Monday, July 29, 2019

စီးပွားဥစ္စာ ဘယ်လောက်များများ မလှူရသေးရင် အနှစ်မရှိဘူး။ 👨‍🌾👨‍🌾👨‍🌾👨‍🌾👨‍🌾👨‍🌾👨‍🌾 အသက် ဘယ်လောက်ရှည်ရှည် အကျင့်ပျက်ရင် အနှစ်မရှိဘူး။ ခန္ဓာကိုယ် ဘယ်လောက်လှလှ ဘယ်လောက်ဝဝ ဝိပဿနာဥာဏ် မရသေးရင် အနှစ်မရှိဘူး။ ဘဝကောင်းတစ်ခုကို ရနေတဲ့အချိန်မှာ လက်ရှိအတိုင်းမဆုံးရှုံးရအောင် ထိန်းထားဖို့ တတ်နိုင်လို့ရှိရင် ဒါ့ထက် ပိုမြင့်သွားအောင် လုပ်ဖို့က အရေးကြီးပါတယ်။ ကိုယ်စိတ်နှစ်ပါး၏ လွန်ကျူးမှု ဟူသော အညစ်အကြေးများကို သုတ်သင်ဖို့ သီလကို ကျင့်သုံးရတယ်။ အတွင်းလှိုက်၍ သောင်းကျန်းနေသော စိတ်အညစ်အကြေးများကို ဆေးကြောဖို့ သမထကို ကျင့်သုံးရတယ်။ လွန်ကျူးခြင်း သောင်းကျန်းခြင်းမရှိ တည်ငြိမ်သန့်ရှင်းသောစိတ်ဖြင့် သစ္စာသိဖို့ ဝိပဿနာကို ကျင့်သုံးရတယ်။ ဝိပဿနာ၏ အမြင့်ဆုံးသော ရည်ရွယ်ချက်မှာ မိမိကိုယ်ကို အဆက်မပြတ်လေ့လာခြင်းဖြင့်… မိမိကိုယ်တွင်း စိတ်တွင်းမှာရှိသော အရှိတရား နှင့်အမှန်တရားတို့ကို ကိုယ်တိုင်ထိတွေ့နားလည် ရခြင်းနှင့်မျက်မှောက်ပြုရခြင်းပဲ ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ငြိမ်ငြိမ်လေး ထိုင်ပြီး စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပါဘူး။ ကောင်းကင်မှာပျံသွားတဲ့ ငှက်ပျံလွှားများကဲ့သို့ နှလုံးသားထဲက စိတ် စေတသိတ်တွေဟာ … အလွန်အရှိန်အဟုန်ပြင်းစွာနဲ့ သင်္ခတတရားတို့ ပျက်စီးပြိုကျနေမှု မိမိခန္ဓာရဲ့ ပြောင်းလဲနေမှု တွေကို အမီလိုက်၍ ကြည့်နေခြင်းကို ကမ္မဋ္ဌာန်းလို့ ခေါ်ပါ တယ်။ ဝိပဿနာဆိုတာ ကိုးကွယ်ရာ ဘာသာရေးမျိုး မဟုတ်ပါဘူး။ကျင့်သုံးဖို့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဟန်ချက်မညီသော စိတ်ဓာတ်ကို ဟန်ချက်ညီဖို့နဲ့ … ကိလေသာရောဂါဆိုးတို့ စွဲကပ်နေတဲ့ မကျန်းမမာသောစိတ်ကို ကောင်းစွာ ကျန်းမာစေဖို့ … ဝိပဿနာကျင့်စဉ်ကို လူတိုင်းကျင့်သုံးသင့်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီး 🙏🏻🙏🏻🙏🏻 #Via - Paral Lel


via အလင်းရောင် ဓမ္မ https://ift.tt/2SLqS85