အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 14, 2019
❝ ဒေါသဆိုတဲ့… အလိုမကျမှုကို ဖြေရှင်းနည်း ❞ စိတ်မှာ အနှောက်အယှက်တစ်ခုက ဘာလဲဆိုလို့ရှိရင် … လိုချင်တာရရင် ကျေနပ်နေတယ်၊ လိုချင်တာမရဘူးဆိုရင် ဘာဖြစ်လဲ စိတ်က ဗလောင်ဆူလာတယ်။ ကြည့်လေ၊ ကလေးလေးတွေ။ သူတို့လိုချင်တာကို အဖေအမေဆီက တောင်းလို့မရဘူးဆိုရင် ဘာဖြစ်လဲ၊ စာလည်းကျက်မှာ မဟုတ်ဘူးနော်။ မပေးဘူးဆိုရင် ဘာဖြစ်တုန်း ? စိတ်ကောက်တယ်လို့ ခေါ်တာပေါ့။ အဲဒီ စိတ်ကောက်နေတဲ့အချိန်ဆိုရင် စာကျက်လို့လည်း… ဘာမှ ရမှာ မဟုတ်ဘူးပေါ့။ လူကြီးတွေလည်း ဒီလိုပဲ။ စိတ်ဆိုးနေပြီ၊ စိတ်အလိုမကျ ဖြစ်နေပြီိဆိုလို့ရှိရင်… စဉ်းစားဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာ။ အဲဒါဟာ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ရေတွေဆူပွက်နေတာနဲ့ တူတယ်တဲ့။ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ ဒေါသမီးနဲ့… ဆူပွက်ပြီးတော့နေပြီဆိုလို့ရှိရင် မှတ်ဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာပဲပေါ့။ ဒါကြောင့်မို့လို့… သူ့ကို ဆူပွက်တဲ့ အနေအထားကြီး။ ဗျာပါဒ ဆိုတဲ့… 'မုန်းတီးမှု၊ အလိုမကျမှု'ဆိုတာတွေကို လျှော့ချပေးဖို့လိုအပ်တယ်။ ဘာနဲ့လျှော့ချရမလဲဆိုလို့ရှိရင် ကြည့်။ လူတစ်ယောက်အပေါ်မှာ မုန်းနေပြီ၊ မုန်းတီးတဲ့စိတ်၊ အလိုမကျတာတွေ ဖြစ်နေပြီ ဆိုလို့ရှိရင်… 'ကောင်းကွက်ကိုရှာ၊ မေတ္တာကိုပွား´တဲ့။ လူတိုင်းလူတိုင်းဟာ အဆိုးချည်းပဲ ဘယ်တော့မှ မရှိဘူး။ အကောင်းလည်းရှိတယ်။ မကောင်းတာတွေကို မေ့ထား၊ ကောင်းတာလေးတင် ကွက်ပြီးတော့ကြည်။ အဲဒီလို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက်… ခုနတုန်းက ဆူပွက်နေတဲ့ရေဟာ မီးကိုလျှော့ချလိုက်တဲ့အခါမှာ ပွက်နေရာကနေ တဖြည်းဖြည်းငြိမ်ကျသွားသလိုပဲ။ မီးကို လျှော့လိုက်သလိုပဲ ကိုယ့်ရင်ထဲက အလိုမကျမှုကို ကောင်းတဲ့အာရုံလေးနဲ့ ပြောင်းယူလိုက်တာနဲ့တစ်ပြိုင်နက် ခုနက ဆူပွက်နေတဲ့စိတ်ဟာ တဖြည်းဖြည်းငြိမ်ကျသွားတယ်။ အခု ကောင်းတာကို ရှာမတွေ့တော့ဘူးလို့ဆိုတဲ့ အဆိုးချည်းလို့ … စိတ်ထဲမှာ သတ်မှတ်လို့ရှိရင်လည်း ဘာလုပ်ရမလဲ ? သနားတဲ့စိတ် ထားရမယ်။ ဒါပဲပေါ့။ အဲဒီလို စိတ်ကို ဆူပွက်စေတတ်တဲ့ ဒေါသဆိုတဲ့ အလိုမကျမှုကို ဘာနဲ့ဖြေရှင်းရမတုန်း ဆိုလို့ရှိရင်… ကိုယ့်စိတ်ထဲမှာ ငြိမ်ဝပ်သွားစေနိုင်တဲ့ သူ့ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာကရုဏာတရားတွေနဲ့ပဲ ဖြေရှင်းရမယ်တဲ့ ……။ ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော် (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2leUvSj
Newer Post
Older Post
Home