Sunday, September 8, 2019

မြတ်စွာဘုရားက မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင် … “ ဒီတရား ၅ - မျိုးကို နှလုံးသွင်းပါတဲ့ ” 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 နံပါတ်(၁) ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ မတင့်မတယ် ရွှံစဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ပေးပါတဲ့ … နံပါတ်(၂) ကိုယ်စားတဲ့အစာအာဟာရတွေရဲ့ စက်ဆုပ်ဖွယ်အခြေအနေတွေကို မပြတ်ဆင်ခြင်စဉ်းစားပေးပါတဲ့ … နံပါတ်(၃) လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကို ဆင်ခြင်စဉ်းစားပေးပါတဲ့ … နံပါတ်(၄) သင်္ခါရမှန်သမျှ ဘယ်အရာမှမမြဲဘူးဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်စဉ်းစားပေးပါတဲ့ … နံပါတ်(၅) သေခြင်းနဲ့ပတ်သက်တဲ့ အမှတ်သညာတစ်ခု ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ သံဝေဂ အသိဉာဏ်အမြဲတမ်းဖြစ်အောင် ဆင်ခြင်စဉ်းစားပေးပါလို့ ဟောကြားတော်မူတာဖြစ်တယ်.. ဒီနှလုံးသွင်းတရား ၅ - မျိုးဟာ မကျန်းမာသူတွေအတွက်အထူးလိုအပ်တဲ့ နှလုံးသွင်းတရားကမ္မဋ္ဌာန်း ၅ - ခုပဲ ဖြစ်တယ်လို့ ဒီလိုဆိုလိုတာ.. ခုလိုကမ္မဋ္ဌာန်း ၅ - မျိုးကို နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်.. မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ဟောတုန်းဆိုလို့ရှိရင် ဒီလိုသာ မှန်မှန်ကန်ကန်နှလုံးသွင်းပြီး ဒီတရား ၅ - မျိုး သူ့သန္တာန်မှာ ပြည့်ပြည့်ဝဝကြီးရှိမယ်ဆိုရင် သူဟာ မသေခင်မှာ ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ်လို့ ဟောထားတယ် ။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မေတ္တာဖြင့် ဓမ္မဒါန … 🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


via အလင်းရောင် ဓမ္မ https://ift.tt/2HUgFBP