Sunday, September 8, 2019

ဆင်းရဲခြင်း အကြောင်းသုံးမျိုး 🚫🚫🚫🚫🚫🚫🚫🚫🚫 ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။ ယင်းတို့မှာ . . . ⚠️ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ⚠️ သူတစ်ပါး၏ဥစ္စာကို လိမ်လည် လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ⚠️ ဣဿဿာ မစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။ ထိုသုံးမျိုးတွင် ... ⚠️ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည် လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင် ဘ၀သို့ ရောက်သေးသည်။သနားတတ်သော သူတစ်ပါး၏ အကူအညီကိုလည်း အနည်းငယ်ရ နိုင်သေးသည်။ ⚠️ သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော် လည်း မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။ ⚠️ ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။ ရှာဖွေလို့ ဘယ်လိုမှမရ သည့်အပြင် လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သောသူများပင် ဣဿာ မစ္ဆရိယသမား များ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊ သနားညှာတာ စိတ်များ အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။ ထိုအကြောင်းကို ဗုဒ္ဓက "သံယုတ်ပါဋ္ဌိတော် မစ္ဆရီသုတ်" ၌ အပြည့်အစုံ ဟောပြထားသည်။ (မေတ္တာရှင်-ရွှေပြည်သာ) ​မေတ္တာရှင်​ . ​ရွှေပြည်​သာ စာ​ပေများ မှ ကူးယူ​ဖော်​ပြပါသည်


via အလင်းရောင် ဓမ္မ https://ift.tt/2zWWDlZ