အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 8, 2019
သဌေးမဖြစ်ခင် အသုံးအစွဲမကြမ်းနှင့်... မရင်းနီးသေးလျှင် အစအနောက်မသန်နှင့်... အပြောကောင်းနေ၍ လွယ်လွယ် မယုံနှင့်... ခံတွင်းကောင်းတိုင်း ပလုပ် ပလောင်း မစားနှင့်... မိမိက မှန်သည်ဟူ၍ ပြစ်ပြစ် ခါခါ မပြောလိုက်နှင့်... ဆင်းရဲနေ၍ အထင်သေးစကား မပြောနှင့်... ချမ်းသာနေ၍လည်း အထင်ကြီးသည့် စကားမပြောနှင့်... မရှိသည့် ဂုဏ်ကိုလည်း သွားမမြှောက်နှင့်... အစားမှား၍ သေသွားသူလည်း များစွာရှိ၏... စကား မှား၍ ဘဝအခြေအနေ နိမ့်ကျသွားသူလည်း များစွာရှိ၏... ပညာရှိဖြစ်ဖို့အတွက် ပါးစပ်ပေါက်ကို ဦးစွာပြင်ရ၏... မျက်နှာ၌ ကန့်လန့်ပါသော ပါးစပ်ဖြစ်သော်လည်း ပါးစပ်က ပြောသည့် စကား ပါးစပ်က စားသည့်အစာ...ကန့်လန့်မဖြစ်အောင် လိုက်လျှောညီထွေဖြစ်အောင် သတိပြုအပ်၏ ထို့ကြောင့်..... စကားမပြောခင် စဉ်းစားပါ အစား မစားခင် သုံးသပ်ပါ။ မေတ္တာဖြင့် credit #ko khant
via အလင်းရောင် ဓမ္မ https://ift.tt/2MZzUy5
Newer Post
Older Post
Home