘူးဘုရား​၊ ဟုတ်​တယ်​ဘုရား"ဆိုတဲ့ "ဘူး, တယ်​"လို့ မ​ပြောမိ​စေနဲ့ ။ "မသိပါအရှင်​ဘုရား၊ သိပါအရှင်​ဘုရား၊ မဟုတ်​ပါအရှင်​ဘုရား၊ ဟုတ်​ပါအရှင်​ဘုရား မှန်​ပါအရှင်​ဘုရား" စသည်​ဖြင့်​ ​ပြောတတ်​ရတယ်​ ။ ဒါ​ကြောင့်​ အချုပ်​အ​​နေနဲ့​ပြောရရင်​ ဘယ်​စကားမျိုးမဆို " ပါ "အရှင်​ဘုရား"ထည့်​ပြီး​ ​လျှောက်​လိုက်​ရင်​အားလုံး​ပြေပြစ်​ ​ချော​မွေ့ပါတယ်​။ အကယ်​၍ ဘုန်းဘုန်းကခိုင်းတဲ့အခါမှလည်း "မှန်​ပါဘုရား တပည့်​​တော်​လုပ်​လိုက်​ပါမယ်​ဘုရား"လို့​ရှေ့ကထားပြီး​လျှောက်​ထားရမယ်​ ။ ဘုန်းဘုန်း​တွေနဲ့စကား​ပြောလို့ပြီးသွားတဲ့ အခါမှာလည်း မတ်​တတ်​ကိုတန်း မရပ်​​သေးဘဲ လက်​အုပ်​​လေးချီပြီး​ ​ရှေ့ကိုမျက်​နှာမူပြီး​ ​နောက်​ကို​ခြေ ၃ / ၄/၅ လှမ်း​လောက်​ဆုတ်​ပြီးမှ ထွက်​ခွာ သွားရမယ်​ ။ ဆရာသမား​တွေရဲ့​ရှေ့ အသက်​/ဂုဏ်​ဝါကြီးတဲ့သူ​တွေ​ရှေ့ ငြိမ်​ငြိမ်​သက်​သက်​ တိတ်​တိတ်​ ဆိတ်​ဆိတ်​ ​နေတတ်​ရမယ်​ လက်​ချိုးခြင်း ​ဆော့ခြင်း, လှုပ်​ရှားခြင်း, မပြုမိ​အောင်​ သတိထားပြီး ​နေတတ်​ရမယ်​ ။ ဒီလိုအပြုအမူ/အ​ပြောအဆို​လေး​တွေကို သတိထားပြီး လုပ်​ပါ ​ပြောပါ အ​လေ့အကျင့်​များသွားရင်​ မခက်​​ခဲ​တော့ပါဘူး ။ ဒါဆိုရင်​ ရဟန်းသံဃာ/ကိုရင်​များ/သီလရှင်​ဆရာ​ကြီး ဆရာ​လေးများနဲ့စကား​ပြောတတ်​ ​နေတတ်​/ထိုင်​တတ်​လာမှာပါ ။ ​နောက်​ဆုံးဆု​တောင်းစကားအ​နေနဲ့ ဘုန်းဘုန်းဘုရားရဟန်းသံဃာများနဲ့ စကား​ပြောတတ်​ပြီး ယဉ်​​ကျေးလိမ္မာတဲ့သား​ကောင်းသမီးလိမ္မာများ ဖြစ်​ကြပါ​စေ ။ " ဗုဒ္ဓဘာသာဝင်​များအတွက်​ ပြန်​၍ မျှ​ဝေရှယ်​​ပေးပါ " #မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး) ပြန်​လည်​မျှ​ဝေပူ​ဇော်​ပါသည်​။ © April


via အလင်းရောင် ဓမ္မ https://ift.tt/30XfSqU